အင်္ဂလန်ပွဲပြီးနောက် လူမှုကွန်ယက်တွင် ကာမဲလ်ဂလစ်ခ်ရဲ့ဇနီးသည် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ

ကာမဲလ်ဂလစ်ခ်ရဲ့ဇနီးသည်ဟာပိုလန်နှင့်အင်္ဂလန်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးနောက်တွင်ဆိုရှယ်မီဒီယာတွင်အသက်အန္တရာယ်ခြိမ်းခြောက်မှုရင်ဆိုင်နေရပါတယ်။

အင်္ဂလန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးအချိန်တွင်ဂလစ်ခ်ဟာအင်္ဂလန်နောက်ခံလူကိုင်လီဝေါလ်ကားနှင့်အချင်းများခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကဂလစ်ခ်ဟာဝေါလ်ကားအားလူမျိုးရေးခွဲခြားပြောဆိုမှုပြုလုပ်ခဲ့ကြောင်းစွပ်စွဲထားပြီးဖီဖာကယင်းဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။

ဒါပေမယ့်ပိုလန်ဘောလုံးအဖွဲ့ချုပ်နှင့်ကာယကံရှင်ဂလစ်ခ်တို့ကတော့လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ခြင်းမရှိကြောင်းငြင်းဆိုထားကြပါတယ်။

ဒါပေမယ့်လည်းဇနီးသည်မာတာကတော့ဆိုရှယ်မီဒီယာမှာပရိသတ်များရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ဝေါလ်ကားနှင့်ဖြစ်ပျက်ခဲ့တဲ့ပြဿနာနှင့်ပတ်သက်ပြီးဂလစ်ခ်က “ပြဿနာအချို့ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းကျတော့ကျွန်တော်ကဝေါလ်ကားနဲ့လက်ဆွဲနှုတ်ဆက်ချင်ခဲ့တယ်။ဒါပေမယ့်သူကလက်မခံခဲ့ပါဘူး။ပြဿနာအချို့ဖြစ်ခဲ့ပေမယ့်အဲဒီထက်မပိုပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi






