အင်္ဂလန်နှင့်ပွဲတွင် စကော့တလန်ကစားသမားတို့ ဒူးထောက်သွားမည်မဟုတ်

စကော့တလန်ဘောလုံးအဖွဲ့ချုပ်ကလက်ရွေးစင်ကစားသမားများကယူရို၂၀၂၀ပွဲစဉ်များမတိုင်မီဒူးထောက်သွားမည်မဟုတ်ဘဲလူမျိုးရေးခွဲခြားတိုက်ဖျက်ရေးလုပ်ဆောင်မှုအနေဖြင့်မတ်တပ်ရပ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်လိုက်ပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကစကော့တလန်နည်းပြစတိဗ်ကလပ်ခ်ကယူရို၂၀၂၀ပြိုင်ပွဲတွင်ပွဲမကစားမီလူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့အနေဖြင့်ဒူးထောက်/မထောက်ကိုကစားသမားများနှင့်ဆွေးနွေးသွားမယ်လို့ဖွင့်ဟခဲ့ပါတယ်။

ယခုအခါစကော့တလန်ကစားသမားများအကြားတွင်ဆွေးနွေးမှုပြုလုပ်ပြီးနောက်အင်္ဂလန်နှင့်ပွဲအပါအဝင်ယူရိုပွဲစဉ်များမတိုင်မီဒူးထောက်ခြင်းမပြုဘဲမတ်တပ်ရပ်ရန်ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ကတော့ပြီးခဲ့တဲ့ခြေစမ်းပွဲနှစ်ပွဲတွင်ဒူးထောက်စဉ်ပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံရသော်လည်းလာမယ့်ယူရိုပွဲများတွင်ဒူးထောက်သွားမယ်လို့ပြောကြားထားပါတယ်။

အင်္ဂလန်၊စကော့တလန်တို့ရဲ့ယူရိုအုပ်စုတွင်ပြိုင်ဘက်ခရိုအေးရှားအသင်းကလည်းယူရိုပွဲစဉ်များတွင်ဒူးထောက်သွားမှာမဟုတ်ကြောင်းကြေညာထားပါတယ်။

ZawGyi





