အင်္ဂလန်နှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် နိုင်ငံတော်သီချင်းမသီဆိုဘဲ သပိတ်မှောက်ခဲ့ကြတဲ့ အီရန်အသင်း

အီရန်လက်ရွေးစင်အသင်းဟာအင်္ဂလန်နှင့်ရင်ဆိုင်ကစားရတဲ့ကမ္ဘာ့ဖလားအုပ်စု(ခ)အဖွင့်ပွဲစဉ်တွင်နိုင်ငံတော်သီချင်းမသီဆိုဘဲ အီရန်နိုင်ငံအတွင်းလှုပ်ရှားနေတဲ့ဆန္ဒပြသပိတ်မှောက်သူများနှင့်တစ်သားတည်းရှိကြောင်းပြသခဲ့ပါတယ်။

အီရန်နိုင်ငံတွင်စက်တင်ဘာလကတည်းကမတည်မငြိမ်ဖြစ်နေပါတယ်။အသက်၂၂နှစ်ရှိအေမီနီအမည်ရှိကျောင်းသူလေးမှာခေါင်းမြီးမခြုံမှုကြောင့်ဖမ်းဆီးခံရပြီးအချုပ်ခန်းအတွင်းတွင်အသတ်ခံရပြီးနောက်အီရန်နိုင်ငံအတွင်းအမျိုးသမီးအရေးလှုပ်ရှားမှုများဖြစ်ပေါ်နေပါတယ်။

အီရန်အစိုးရဟာလည်းဆန္ဒပြသပိတ်မှောက်သူများကိုအပြင်းအထန်နှိပ်ကွပ်လျက်ရှိပြီးဆန္ဒပြသူရာပေါင်းများစွာသေဆုံးခဲ့ရပြီးဖြစ်သလိုထောင်ပေါင်းများစွာတို့ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။

ဒါကြောင့်လည်းအီရန်အသင်းဟာအင်္ဂလန်ကို၆-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင်နိုင်ငံတော်သီချင်းမသီဆိုဘဲဆန္ဒပြရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

အီရန်အသင်းဟာစက်တင်ဘာလတုန်းကခြေစမ်းပွဲစဉ်များတွင်လည်းနိုင်ငံအသင်းလိုဂိုကိုဖုံးလွှမ်းကာဆန္ဒပြခဲ့ကြပါတယ်။

အီရန်ရဲ့Water Polo အသင်း၊ဘတ်စကက်ဘောအသင်း၊ Beach Football အသင်းတို့ဟာလည်းနိုင်ငံတော်သီချင်းမသီဆိုဘဲဆန္ဒပြခဲ့ကြပြီးဖြစ်ပါတယ်။

ဒါ့အပြင်အီရန်ပရိသတ်များဟာလည်းအင်္ဂလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် “Women,Life,Freedom” ၊”Freedom For Iran” ဆိုတဲ့စာသားပါ အင်္ကျီ၊ ဆိုင်းဘုတ်များကိုင်ခဲ့ကြပါတယ်။

ZawGyi

အဂၤလန္ႏွင့္ ကမာၻ႔ဖလားအဖြင့္ပြဲတြင္ ႏိုင္ငံေတာ္သီခ်င္းမသီဆိုဘဲ သပိတ္ေမွာက္ခဲ့ၾကတဲ့ အီရန္အသင္း

အီရန္လက္ေ႐ြးစင္အသင္းဟာအဂၤလန္ႏွင့္ရင္ဆိုင္ကစားရတဲ့ကမာၻ႔ဖလားအုပ္စု(ခ)အဖြင့္ပြဲစဥ္တြင္ႏိုင္ငံေတာ္သီခ်င္းမသီဆိုဘဲ အီရန္ႏိုင္ငံအတြင္းလႈပ္ရွားေနတဲ့ဆႏၵျပသပိတ္ေမွာက္သူမ်ားႏွင့္တစ္သားတည္းရွိေၾကာင္းျပသခဲ့ပါတယ္။

အီရန္ႏိုင္ငံတြင္စက္တင္ဘာလကတည္းကမတည္မၿငိမ္ျဖစ္ေနပါတယ္။အသက္၂၂ႏွစ္ရွိေအမီနီအမည္ရွိေက်ာင္းသူေလးမွာေခါင္းၿမီးမၿခဳံမႈေၾကာင့္ဖမ္းဆီးခံရၿပီးအခ်ဳပ္ခန္းအတြင္းတြင္အသတ္ခံရၿပီးေနာက္အီရန္ႏိုင္ငံအတြင္းအမ်ိဳးသမီးအေရးလႈပ္ရွားမႈမ်ားျဖစ္ေပၚေနပါတယ္။

အီရန္အစိုးရဟာလည္းဆႏၵျပသပိတ္ေမွာက္သူမ်ားကိုအျပင္းအထန္ႏွိပ္ကြပ္လ်က္ရွိၿပီးဆႏၵျပသူရာေပါင္းမ်ားစြာေသဆုံးခဲ့ရၿပီးျဖစ္သလိုေထာင္ေပါင္းမ်ားစြာတို႔ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရပါတယ္။

ဒါေၾကာင့္လည္းအီရန္အသင္းဟာအဂၤလန္ကို၆-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားအဖြင့္ပြဲစဥ္တြင္ႏိုင္ငံေတာ္သီခ်င္းမသီဆိုဘဲဆႏၵျပရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

အီရန္အသင္းဟာစက္တင္ဘာလတုန္းကေျခစမ္းပြဲစဥ္မ်ားတြင္လည္းႏိုင္ငံအသင္းလိုဂိုကိုဖုံးလႊမ္းကာဆႏၵျပခဲ့ၾကပါတယ္။

အီရန္ရဲ႕Water Polo အသင္း၊ဘတ္စကက္ေဘာအသင္း၊ Beach Football အသင္းတို႔ဟာလည္းႏိုင္ငံေတာ္သီခ်င္းမသီဆိုဘဲဆႏၵျပခဲ့ၾကၿပီးျဖစ္ပါတယ္။

ဒါ့အျပင္အီရန္ပရိသတ္မ်ားဟာလည္းအဂၤလန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ “Women,Life,Freedom” ၊”Freedom For Iran” ဆိုတဲ့စာသားပါ အက်ႌ၊ ဆိုင္းဘုတ္မ်ားကိုင္ခဲ့ၾကပါတယ္။