အင်္ဂလန်နှင့်ကစားရမယ့် နေရှင်းလိဂ်ပွဲစဉ်ကို ဆန်စီရိုတွင် ကစားသွားမယ့် အီတလီ

အီတလီဟာလာမယ့်စက်တင်ဘာလ၂၃ရက်နေ့တွင်အင်္ဂလန်ကိုဧည့်ခံကစားရမယ့်ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်အားမီလန်ရှိဆန်စီရိုကွင်းတွင်ကစားသွားပါမယ်။

၁၉၃၉ခုနှစ်ကတည်းကမီလန်နှင့်အင်တာတို့ရဲ့အိမ်ကွင်းအဖြစ်အသုံးပြုလာခဲ့တဲ့ဆန်စီရိုကွင်းတွင်အင်္ဂလန်အသင်းတစ်ကြိမ်မျှမကစားခဲ့ဖူးပါတယ်။လာမယ့်ပွဲစဉ်ကအင်္ဂလန်အတွက်ပထမဆုံးဆန်စီရိုကွင်းတွင်ကစားမှုဖြစ်လာပါမယ်။

အီတလီနှင့်အင်္ဂလန်တို့နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တာယူရို၂၀၂၀ဗိုလ်လုပွဲတုန်းကဖြစ်ပြီးအီတလီကပင်နယ်တီဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဝင်ဘာလေတွင်ကစားတဲ့ယင်းပွဲစဉ်တွင်အင်္ဂလန်ပရိသတ်များစွာတို့လက်မှတ်မပါဘဲအတင်းဝင်ရောက်မှုဖြစ်ခဲ့ပါတယ်။

အင်္ဂလန်ဟာအထက်ပါဖြစ်ရပ်အတွက်အရေးယူခံရတဲ့အနေဖြင့်ဇွန်လ၁၁ရက်နေ့Molineux တွင်ကစားရမယ့်အီတလီနှင့်ပွဲစဉ်ကိုပရိသတ်မပါဘဲကစားသွားရပါမယ်။

အင်္ဂလန်ဟာဇွန်လအတွင်းတွင်ဟန်ဂေရီနှင့်နှစ်ကြိမ်၊ဂျာမနီ၊အီတလီတို့နှင့်တစ်ပွဲစီ နေးရှင်းလိဂ်ပွဲလေးပွဲကစားသွားရပါမယ်။

ZawGyi

အဂၤလန္ႏွင့္ကစားရမယ့္ ေနရွင္းလိဂ္ပြဲစဥ္ကို ဆန္စီ႐ိုတြင္ ကစားသြားမယ့္ အီတလီ

အီတလီဟာလာမယ့္စက္တင္ဘာလ၂၃ရက္ေန႔တြင္အဂၤလန္ကိုဧည့္ခံကစားရမယ့္ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲစဥ္အားမီလန္ရွိဆန္စီ႐ိုကြင္းတြင္ကစားသြားပါမယ္။

၁၉၃၉ခုႏွစ္ကတည္းကမီလန္ႏွင့္အင္တာတို႔ရဲ႕အိမ္ကြင္းအျဖစ္အသုံးျပဳလာခဲ့တဲ့ဆန္စီ႐ိုကြင္းတြင္အဂၤလန္အသင္းတစ္ႀကိမ္မွ်မကစားခဲ့ဖူးပါတယ္။လာမယ့္ပြဲစဥ္ကအဂၤလန္အတြက္ပထမဆုံးဆန္စီ႐ိုကြင္းတြင္ကစားမႈျဖစ္လာပါမယ္။

အီတလီႏွင့္အဂၤလန္တို႔ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံခဲ့တာယူ႐ို၂၀၂၀ဗိုလ္လုပြဲတုန္းကျဖစ္ၿပီးအီတလီကပင္နယ္တီျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဝင္ဘာေလတြင္ကစားတဲ့ယင္းပြဲစဥ္တြင္အဂၤလန္ပရိသတ္မ်ားစြာတို႔လက္မွတ္မပါဘဲအတင္းဝင္ေရာက္မႈျဖစ္ခဲ့ပါတယ္။

အဂၤလန္ဟာအထက္ပါျဖစ္ရပ္အတြက္အေရးယူခံရတဲ့အေနျဖင့္ဇြန္လ၁၁ရက္ေန႔Molineux တြင္ကစားရမယ့္အီတလီႏွင့္ပြဲစဥ္ကိုပရိသတ္မပါဘဲကစားသြားရပါမယ္။

အဂၤလန္ဟာဇြန္လအတြင္းတြင္ဟန္ေဂရီႏွင့္ႏွစ္ႀကိမ္၊ဂ်ာမနီ၊အီတလီတို႔ႏွင့္တစ္ပြဲစီ ေနးရွင္းလိဂ္ပြဲေလးပြဲကစားသြားရပါမယ္။