အင်္ဂလန်နည်းပြရာထူးအတွက် ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ် တံခါးဖွင့်ပေးထား

ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ်ဟာအနာဂတ်တွင်အင်္ဂလန်နည်းပြရာထူးအတွက်တံခါးဖွင့်ပေးလာမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၄၉နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာပြီးခဲ့တဲ့လတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

သူဟာချဲလ်ဆီးကိုပွဲ၁၀၀ကိုင်တွယ်ခဲ့ရာတွင်ပွဲ၆၀နိုင်ပွဲရယူနိုင်ခဲ့ပြီးသရေ ၂၄ပွဲရယူကာရှုံးပွဲ၁၆ပွဲတည်းသာရှိခဲ့ပါတယ်။တူချယ်ဟာလေဗာကူဆင်နည်းပြရာထူးအတွက်ကမ်းလှမ်းခံခဲ့ရပေမဲ့လည်းပယ်ချခဲ့ပြီးလီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းဇာဘီးအလွန်ဆိုကရယူသွားခဲ့ပါတယ်။

ဒါပေမဲ့ယနေ့တွင် ဂျာမန်သတင်းစာ Bild ရဲ့ဖော်ပြလာမှုအရတူချယ်ဟာအနာဂတ်တွင်အင်္ဂလန်နည်းပြရာထူးအတွက်ရယူလာနိုင်မယ့်အခွင့်အရေးရရှိလာပါကရယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

လက်ရှိအင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာနောက်ဆုံးကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲ၆ပွဲဆက်တိုက်နိုင်ပွဲပျောက်နေရာလာမယ့်လကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီဖိအားများနှင့်ကြုံတွေ့နေရပါတယ်။

ဒါပေမဲ့ဆောက်ဂိတ်ဟာလည်းလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မည်သည့်ရလဒ်ကြုံတွေ့လာပါစေ ရာထူးမှနုတ်ထွက်ရန်အစီအစဉ်မရှိဘဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၄ခုနှစ်အထိကိုင်တွယ်သွားရန်စီစဉ်ထားပါတယ်။

တဖက်တွင်တူချယ်ရဲ့ချဲလ်ဆီးနည်းပြရာထူးကိုဆက်ခံတဲ့ဂရေဟမ်ပေါ်တာကဆောက်ဂိတ်အလွန်အင်္ဂလန်နည်းပြရာထူးအတွက်ရေပန်းအစားဆုံးအဖြစ်ဘွတ်ကီဒိုင်များကအလေးပေးထားကြပါတယ်။

ဘရိုက်တန်နည်းပြဟောင်းပေါ်တာဟာချဲလ်ဆီးကိုပထမဆုံးကိုင်တွယ်တဲ့ရက်ဘူးလ်ဆဲလ်ဘတ်နှင့်ပွဲတွင်သရေကျခဲ့ပေမဲ့လည်းခရစ္စတယ်ပဲလေ့စ်၊အေစီမီလန်(နှစ်ကြိမ်)၊ဝုဗ်တို့ကိုအနိုင်ရရှိကာလေးပွဲဆက်တိုက်နိုင်ပွဲရယူပေးထားနိုင်ပါတယ်။

တဖက်တွင်ဆောက်ဂိတ်ဘက်က၂၀၂၄ခုနှစ်အထိအင်္ဂလန်အသင်းကိုကိုင်တွယ်ရန်စီစဉ်ထားပေမဲ့လည်းအက်ဖ်အေဟာကာတာတွင်မျှော်မှန်းထားတဲ့ခြေစွမ်းနှင့်ရလဒ်မမြင်တွေ့ရပါကထုတ်ပယ်သွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

အင်္ဂလန်ဟာကမ္ဘာ့ဖလားအုပ်စု(ခ)တွင်အီရန်၊ဝေးလ်၊အမေရိကန်တို့နှင့်တစ်အုပ်စုကျနေပြီးနိုဝင်ဘာလ၂၁ရက်နေ့တွင်အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။

ZawGyi

အဂၤလန္နည္းျပရာထူးအတြက္ ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္ တံခါးဖြင့္ေပးထား

ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္ဟာအနာဂတ္တြင္အဂၤလန္နည္းျပရာထူးအတြက္တံခါးဖြင့္ေပးလာမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၄၉ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့လတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးကိုပြဲ၁၀၀ကိုင္တြယ္ခဲ့ရာတြင္ပြဲ၆၀ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးသေရ ၂၄ပြဲရယူကာရႈံးပြဲ၁၆ပြဲတည္းသာရွိခဲ့ပါတယ္။တူခ်ယ္ဟာေလဗာကူဆင္နည္းျပရာထူးအတြက္ကမ္းလွမ္းခံခဲ့ရေပမဲ့လည္းပယ္ခ်ခဲ့ၿပီးလီဗာပူးႏွင့္ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားေဟာင္းဇာဘီးအလြန္ဆိုကရယူသြားခဲ့ပါတယ္။

ဒါေပမဲ့ယေန႔တြင္ ဂ်ာမန္သတင္းစာ Bild ရဲ႕ေဖာ္ျပလာမႈအရတူခ်ယ္ဟာအနာဂတ္တြင္အဂၤလန္နည္းျပရာထူးအတြက္ရယူလာႏိုင္မယ့္အခြင့္အေရးရရွိလာပါကရယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

လက္ရွိအဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာေနာက္ဆုံးကစားခဲ့တဲ့ေနးရွင္းလိဂ္ပြဲ၆ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ေနရာလာမယ့္လကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီဖိအားမ်ားႏွင့္ႀကဳံေတြ႕ေနရပါတယ္။

ဒါေပမဲ့ေဆာက္ဂိတ္ဟာလည္းလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္မည္သည့္ရလဒ္ႀကဳံေတြ႕လာပါေစ ရာထူးမွႏုတ္ထြက္ရန္အစီအစဥ္မရွိဘဲ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၄ခုႏွစ္အထိကိုင္တြယ္သြားရန္စီစဥ္ထားပါတယ္။

တဖက္တြင္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးနည္းျပရာထူးကိုဆက္ခံတဲ့ဂေရဟမ္ေပၚတာကေဆာက္ဂိတ္အလြန္အဂၤလန္နည္းျပရာထူးအတြက္ေရပန္းအစားဆုံးအျဖစ္ဘြတ္ကီဒိုင္မ်ားကအေလးေပးထားၾကပါတယ္။

ဘ႐ိုက္တန္နည္းျပေဟာင္းေပၚတာဟာခ်ဲလ္ဆီးကိုပထမဆုံးကိုင္တြယ္တဲ့ရက္ဘူးလ္ဆဲလ္ဘတ္ႏွင့္ပြဲတြင္သေရက်ခဲ့ေပမဲ့လည္းခရစၥတယ္ပဲေလ့စ္၊ေအစီမီလန္(ႏွစ္ႀကိမ္)၊ဝုဗ္တို႔ကိုအႏိုင္ရရွိကာေလးပြဲဆက္တိုက္ႏိုင္ပြဲရယူေပးထားႏိုင္ပါတယ္။

တဖက္တြင္ေဆာက္ဂိတ္ဘက္က၂၀၂၄ခုႏွစ္အထိအဂၤလန္အသင္းကိုကိုင္တြယ္ရန္စီစဥ္ထားေပမဲ့လည္းအက္ဖ္ေအဟာကာတာတြင္ေမွ်ာ္မွန္းထားတဲ့ေျခစြမ္းႏွင့္ရလဒ္မျမင္ေတြ႕ရပါကထုတ္ပယ္သြားႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

အဂၤလန္ဟာကမာၻ႔ဖလားအုပ္စု(ခ)တြင္အီရန္၊ေဝးလ္၊အေမရိကန္တို႔ႏွင့္တစ္အုပ္စုက်ေနၿပီးႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားသြားရပါမယ္။