အင်္ဂလန်နှင့်ပွဲမှဖြစ်ရပ်ကြောင့် နှစ်ပွဲတံခါးပိတ်ကစားရန်နှင့်ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့ ဟန်ဂေရီ

ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ဟာပရိသတ်များကအင်္ဂလန်စတားများကိုလူမျိုးရေးခွဲခြားတိုက်ခိုက်မှုအတွက်အိမ်ကွင်းနှစ်ပွဲအားတံခါးပိတ်ကစားရန်အရေးယူခြင်းခံခဲ့ရတဲ့အပြင် ပြင်းထန်သောဒဏ်ငွေလည်းပေးဆောင်ရတော့မှာဖြစ်ပါတယ်။

ဖီဖာဟာစက်တင်ဘာလ၂ရက်နေ့တုန်းကဘူဒါပတ်စ်တွင်အင်္ဂလန်ကဟန်ဂေရီအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့မှဖြစ်ရပ်အတွက်ဟန်ဂေရီကိုပေါင်၁၆၀၀၀၀အထိဒဏ်ရိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်အင်္ဂလန်အသင်းမှရာဟမ်းစတာလင်း၊ဘယ်လင်ဂမ်အစရှိတဲ့လူမည်းကစားသမားများဟာဟန်ဂေရီပရိသတ်များရဲ့လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံခဲ့ရပါတယ်။

ဟန်ဂေရီဟာအောက်တိုဘာလ၉ရက်နေ့အယ်ဘေးနီးယားနှင့်ပွဲကိုပရိသတ်မပါဘဲကစားရပါမယ်။ဟန်ဂေရီဟာကျန်တစ်ပွဲကိုဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး၂နှစ်အတွင်းယင်းဖြစ်ရပ်မျိုးထပ်မံကျူးလွန်ပါကယင်းတစ်ပွဲကိုပါထပ်ပေါင်းကျခံရပါမယ်။

ZawGyi

အဂၤလန္ႏွင့္ပြဲမွျဖစ္ရပ္ေၾကာင့္ ႏွစ္ပြဲတံခါးပိတ္ကစားရန္ႏွင့္ဒဏ္႐ိုက္ျခင္းခံခဲ့ရတဲ့ ဟန္ေဂရီ

ဟန္ေဂရီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာပရိသတ္မ်ားကအဂၤလန္စတားမ်ားကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈအတြက္အိမ္ကြင္းႏွစ္ပြဲအားတံခါးပိတ္ကစားရန္အေရးယူျခင္းခံခဲ့ရတဲ့အျပင္ ျပင္းထန္ေသာဒဏ္ေငြလည္းေပးေဆာင္ရေတာ့မွာျဖစ္ပါတယ္။

ဖီဖာဟာစက္တင္ဘာလ၂ရက္ေန႔တုန္းကဘူဒါပတ္စ္တြင္အဂၤလန္ကဟန္ေဂရီအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့မွျဖစ္ရပ္အတြက္ဟန္ေဂရီကိုေပါင္၁၆၀၀၀၀အထိဒဏ္႐ိုက္ခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါပြဲစဥ္တြင္အဂၤလန္အသင္းမွရာဟမ္းစတာလင္း၊ဘယ္လင္ဂမ္အစရွိတဲ့လူမည္းကစားသမားမ်ားဟာဟန္ေဂရီပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံခဲ့ရပါတယ္။

ဟန္ေဂရီဟာေအာက္တိုဘာလ၉ရက္ေန႔အယ္ေဘးနီးယားႏွင့္ပြဲကိုပရိသတ္မပါဘဲကစားရပါမယ္။ဟန္ေဂရီဟာက်န္တစ္ပြဲကိုဆိုင္းငံ့ျပစ္ဒဏ္အျဖစ္ခ်မွတ္ခံခဲ့ရတာျဖစ္ၿပီး၂ႏွစ္အတြင္းယင္းျဖစ္ရပ္မ်ိဳးထပ္မံက်ဴးလြန္ပါကယင္းတစ္ပြဲကိုပါထပ္ေပါင္းက်ခံရပါမယ္။