အင်္ဂလန်နှင့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲမတိုင်မီ ပေါင် ၈၇၀၀ ဒဏ်ရိုက်ခြင်းခံလာရတဲ့ ဆီနီဂေါ

ဆီနီဂေါဟာအင်္ဂလန်နှင့်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီဖီဖာရဲ့စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုကြောင့်ပေါင်၈၇၀၀ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

ဆီနီဂေါဟာကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိပြီးအုပ်စုအဆင့်မှတက်ခဲ့ပြီး၁၆သင်းရှုံးထွက်အဆင့်တွင်အင်္ဂလန်နှင့်ရင်ဆိုင်ရပါမယ်။

ဒါပေမဲ့အင်္ဂလန်အသင်းဟာအီကွေဒေါကိုအနိုင်ရရှိတဲ့ပွဲမတိုင်မီ ဖီဖာစည်းမျဉ်းစည်းကမ်းချိုးဖောက်မှုနှင့်အတူဒဏ်ရိုက်ခြင်းခံလာရပါတယ်။

ဆီနီဂေါဟာအီကွေဒေါပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲသို့နည်းပြဆစ်စီတစ်ဦးတည်းသာတက်ရောက်ခဲ့ပြီး ကစားသမားတစ်ဦးမျှ ခေါ်ဆောင်ခဲ့ခြင်းမရှိပါဘူး။

ဖီဖာရဲ့စည်းမျဉ်းအရပွဲမတိုင်မီတစ်ရက်တွင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲသို့နည်းပြအပြင်ကစားသမားတစ်ဦးခေါ်ဆောင်လာရမှာဖြစ်ပါတယ်။

ယခုအခါမှာတော့ဆီနီဂေါဟာသတင်းစာရှင်းလင်းပွဲသို့ကစားသမားခေါ်ဆောင်လာခြင်းမရှိမှုကြောင့်ဖီဖာရဲပေါင်၈၇၀၀ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

ဂျာမနီအသင်းဟာလည်းစပိန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့ကစားသမားမတက်ရောက်မှုကြောင့်ပေါင်၈၇၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။

ZawGyi







