အင်္ဂလန်နှင့်ယူရို၂၀၂၀ အဖွင့်ပွဲတွင် ခရိုအေးရှားအသင်း ဒူးထောက်သွားမည်မဟုတ်

ခရိုအေးရှားကစားသမားများဟာလာမယ့်တနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာကစားရမယ့်ယူရို၂၀၂၀အဖွင့်ပွဲစဉ်မတိုင်မီဒူးထောက်ကာလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးလုပ်ဆောင်မှုပြုလုပ်သွားမှာမဟုတ်ကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းဟာလူမျိုးရေးခွဲခြားတိုက်ဖျက်မှုလုပ်ဆောင်မှုအနေဖြင့်နိုင်ငံတကာပွဲစဉ်များမတိုင်မီဒူးထောက်လေ့ရှိပါတယ်။အင်္ဂလန်ကစားသမားတို့ဟာဩစတြီးယား၊ရိုမေးနီးယားတို့နှင့်ခြေစမ်းပွဲများမတိုင်မီဒူးထောက်ခဲ့ရာတွင်အင်္ဂလန်ပရိသတ်များရဲ့လှောင်ပြောင်မှုခံခဲ့ရပါတယ်။ဒါပေမယ့်အင်္ဂလန်နည်းပြဆောက်ဂိတ်ကလာမယ့်ယူရို၂၀၂၀ပွဲစဉ်များတွင်လည်းပွဲမတိုင်မီဒူးထောက်သွားမယ်လို့ဆိုထားပါတယ်။

ဒါပေမယ့်၂၀၁၈ကမ္ဘာ့ဖလားဒုတိယဆုရှင်ခရိုအေးရှားအသင်းကတော့ယခုအပတ်အကုန်တွင်ကစားရမယ့်အင်္ဂလန်နှင့်အုပ်စု(ဃ)အဖွင့်ပွဲတွင်အင်္ဂလန်ကစားသမားများကဲ့သို့ဒူးထောက်သွားမည်မဟုတ်ကြောင်းအတည်ပြုသွားပါတယ်။

ခရိုအေးရှားကယင်းသို့ဒူးမထောက်မှုနဲ့ပတ်သက်ပြီးတိတိကျကျရှင်းလင်းမှုပြုလုပ်သွားခြင်းမရှိပေမယ့်ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းထဲတွင်မပါဝင်မှုကြောင့်ဟုဆိုသွားပါတယ်။

ခရိုအေးရှားအသင်းဟာတနင်္ဂနွေနေ့တုန်းကဘယ်လ်ဂျီယံနှင့်ခြေစမ်းပွဲမတိုင်မီတွင်လည်းဘယ်လ်ဂျီယံကစားသမားတို့ကဒူးထောက်မှုပြုလုပ်ရာတွင်လည်းပူးပေါင်းခဲ့ခြင်းမရှိပါဘူး။

ZawGyi

အဂၤလန္ႏွင့္ယူ႐ို၂၀၂၀ အဖြင့္ပြဲတြင္ ခ႐ိုေအးရွားအသင္း ဒူးေထာက္သြားမည္မဟုတ္

ခ႐ိုေအးရွားကစားသမားမ်ားဟာလာမယ့္တနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာကစားရမယ့္ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္မတိုင္မီဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားမႈတိုက္ဖ်က္ေရးလုပ္ေဆာင္မႈျပဳလုပ္သြားမွာမဟုတ္ေၾကာင္းသိရပါတယ္။

အဂၤလန္အသင္းဟာလူမ်ိဳးေရးခြဲျခားတိုက္ဖ်က္မႈလုပ္ေဆာင္မႈအေနျဖင့္ႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီဒူးေထာက္ေလ့ရွိပါတယ္။အဂၤလန္ကစားသမားတို႔ဟာဩစႀတီးယား၊႐ိုေမးနီးယားတို႔ႏွင့္ေျခစမ္းပြဲမ်ားမတိုင္မီဒူးေထာက္ခဲ့ရာတြင္အဂၤလန္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈခံခဲ့ရပါတယ္။ဒါေပမယ့္အဂၤလန္နည္းျပေဆာက္ဂိတ္ကလာမယ့္ယူ႐ို၂၀၂၀ပြဲစဥ္မ်ားတြင္လည္းပြဲမတိုင္မီဒူးေထာက္သြားမယ္လို႔ဆိုထားပါတယ္။

ဒါေပမယ့္၂၀၁၈ကမာၻ႔ဖလားဒုတိယဆုရွင္ခ႐ိုေအးရွားအသင္းကေတာ့ယခုအပတ္အကုန္တြင္ကစားရမယ့္အဂၤလန္ႏွင့္အုပ္စု(ဃ)အဖြင့္ပြဲတြင္အဂၤလန္ကစားသမားမ်ားကဲ့သို႔ဒူးေထာက္သြားမည္မဟုတ္ေၾကာင္းအတည္ျပဳသြားပါတယ္။

ခ႐ိုေအးရွားကယင္းသို႔ဒူးမေထာက္မႈနဲ႔ပတ္သက္ၿပီးတိတိက်က်ရွင္းလင္းမႈျပဳလုပ္သြားျခင္းမရွိေပမယ့္ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းထဲတြင္မပါဝင္မႈေၾကာင့္ဟုဆိုသြားပါတယ္။

ခ႐ိုေအးရွားအသင္းဟာတနဂၤေႏြေန႔တုန္းကဘယ္လ္ဂ်ီယံႏွင့္ေျခစမ္းပြဲမတိုင္မီတြင္လည္းဘယ္လ္ဂ်ီယံကစားသမားတို႔ကဒူးေထာက္မႈျပဳလုပ္ရာတြင္လည္းပူးေပါင္းခဲ့ျခင္းမရွိပါဘူး။