အင်္ဂလန်နှင့် ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို နည်းပြဆစ်စီကြီးကြပ်နိုင်မည်မဟုတ်၍ ဆီနီဂေါအတွက် ထိုးနှက်ချက်ကြုံလာ

ဆီနီဂေါနည်းပြဆစ်စီဟာနေမကောင်းမှုကြောင့်ဆီနီဂေါအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုဦးဆောင်နိုင်ခြင်းမရှိတဲ့အပြင်ယနေ့ညအင်္ဂလန်နှင့်ရင်ဆိုင်ကစားရမယ့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်းကြီးကြပ်လာနိုင်ဖွယ်မရှိကြောင်းသိရပါတယ်။

အသက်၄၆နှစ်ရှိဆစ်စီဟာနေမကောင်းဖြစ်လာတာရက်အနည်းငယ်ရှိပြီဖြစ်ပြီးဆီနီဂေါရဲ့အင်္ဂလန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့လည်းတက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

သူဟာစနေနေ့တုန်းကဆီနီဂေါရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုလည်းကြီးကြပ်နိုင်ခဲ့ခြင်းမရှိဘဲလက်ထောက်နည်းပြရီဂျစ်ဘိုဂတ်ကဦးဆောင်ခဲ့ရပါတယ်။

ဒါပေမဲ့လက်ထောက်နည်းပြဘိုဂတ်ကတော့ဆစ်စီရဲ့ကျန်းမာရေးအခြေအနေမှာတိုးတက်နေတာကြောင့်အင်္ဂလန်နှင့်ပွဲစဉ်ကိုကြီးကြပ်လာနိုင်မဲ့အခြေအနေမျိုးတွင်ရှိနေကြောင်းအပြုသဘောဆောင်ဆိုသွားပါတယ်။

ဘိုဂတ်က “ဆစ်စီနေမကောင်းဖြစ်နေတယ်။ကိုယ်ပူချိန်အရမ်းမြင့်နေတော့သူ့အခြေအနေကိုအထူးသတိထားနေရတယ်။အခုဆိုဖျားလာတာရက်အနည်းငယ်ရှိပါပြီ။မနေ့ကလေ့ကျင့်ခန်းအစီအစဉ်ကိုကျွန်တော်တို့ ဦးဆောင်ခဲ့ရတယ်။ဒါပေမဲ့သူ့ညွှန်ကြားချက်အတိုင်းပဲကစားသမားတွေကိုလုပ်စေခဲ့တာပါ။ပွဲမှာတော့ကစားသမားတွေကိုသူဦးဆောင်နိုင်ဖို့မျှော်လင့်ရပါတယ်။တကယ်လို့များအင်္ဂလန်ကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ကြီးကျယ်တဲ့အောင်မြင်မှုဖြစ်လာပါမယ်။၂၀၀၂အောင်ပွဲနဲ့နှိုင်းယှဉ်ရင်ဘယ်လောက်အထိအရေးပါလာမလဲမသိပါဘူး”လို့ပြောကြားသွားပါတယ်။

ဆစ်စီဟာလွန်ခဲ့တဲ့နှစ်၂၀တုန်းကဆိုးလ်တွင်ပြင်သစ်အသင်းကိုအနိုင်ရရှိတဲ့ဆီနီဂေါအသင်းတွင်ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

လက်ထောက်နည်းပြဘိုဂတ်မှာလည်းဆီနီဂေါအသင်းကို၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိဦးဆောင်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

အဂၤလန္ႏွင့္ ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကို နည္းျပဆစ္စီႀကီးၾကပ္ႏိုင္မည္မဟုတ္၍ ဆီနီေဂါအတြက္ ထိုးႏွက္ခ်က္ႀကဳံလာ

ဆီနီေဂါနည္းျပဆစ္စီဟာေနမေကာင္းမႈေၾကာင့္ဆီနီေဂါအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကိုဦးေဆာင္ႏိုင္ျခင္းမရွိတဲ့အျပင္ယေန႔ညအဂၤလန္ႏွင့္ရင္ဆိုင္ကစားရမယ့္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုလည္းႀကီးၾကပ္လာႏိုင္ဖြယ္မရွိေၾကာင္းသိရပါတယ္။

အသက္၄၆ႏွစ္ရွိဆစ္စီဟာေနမေကာင္းျဖစ္လာတာရက္အနည္းငယ္ရွိၿပီျဖစ္ၿပီးဆီနီေဂါရဲ႕အဂၤလန္ႏွင့္ပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲသို႔လည္းတက္ေရာက္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

သူဟာစေနေန႔တုန္းကဆီနီေဂါရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကိုလည္းႀကီးၾကပ္ႏိုင္ခဲ့ျခင္းမရွိဘဲလက္ေထာက္နည္းျပရီဂ်စ္ဘိုဂတ္ကဦးေဆာင္ခဲ့ရပါတယ္။

ဒါေပမဲ့လက္ေထာက္နည္းျပဘိုဂတ္ကေတာ့ဆစ္စီရဲ႕က်န္းမာေရးအေျခအေနမွာတိုးတက္ေနတာေၾကာင့္အဂၤလန္ႏွင့္ပြဲစဥ္ကိုႀကီးၾကပ္လာႏိုင္မဲ့အေျခအေနမ်ိဳးတြင္ရွိေနေၾကာင္းအျပဳသေဘာေဆာင္ဆိုသြားပါတယ္။

ဘိုဂတ္က “ဆစ္စီေနမေကာင္းျဖစ္ေနတယ္။ကိုယ္ပူခ်ိန္အရမ္းျမင့္ေနေတာ့သူ႔အေျခအေနကိုအထူးသတိထားေနရတယ္။အခုဆိုဖ်ားလာတာရက္အနည္းငယ္ရွိပါၿပီ။မေန႔ကေလ့က်င့္ခန္းအစီအစဥ္ကိုကြၽန္ေတာ္တို႔ ဦးေဆာင္ခဲ့ရတယ္။ဒါေပမဲ့သူ႔ၫႊန္ၾကားခ်က္အတိုင္းပဲကစားသမားေတြကိုလုပ္ေစခဲ့တာပါ။ပြဲမွာေတာ့ကစားသမားေတြကိုသူဦးေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ရပါတယ္။တကယ္လို႔မ်ားအဂၤလန္ကိုအႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ႀကီးက်ယ္တဲ့ေအာင္ျမင္မႈျဖစ္လာပါမယ္။၂၀၀၂ေအာင္ပြဲနဲ႔ႏႈိင္းယွဥ္ရင္ဘယ္ေလာက္အထိအေရးပါလာမလဲမသိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဆစ္စီဟာလြန္ခဲ့တဲ့ႏွစ္၂၀တုန္းကဆိုးလ္တြင္ျပင္သစ္အသင္းကိုအႏိုင္ရရွိတဲ့ဆီနီေဂါအသင္းတြင္ပါဝင္ကစားခဲ့သူလည္းျဖစ္ပါတယ္။

လက္ေထာက္နည္းျပဘိုဂတ္မွာလည္းဆီနီေဂါအသင္းကို၂၀၁၂ခုႏွစ္မွ၂၀၁၄ခုႏွစ္အထိဦးေဆာင္ကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။