အင်္ဂလန်နှင့်ယူရို ၂၀၂၀ ဗိုလ်လုပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ကိုဗစ်ပြဿနာတက်နေတဲ့ အီတလီအသင်း

အင်္ဂလန်နှင့်ယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီရက်ပိုင်းမျှသာလိုတော့တဲ့အချိန်တွင်အီတလီအသင်းမှမီဒီယာဝန်ထမ်းသုံးဦးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိမှုနဲ့အတူအီတလီအသင်းအတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

အီတလီအသင်းဟာကိုဗစ်ကူးစက်ထားကြောင်းတွေ့ရှိရတဲ့မီဒီယာဝန်ထမ်းသုံးဦးကိုချက်ချင်းပင်ကွာရန်တင်းဝင်ခိုင်းခဲ့ပါတယ်။

ကံကောင်းတာကတော့အီတလီအသင်းမှကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုစစ်ဆေးမှုပြုလုပ်ရာမှာတော့ကိုဗစ်ကူးစက်ထားကြောင်းမတွေ့ရပါဘူး။

အီတလီအသင်းဟာဖလောရင့်ရှိကိုဗာစီယာနိုမှာစခန်းသွင်းလေ့ကျင့်နေတာဖြစ်ပြီးကိုဗစ်တွေ့ရှိကြောင်းတွေ့ရပြီးနောက်လေ့ကျင့်ရေး Camp တစ်ခုလုံးကိုပိတ်ချလိုက်ပါတယ်။

အဆိုပါမီဒီယာဝန်ထမ်းသုံးဦးမှာ အစိုးရပိုင်ရုပ်သံလိုင်းဖြစ်တဲ့ RAI မှဂျာနယ်လစ်တစ်ဦးနှင့်နည်းပညာပိုင်းဝန်ထမ်းနှစ်ဦးတို့ဖြစ်ပါတယ်။

နှစ်ဦးမှာယခုအပတ်အစောပိုင်းတုန်းကဝင်ဘာလေတွင်ကစားတဲ့စပိန်နှင့်ပွဲမတိုင်မီလန်ဒန်တွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ကျန်တစ်ဦးမှာအီတလီရှိလေ့ကျင့်ရေးစခန်းတွင်ကိုဗစ်တွေ့ရှိခဲ့တာပါ။

ဒါပေမယ့်အီတလီအသင်းအတွက်ကိုဗစ်နှင့်ပတ်သက်ပြီးလုံးဝစိုးရိမ်စရာမရှိတာကတော့နည်းပြမန်စီနီနှင့်အီတလီတစ်သင်းလုံးမှာကိုဗစ်ကာကွယ်ဆေးထိုးထားတာဖြစ်ပါတယ်။

အီတလီအသင်းဟာအသင်းမှကစားသမားတစ်ဦးဦး ကိုဗစ်တွေ့ရှိလျှင်တစ်သင်းလုံးကွာရန်တင်းရမယ့်အနေအထားမှာရှိတာကြောင့်အခြားသူများနှင့်ထိတွေ့မရှိအောင်လုပ်ဆောင်နေပါတယ်။

ZawGyi

အဂၤလန္ႏွင့္ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမတိုင္မီ ရက္ပိုင္းအလိုတြင္ ကိုဗစ္ျပႆနာတက္ေနတဲ့ အီတလီအသင္း

အဂၤလန္ႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီရက္ပိုင္းမွ်သာလိုေတာ့တဲ့အခ်ိန္တြင္အီတလီအသင္းမွမီဒီယာဝန္ထမ္းသုံးဦးကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းစစ္ေဆးေတြ႕ရွိမႈနဲ႔အတူအီတလီအသင္းအတြက္စိုးရိမ္စရာျဖစ္ေနပါတယ္။

အီတလီအသင္းဟာကိုဗစ္ကူးစက္ထားေၾကာင္းေတြ႕ရွိရတဲ့မီဒီယာဝန္ထမ္းသုံးဦးကိုခ်က္ခ်င္းပင္ကြာရန္တင္းဝင္ခိုင္းခဲ့ပါတယ္။

ကံေကာင္းတာကေတာ့အီတလီအသင္းမွကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကိုစစ္ေဆးမႈျပဳလုပ္ရာမွာေတာ့ကိုဗစ္ကူးစက္ထားေၾကာင္းမေတြ႕ရပါဘူး။

အီတလီအသင္းဟာဖေလာရင့္ရွိကိုဗာစီယာႏိုမွာစခန္းသြင္းေလ့က်င့္ေနတာျဖစ္ၿပီးကိုဗစ္ေတြ႕ရွိေၾကာင္းေတြ႕ရၿပီးေနာက္ေလ့က်င့္ေရး Camp တစ္ခုလုံးကိုပိတ္ခ်လိုက္ပါတယ္။

အဆိုပါမီဒီယာဝန္ထမ္းသုံးဦးမွာ အစိုးရပိုင္႐ုပ္သံလိုင္းျဖစ္တဲ့ RAI မွဂ်ာနယ္လစ္တစ္ဦးႏွင့္နည္းပညာပိုင္းဝန္ထမ္းႏွစ္ဦးတို႔ျဖစ္ပါတယ္။

ႏွစ္ဦးမွာယခုအပတ္အေစာပိုင္းတုန္းကဝင္ဘာေလတြင္ကစားတဲ့စပိန္ႏွင့္ပြဲမတိုင္မီလန္ဒန္တြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။က်န္တစ္ဦးမွာအီတလီရွိေလ့က်င့္ေရးစခန္းတြင္ကိုဗစ္ေတြ႕ရွိခဲ့တာပါ။

ဒါေပမယ့္အီတလီအသင္းအတြက္ကိုဗစ္ႏွင့္ပတ္သက္ၿပီးလုံးဝစိုးရိမ္စရာမရွိတာကေတာ့နည္းျပမန္စီနီႏွင့္အီတလီတစ္သင္းလုံးမွာကိုဗစ္ကာကြယ္ေဆးထိုးထားတာျဖစ္ပါတယ္။

အီတလီအသင္းဟာအသင္းမွကစားသမားတစ္ဦးဦး ကိုဗစ္ေတြ႕ရွိလွ်င္တစ္သင္းလုံးကြာရန္တင္းရမယ့္အေနအထားမွာရွိတာေၾကာင့္အျခားသူမ်ားႏွင့္ထိေတြ႕မရွိေအာင္လုပ္ေဆာင္ေနပါတယ္။