အင်္ဂလန်တွင် ရွေးချယ်ခံရပြီးနောက် မိုင် ၃၀၀ ခရီးနှင်ကာ ပြန်လာခဲ့ရတဲ့ ဘင်ဝှိုက်

ဘရိုက်တန်နောက်ခံလူဘင်ဝှိုက်ဟာတနင်္ဂနွေနေ့တုန်းကအင်္ဂလန်အသင်းတွင်အံ့ဩသင့်ဖွယ်ပြန်လည်ရွေးချယ်ခြင်းခံရပြီးနောက်အင်္ဂလန်အသင်းနှင့်ပြန်လည်ပူးပေါင်းရန်မိုင်၃၀၀ခရီးနှင်ခဲ့ရကြောင်းသိရပါတယ်။

ဘင်ဝှိုက်ဟာအင်္ဂလန်အသင်းရဲ့ယူရို၂၀၂၀အတွက်အပြီးသတ်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပြီးနောက်မိသားစုနှင့်အတူအပန်းဖြေခရီးသွားရန်စီစဉ်နေခဲ့ပါတယ်။ဗဟိုနောက်ခံလူဟာအက်ဖ်အေကစီစဉ်ပေးထားတဲ့ကားဖြင့်မစ်ဒယ်ဘရော့မှတောင်ပိုင်းသို့မိုင်၃၀၀ခရီးနှင်ကာဘရိုက်တန်သို့ထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမယ့်အင်္ဂလန်နည်းပြဆောက်ဂိတ်ကဒဏ်ရာကြောင့်နုတ်ထွက်သွားတဲ့ထရန်းအလက်ဇန္ဒားအာနိုးနေရာတွင်အစားထိုးရန်အတွက်ဘင်းဝှိုက်ကိုအံ့ဩသင့်ဖွယ်ရွေးချယ်ခဲ့ပါတယ်။

ဘင်းဝှိုက်ဟာအက်ဖ်အေကမိဘများဖြစ်ကြတဲ့ကာရိုးလ်နှင့်ဘာရီတို့ထံသို့ဖုန်းဆက်သွယ်လာပြီးနောက်အကြီးအကျယ်အံ့ဩသင့်ခဲ့ရပါတယ်။

အသက်၂၃နှစ်ရှိဘင်းဝှိုက်ဟာဘရိုက်တန်တွင်အပန်းဖြေခရီးထွက်ရန်စီစဉ်နေစဉ်အတွင်းအင်္ဂလန်ရဲ့ဆင့်ခေါ်မှုခံရမှုကြောင့်မစ်ဒယ်ဘရော့သို့မိုင်၃၀၀ခရီးနှင်ကာထွက်ခွာခဲ့ရပါတယ်။

အသက်၂၃နှစ်ရှိဘင်းဝှိုက်ဟာဩစတြီးယား၊ရိုမေးနီးယားတို့အားအနိုင်ရရှိတဲ့ပွဲများတွင်ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာဩစတြီးယားအားအနိုင်ရရှိတဲ့ပွဲမှာဂိုးစည်းပေါ်မှရှင်းထုတ်မှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာထရန်းအလက်ဇန္ဒားအာနိုးနေရာမှာဂျိမ်းစ်ဝတ်ပရောက်ကိုအစားထိုးမယ်လို့ယူဆခဲ့ရပါတယ်။ဒါကြောင့်လည်းဘင်းဝှိုက်ဟာရိုမေးနီးယားနှင့်ခြေစမ်းပွဲအပြီးမှာနေအိမ်သို့ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာခြေစမ်းပွဲနှစ်ပွဲလုံးတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ခဲ့ရတဲ့တိုင်ရုန်းမင်ကြောင့်နောက်ထပ်ဗဟိုနောက်ခံလူတစ်ဦးရွေးချယ်ရန်ဆုံးဖြတ်ခဲ့တာပါ။

ZawGyi

အဂၤလန္တြင္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ မိုင္ ၃၀၀ ခရီးႏွင္ကာ ျပန္လာခဲ့ရတဲ့ ဘင္ဝႈိက္

ဘ႐ိုက္တန္ေနာက္ခံလူဘင္ဝႈိက္ဟာတနဂၤေႏြေန႔တုန္းကအဂၤလန္အသင္းတြင္အံ့ဩသင့္ဖြယ္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံရၿပီးေနာက္အဂၤလန္အသင္းႏွင့္ျပန္လည္ပူးေပါင္းရန္မိုင္၃၀၀ခရီးႏွင္ခဲ့ရေၾကာင္းသိရပါတယ္။

ဘင္ဝႈိက္ဟာအဂၤလန္အသင္းရဲ႕ယူ႐ို၂၀၂၀အတြက္အၿပီးသတ္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္မိသားစုႏွင့္အတူအပန္းေျဖခရီးသြားရန္စီစဥ္ေနခဲ့ပါတယ္။ဗဟိုေနာက္ခံလူဟာအက္ဖ္ေအကစီစဥ္ေပးထားတဲ့ကားျဖင့္မစ္ဒယ္ဘေရာ့မွေတာင္ပိုင္းသို႔မိုင္၃၀၀ခရီးႏွင္ကာဘ႐ိုက္တန္သို႔ထြက္ခြာသြားခဲ့ပါတယ္။

ဒါေပမယ့္အဂၤလန္နည္းျပေဆာက္ဂိတ္ကဒဏ္ရာေၾကာင့္ႏုတ္ထြက္သြားတဲ့ထရန္းအလက္ဇႏၵားအာႏိုးေနရာတြင္အစားထိုးရန္အတြက္ဘင္းဝႈိက္ကိုအံ့ဩသင့္ဖြယ္ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဘင္းဝႈိက္ဟာအက္ဖ္ေအကမိဘမ်ားျဖစ္ၾကတဲ့ကာ႐ိုးလ္ႏွင့္ဘာရီတို႔ထံသို႔ဖုန္းဆက္သြယ္လာၿပီးေနာက္အႀကီးအက်ယ္အံ့ဩသင့္ခဲ့ရပါတယ္။

အသက္၂၃ႏွစ္ရွိဘင္းဝႈိက္ဟာဘ႐ိုက္တန္တြင္အပန္းေျဖခရီးထြက္ရန္စီစဥ္ေနစဥ္အတြင္းအဂၤလန္ရဲ႕ဆင့္ေခၚမႈခံရမႈေၾကာင့္မစ္ဒယ္ဘေရာ့သို႔မိုင္၃၀၀ခရီးႏွင္ကာထြက္ခြာခဲ့ရပါတယ္။

အသက္၂၃ႏွစ္ရွိဘင္းဝႈိက္ဟာဩစႀတီးယား၊႐ိုေမးနီးယားတို႔အားအႏိုင္ရရွိတဲ့ပြဲမ်ားတြင္ေျခစြမ္းျပကစားႏိုင္ခဲ့သူျဖစ္ပါတယ္။သူဟာဩစႀတီးယားအားအႏိုင္ရရွိတဲ့ပြဲမွာဂိုးစည္းေပၚမွရွင္းထုတ္မႈတစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အဂၤလန္နည္းျပေဆာက္ဂိတ္ဟာထရန္းအလက္ဇႏၵားအာႏိုးေနရာမွာဂ်ိမ္းစ္ဝတ္ပေရာက္ကိုအစားထိုးမယ္လို႔ယူဆခဲ့ရပါတယ္။ဒါေၾကာင့္လည္းဘင္းဝႈိက္ဟာ႐ိုေမးနီးယားႏွင့္ေျခစမ္းပြဲအၿပီးမွာေနအိမ္သို႔ထြက္ခြာသြားခဲ့တာလည္းျဖစ္ပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာေျခစမ္းပြဲႏွစ္ပြဲလုံးတြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ခဲ့ရတဲ့တိုင္႐ုန္းမင္ေၾကာင့္ေနာက္ထပ္ဗဟိုေနာက္ခံလူတစ္ဦးေ႐ြးခ်ယ္ရန္ဆုံးျဖတ္ခဲ့တာပါ။