အင်္ဂလန်ပရိသတ်များရဲ့ရန်ပွဲကြောင့် အက်ဖ်အေကို ယူအီးအက်ဖ်အေစွဲချက်တင်

ယူအီးအက်ဖ်အေဟာတနင်္ဂနွေနေ့ကအီတလီကိုရှုံးနိမ့်တဲ့ယူရို၂၀၂၀ပွဲစဉ်မှဖြစ်ရပ်များအတွက်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကိုအချက်လေးချက်ဖြင့် စွဲချက်တင်လိုက်ပါတယ်။

အင်္ဂလန်ဟာတနင်္ဂနွေနေ့ကယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ယင်းနေ့တွင်ဝင်ဘာလေကွင်းနှင့်ပတ်ဝန်းကျင်တို့တွင်အင်္ဂလန်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ခဲ့ပါတယ်။

ဒါ့အပြင်ယူရိုဗိုလ်လုပွဲကစားနေစဉ်အတွင်းတွင်ပရိသတ်တစ်ဦးကွင်းအတွင်းသို့ဝင်ရောက်ပြေးလွှားမှုဖြစ်ခဲ့ပြီးပွဲရပ်ဆိုင်းခဲ့ရသလိုပရိသတ်များမီးရှူးမီးပန်းများလွှတ်မှု၊ကွင်းအတွင်းသို့ပရိသတ်များ ပစ္စည်းများဖြင့်ပစ်ပေါက်မှုတို့ပြုလုပ်ခဲ့ကြပါတယ်။

ဝင်ဘာလေတွင်ကစားတဲ့ယင်းပွဲစဉ်တွင်လက်မှတ်မရှိတဲ့ပရိသတ်များဟာပွဲကြည့်ခွင့်ရရေးအတွက်ကွင်းဂိတ်ကိုအတင်းကျော်ဖြတ်ကာဝင်ရောက်မှုများဖြစ်ခဲ့ပြီးဒဏ်ရာရရှိသူများစွာရှိခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဒိန်းမတ်အားအနိုင်ရရှိတဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကိုလေဆာဖြင့်ထိုးမှုအတွက်ယူအီးအက်ဖ်အေရဲ့ဒဏ်ရိုက်ခြင်းခံခဲ့ရပြီးလည်းဖြစ်ပါတယ်။

ZawGyi

အဂၤလန္ပရိသတ္မ်ားရဲ႕ရန္ပြဲေၾကာင့္ အက္ဖ္ေအကို ယူအီးအက္ဖ္ေအစြဲခ်က္တင္

ယူအီးအက္ဖ္ေအဟာတနဂၤေႏြေန႔ကအီတလီကိုရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ပြဲစဥ္မွျဖစ္ရပ္မ်ားအတြက္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုအခ်က္ေလးခ်က္ျဖင့္ စြဲခ်က္တင္လိုက္ပါတယ္။

အဂၤလန္ဟာတနဂၤေႏြေန႔ကယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ယင္းေန႔တြင္ဝင္ဘာေလကြင္းႏွင့္ပတ္ဝန္းက်င္တို႔တြင္အဂၤလန္ပရိသတ္မ်ား ခိုက္ရန္ျဖစ္ပြားမႈမ်ားျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ယူ႐ိုဗိုလ္လုပြဲကစားေနစဥ္အတြင္းတြင္ပရိသတ္တစ္ဦးကြင္းအတြင္းသို႔ဝင္ေရာက္ေျပးလႊားမႈျဖစ္ခဲ့ၿပီးပြဲရပ္ဆိုင္းခဲ့ရသလိုပရိသတ္မ်ားမီးရႉးမီးပန္းမ်ားလႊတ္မႈ၊ကြင္းအတြင္းသို႔ပရိသတ္မ်ား ပစၥည္းမ်ားျဖင့္ပစ္ေပါက္မႈတို႔ျပဳလုပ္ခဲ့ၾကပါတယ္။

ဝင္ဘာေလတြင္ကစားတဲ့ယင္းပြဲစဥ္တြင္လက္မွတ္မရွိတဲ့ပရိသတ္မ်ားဟာပြဲၾကည့္ခြင့္ရေရးအတြက္ကြင္းဂိတ္ကိုအတင္းေက်ာ္ျဖတ္ကာဝင္ေရာက္မႈမ်ားျဖစ္ခဲ့ၿပီးဒဏ္ရာရရွိသူမ်ားစြာရွိခဲ့ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဒိန္းမတ္အားအႏိုင္ရရွိတဲ့ဆီမီးဖိုင္နယ္ပြဲစဥ္မွာဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကိုေလဆာျဖင့္ထိုးမႈအတြက္ယူအီးအက္ဖ္ေအရဲ႕ဒဏ္႐ိုက္ျခင္းခံခဲ့ရၿပီးလည္းျဖစ္ပါတယ္။