အင်္ဂလန်နှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးဂန္ထဝင်ရော်ဂျာဟန့်ကွယ်လွန်

အင်္ဂလန်နှင့်လီဗာပူးဂန္ထဝင်ကစားသမားရော်ဂျာဟန့်ဟာအသက်၈၃နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။ဟန့်ဟာလီဗာပူးတွင်၁၁နှစ်ကြာကစားစဉ်အတွင်း၂၈၅ဂိုးအထိသွင်းယူနိုင်ခဲ့ကာလီဗာပူးသမိုင်းတွင်အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူဟာ၁၉၆၆ကမ္ဘာ့ဖလားချန်ပီယံအင်္ဂလန်အသင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီးယင်းပြိုင်ပွဲတွင်၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဟန့်ဟာအသက်၂၀နှစ်အရွယ်မှာအပျော်တမ်းကလပ်စတော့တန်ဟဲလ်မှရောက်လာပြီးနောက်အန်ဖီးလ်တွင်၁၁နှစ်ခွဲကြာကစားခဲ့သူလည်းဖြစ်ပါတယ်။သူဟာအီယန်စိန့်ဂျွန်နှင့်အတူလီဗာပူးတိုက်စစ်ကိုဦးဆောင်ပြီး၁၉၆၄နှင့်၁၉၆၆ပထမတန်းဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာယခင်တုန်းက၂၈၅ဂိုးဖြင့်လီဗာပူးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေခဲ့ပြီး၁၉၉၂ခုနှစ်တွင်အီရန်ရပ်ရှ်ရဲ့စံချိန်ချိုးခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်သူဟာ၂၄၄ဂိုးဖြင့်လီဗာပူးသမိုင်းတွင်လိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတုန်းဖြစ်ပါတယ်။

ဆာရော်ဂျန်ဟန့်ကွယ်လွယန်သွားမှုနဲ့အတူ၁၉၆၆ကမ္ဘာ့ဖလားချန်ပီယံအင်္ဂလန်အသင်းမှကစားသမားများထဲတွင်ဘော်လ်ဘီချာလ်တန်၊ဂျော့ဖ်ဟတ်ရှ်၊ဂျော့ကိုဟန်တို့သုံးဦးတည်းသာအသက်ရှင်ကျန်ရစ်ပါတော့တယ်။

ZawGyi

အဂၤလန္ႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးဂႏၴဝင္ေရာ္ဂ်ာဟန႔္ကြယ္လြန္

အဂၤလန္ႏွင့္လီဗာပူးဂႏၴဝင္ကစားသမားေရာ္ဂ်ာဟန႔္ဟာအသက္၈၃ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ပါတယ္။ဟန္႔ဟာလီဗာပူးတြင္၁၁ႏွစ္ၾကာကစားစဥ္အတြင္း၂၈၅ဂိုးအထိသြင္းယူႏိုင္ခဲ့ကာလီဗာပူးသမိုင္းတြင္အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူဟာ၁၉၆၆ကမာၻ႔ဖလားခ်န္ပီယံအဂၤလန္အသင္းတြင္ပါဝင္ခဲ့သူျဖစ္ၿပီးယင္းၿပိဳင္ပြဲတြင္၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဟန႔္ဟာအသက္၂၀ႏွစ္အ႐ြယ္မွာအေပ်ာ္တမ္းကလပ္စေတာ့တန္ဟဲလ္မွေရာက္လာၿပီးေနာက္အန္ဖီးလ္တြင္၁၁ႏွစ္ခြဲၾကာကစားခဲ့သူလည္းျဖစ္ပါတယ္။သူဟာအီယန္စိန႔္ဂြၽန္ႏွင့္အတူလီဗာပူးတိုက္စစ္ကိုဦးေဆာင္ၿပီး၁၉၆၄ႏွင့္၁၉၆၆ပထမတန္းဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာယခင္တုန္းက၂၈၅ဂိုးျဖင့္လီဗာပူးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနခဲ့ၿပီး၁၉၉၂ခုႏွစ္တြင္အီရန္ရပ္ရွ္ရဲ႕စံခ်ိန္ခ်ိဳးျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္သူဟာ၂၄၄ဂိုးျဖင့္လီဗာပူးသမိုင္းတြင္လိဂ္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတုန္းျဖစ္ပါတယ္။

ဆာေရာ္ဂ်န္ဟန႔္ကြယ္လြယန္သြားမႈနဲ႔အတူ၁၉၆၆ကမာၻ႔ဖလားခ်န္ပီယံအဂၤလန္အသင္းမွကစားသမားမ်ားထဲတြင္ေဘာ္လ္ဘီခ်ာလ္တန္၊ေဂ်ာ့ဖ္ဟတ္ရွ္၊ေဂ်ာ့ကိုဟန္တို႔သုံးဦးတည္းသာအသက္ရွင္က်န္ရစ္ပါေတာ့တယ္။