အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယား လေ့ကျင့်ခန်းစတင်ပြန်ဆင်းနိုင်ပြီ

အင်္ဂလန်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်တဲ့နောက်ဆုံးခြေစမ်းပွဲမှာရိုမေးနီးယားကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါပေမယ့်အင်္ဂလန်အတွက်ပိုပြီးတော့ကောင်းမွန်တဲ့သတင်းကတော့ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားလေ့ကျင့်ခန်းပြန်ဆင်းလာနိုင်တာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာရိုမေးနီးယားအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှခြေစွမ်းကြောင့်ဝေဖန်မှုများနှင့်ရင်ဆိုင်ရပေမယ့်ဟယ်ရီမက်ဂွိုင်းယားပြန်ကစားနိုင်တော့မယ့်အခြေအနေကြောင့်စိတ်အားတက်စရာဖြစ်နေပါတယ်။

ရိုမေးနီးယားနှင့်ခြေစမ်းပွဲစဉ်တွင်ဖေဖော်ဝါရီလကတည်းကပွဲကစားလာနိုင်ခြင်းမရှိတဲ့လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်မှာလည်းပါဝင်ကစားနိုင်ခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာအပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိပေမယ့်လည်းအပေါ့စားလေ့ကျင့်ခန်းများကိုစတင်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာယနေ့မှာဒဏ်ရာကြောင့်နုတ်ထွက်သွားတဲ့ထရန်းအလက်ဇန္ဒားအာနိုးနေရာမှာအစားထိုးမယ့်ကစားသမားကိုရွေးချယ်သွားပါမယ်။လက်ရှိအချိန်တွင်ဆောက်သမ်တန်အလယ်တန်းကစားသမားဂျိမ်းစ်ဝတ်ပရောက်စ်က အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။

ZawGyi

အဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယား ေလ့က်င့္ခန္းစတင္ျပန္ဆင္းႏိုင္ၿပီ

အဂၤလန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္တဲ့ေနာက္ဆုံးေျခစမ္းပြဲမွာ႐ိုေမးနီးယားကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဒါေပမယ့္အဂၤလန္အတြက္ပိုၿပီးေတာ့ေကာင္းမြန္တဲ့သတင္းကေတာ့ဗဟိုေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားေလ့က်င့္ခန္းျပန္ဆင္းလာႏိုင္တာျဖစ္ပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာ႐ိုေမးနီးယားအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွေျခစြမ္းေၾကာင့္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ရေပမယ့္ဟယ္ရီမက္ဂြိဳင္းယားျပန္ကစားႏိုင္ေတာ့မယ့္အေျခအေနေၾကာင့္စိတ္အားတက္စရာျဖစ္ေနပါတယ္။

႐ိုေမးနီးယားႏွင့္ေျခစမ္းပြဲစဥ္တြင္ေဖေဖာ္ဝါရီလကတည္းကပြဲကစားလာႏိုင္ျခင္းမရွိတဲ့လီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္မွာလည္းပါဝင္ကစားႏိုင္ခဲ့ပါတယ္။

မန္ယူအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာအျပည့္အဝေလ့က်င့္ခန္းဆင္းႏိုင္ျခင္းမရွိေပမယ့္လည္းအေပါ့စားေလ့က်င့္ခန္းမ်ားကိုစတင္ျပဳလုပ္ႏိုင္ၿပီျဖစ္ပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာယေန႔မွာဒဏ္ရာေၾကာင့္ႏုတ္ထြက္သြားတဲ့ထရန္းအလက္ဇႏၵားအာႏိုးေနရာမွာအစားထိုးမယ့္ကစားသမားကိုေ႐ြးခ်ယ္သြားပါမယ္။လက္ရွိအခ်ိန္တြင္ေဆာက္သမ္တန္အလယ္တန္းကစားသမားဂ်ိမ္းစ္ဝတ္ပေရာက္စ္က အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။