အင်္ဂလန်နဲ့ယူကရိန်းတို့ရဲ့ယူရိုကွာတားပွဲကို ဂျာမန်ဒိုင်လူကြီး ကြီးကြပ်မည်

ဂျာမန်ဒိုင်လူကြီးဖီးလစ်ဘွိုက်ဟာအင်္ဂလန်အသင်းကသူ့နိုင်ငံကိုယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းအဆင့်မှဖြုတ်ချပြီးရက်အနည်းငယ်အကြာမှာဘဲအင်္ဂလန်-ယူကရိန်းတို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အားကြီးကြပ်ရန်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာအင်္ဂါနေ့တုန်းကဝင်ဘာလေကွင်းမှာစတာလင်း၊ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးနဲ့ဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ယင်းကဲ့သို့အင်္ဂလန်-ယူကရိန်းပွဲအားကြီးကြပ်ရန်ဂျာမန်လူမျိုးဒိုင်လူကြီးအားခန့်အပ်မှုနဲ့ပတ်သက်ပြီးဗြိတိန်မီီဒီယာများကမျှတမှုမရှိတဲ့ဆုံးဖြတ်ချက်များချလာမှာစိုးရိမ်နေကြောင်းရေးသားနေကြပါတယ်။

ဒါပေမယ့်ဖီးလစ်ဘွိုက်ဟာကမ္ဘာ့အကောင်းဆုံးဒိုင်များထဲမှတစ်ဦးဖြစ်ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာဘယ်လ်ဂျီယံကပေါ်တူဂီကိုအနိုင်ရရှိတဲ့ပွဲကိုကိုင်တွယ်ခဲ့သလိုယင်းပွဲမှာအဝါကတ်ငါးကတ်အထိသုံးခဲ့ပါတယ်။

ဒါ့အပြင်သူဟာယူကရိန်းပွဲတစ်ပွဲအားကြီးကြပ်ထားပြီးဖြစ်သလိုနယ်သာလန်ကယူကရိန်းကို၃-၂ဖြင့်အနိုင်ရတဲ့ပွဲအားကိုင်တွယ်ခဲ့တာပါ။

သူဟာချဲလ်ဆီးကမန်စီးတီးကိုအနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်းကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

သူဟာအသက်၂၄နှစ်အရွယ်ကတည်းကဂျာမန်အဆင့်နိမ့်လိဂ်များတွင်ဒိုင်လုပ်လာခဲ့သူဖြစ်ပြီး၂၀၀၁ခုနှစ်တွင်ဘွန်ဒက်စ်လီဂါ၂ဒိုင်ဖြစ်လာခဲ့ကာ၂၀၀၄ခုနှစ်မှာဘွန်ဒက်စ်လီဂါဒိုင်ဖြစ်လာခဲ့ပါတယ်။

သူဟာ၂၀၀၇ခုနှစ်မှစတင်ကာဥရောပပွဲများတွင်ပုံမှန်ကြီးကြပ်လာခဲ့သူဖြစ်ပါတယ်။

သူဟာအဝါကတ်၊အနီကတ်ပြသရန်လက်မရွှံသူအဖြစ်နာမည်ကြီးတဲ့ဒိုင်ဖြစ်ပြီး၂၀၁၄ကမ္ဘာ့ဖလားတုန်းကပွဲ၂ပွဲကြီးကြပ်ခဲ့ရာမှာအဝါကတ်၆ကတ်အထိပြသခဲ့ပါတယ်။

သူဟာ၂၀၁၈ကမ္ဘာ့ဖလားတုန်းကဆားဘီးယားတိုက်စစ်မှူးမီထရိုဗစ်အားဆွစ်ဇာလန်ကစားသမားနှစ်ဦးတို့ကဧရိယာအတွင်းကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက်ပင်နယ်တီမပေးခဲ့ခြင်းအပေါ်ဝေဖန်ခံခဲ့ရဖူးပါတယ်။

သူဟာရှေ့နေတစ်ဦးလည်းဖြစ်ကာဆေးဘက်ဆိုင်ရာဥပဒေဘွဲ့ရထားသူဖြစ်ပါတယ်။

ZawGyi

အဂၤလန္နဲ႔ယူကရိန္းတို႔ရဲ႕ယူ႐ိုကြာတားပြဲကို ဂ်ာမန္ဒိုင္လူႀကီး ႀကီးၾကပ္မည္

ဂ်ာမန္ဒိုင္လူႀကီးဖီးလစ္ဘြိဳက္ဟာအဂၤလန္အသင္းကသူ႔ႏိုင္ငံကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းအဆင့္မွျဖဳတ္ခ်ၿပီးရက္အနည္းငယ္အၾကာမွာဘဲအဂၤလန္-ယူကရိန္းတို႔ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္ပြဲစဥ္အားႀကီးၾကပ္ရန္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာအဂၤါေန႔တုန္းကဝင္ဘာေလကြင္းမွာစတာလင္း၊ဟယ္ရီကိန္းတို႔ရဲ႕သြင္းဂိုးနဲ႔ဂ်ာမနီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိကာကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ယင္းကဲ့သို႔အဂၤလန္-ယူကရိန္းပြဲအားႀကီးၾကပ္ရန္ဂ်ာမန္လူမ်ိဳးဒိုင္လူႀကီးအားခန႔္အပ္မႈနဲ႔ပတ္သက္ၿပီးၿဗိတိန္မီီဒီယာမ်ားကမွ်တမႈမရွိတဲ့ဆုံးျဖတ္ခ်က္မ်ားခ်လာမွာစိုးရိမ္ေနေၾကာင္းေရးသားေနၾကပါတယ္။

ဒါေပမယ့္ဖီးလစ္ဘြိဳက္ဟာကမာၻ႔အေကာင္းဆုံးဒိုင္မ်ားထဲမွတစ္ဦးျဖစ္ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဘယ္လ္ဂ်ီယံကေပၚတူဂီကိုအႏိုင္ရရွိတဲ့ပြဲကိုကိုင္တြယ္ခဲ့သလိုယင္းပြဲမွာအဝါကတ္ငါးကတ္အထိသုံးခဲ့ပါတယ္။

ဒါ့အျပင္သူဟာယူကရိန္းပြဲတစ္ပြဲအားႀကီးၾကပ္ထားၿပီးျဖစ္သလိုနယ္သာလန္ကယူကရိန္းကို၃-၂ျဖင့္အႏိုင္ရတဲ့ပြဲအားကိုင္တြယ္ခဲ့တာပါ။

သူဟာခ်ဲလ္ဆီးကမန္စီးတီးကိုအႏိုင္ရရွိခဲ့တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္းကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။

သူဟာအသက္၂၄ႏွစ္အ႐ြယ္ကတည္းကဂ်ာမန္အဆင့္နိမ့္လိဂ္မ်ားတြင္ဒိုင္လုပ္လာခဲ့သူျဖစ္ၿပီး၂၀၀၁ခုႏွစ္တြင္ဘြန္ဒက္စ္လီဂါ၂ဒိုင္ျဖစ္လာခဲ့ကာ၂၀၀၄ခုႏွစ္မွာဘြန္ဒက္စ္လီဂါဒိုင္ျဖစ္လာခဲ့ပါတယ္။

သူဟာ၂၀၀၇ခုႏွစ္မွစတင္ကာဥေရာပပြဲမ်ားတြင္ပုံမွန္ႀကီးၾကပ္လာခဲ့သူျဖစ္ပါတယ္။

သူဟာအဝါကတ္၊အနီကတ္ျပသရန္လက္မ႐ႊံသူအျဖစ္နာမည္ႀကီးတဲ့ဒိုင္ျဖစ္ၿပီး၂၀၁၄ကမာၻ႔ဖလားတုန္းကပြဲ၂ပြဲႀကီးၾကပ္ခဲ့ရာမွာအဝါကတ္၆ကတ္အထိျပသခဲ့ပါတယ္။

သူဟာ၂၀၁၈ကမာၻ႔ဖလားတုန္းကဆားဘီးယားတိုက္စစ္မႉးမီထ႐ိုဗစ္အားဆြစ္ဇာလန္ကစားသမားႏွစ္ဦးတို႔ကဧရိယာအတြင္းၾကမ္းတမ္းစြာဖ်က္ထုတ္မႈအတြက္ပင္နယ္တီမေပးခဲ့ျခင္းအေပၚေဝဖန္ခံခဲ့ရဖူးပါတယ္။

သူဟာေရွ႕ေနတစ္ဦးလည္းျဖစ္ကာေဆးဘက္ဆိုင္ရာဥပေဒဘြဲ႕ရထားသူျဖစ္ပါတယ္။