အင်္ဂလန်နှင့်ဟန်ဂေရီတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ထား
မီထရိုပိုလီတန်ရဲတပ်ဖွဲ့ဟာယနေ့ညတွင်ဝင်ဘာလေကွင်းတွင်အင်္ဂလန်နှင့်ဟန်ဂေရီတို့ရင်ဆိုင်ကစားရမယ့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်လုံခြုံရေးရဲတိုးမြှင့်ချထားကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့လတုန်းကဘူဒါပတ်စ်တွင်ကစားတဲ့ပွဲစဉ်တွင်အင်္ဂလန်ကစားသမားများဟာဟန်ဂေရီပရိသတ်များရဲ့တိုက်ရိုက်လူမျိုးရေးခွဲခြားဆဲဆိုပြောကြားမှုများခံခဲ့ရပါတယ်။ဒါ့အပြင်ယူရို၂၀၂၀ဗိုလ်လုပွဲတွင်လည်းအင်္ဂလိပ်ပရိသတ်ငါးထောင်ကျော်တို့ဟာဝင်ဘာလေကွင်းအတွင်းသို့လုံခြုံရေးဂိတ်များကိုအတင်းကျော်ဖြတ်ကာကွင်းအတွင်းဝင်ရောက်ကြည့်ရှုမှုပြုလုပ်ခဲ့ကြပါတယ်။
ဒါကြောင့်လည်းအက်ဖ်အေဟာယနေ့ညကမ္ဘာ့ဖလားခြေစစ်ပွဲတွင်မလိုလားအပ်တဲ့ပြဿနာဖြစ်လာနိုင်မှုကိုရှောင်ရှားနိုင်ရန်အတွက်လုံခြုံရေးတိုးမြှင့်တိုးမြှင့်ထားပါတယ်။
အက်ဖ်အေဟာယနေ့ညပွဲစဉ်တွင်ဟန်ဂေရီပရိသတ်များကိုလက်မှတ်စောင်ရေ တစ်ထောင်ကျော်မျှသာရောင်းချထားပေမယ့်လည်း လုံခြုံရေးတိုးမြှင့်မှုပြုလုပ်ထားတာဖြစ်ပါတယ်။
မီထရိုပိုလီတန်ရဲတပ်ဖွဲ့ဟာကွင်းပြင်ပတွင်သာမကကွင်းပြင်ပတွင်လည်းလုံခြုံရေးအပြည့်အဝချထားပါမယ်။အင်္ဂလန်ဟာဟန်ဂေရီတွင်ကစားခဲ့တဲ့ပွဲစဉ်တွင်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။အင်္ဂလန်ဟာယနေ့ညပွဲတွင်အနိုင်ရရှိပါကလာမယ့်လကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲတွင်သရေတစ်ပွဲကျရုံဖြင့်ခြေစစ်ပွဲအောင်ပါမယ်။
ZawGyi