အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သမိုင်းတွင် ပထမဆုံးအမျိုးသမီးဥက္ကဌဖြစ်လာတော့မယ့် ဒက်ဘီဟီဝစ်

ဒက်ဘီဟီဝစ်ဟာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့၁၅၇နှစ်သမိုင်းတွင်ပထမဆုံးအမျိုးသမီးဥက္ကဌဖြစ်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

သူမဟာလာမယ့်နှစ်ဇန်နဝါရီလမှာယာယီဥက္ကဌပီတာမက်ကော်ကစ်ထံမှအက်ဖ်အေဥက္ကဌရာထူးကိုလွဲပြောင်းရယူသွားပါမယ်။

ဟီဝစ်ဟာ၂၀၁၁ခုနှစ်တုန်းက MBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပြီးလက်ရှိအချိန်တွင် The Restaurant Group plc ၊ BGL Group၊ Visa Europe နှင့် White Stuff တို့တွင် Non-Executive Chair အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

သူမဟာအက်ဖ်အေဥက္ကဌရာထူးကိုရယူရန်အတွက်သူမရဲ့လုပ်ငန်းများမှရာထူးများမှနုတ်ထွက်မှုပြုလုပ်သွားရမှာလည်းဖြစ်ပါတယ်။

ဟီဝစ်ဟာနိုဝင်ဘာလတုန်းကလူမဲနှင့်လိင်တူချစ်သူများအားလူသိရှင်ကြားဝေဖန်ပြောဆိုမှုများအတွက်ရာထူးနုတ်ထွက်သွားခဲ့တဲဂရက်ကလပ်ခ်ရဲ့နေရာမှာတာဝန်ထမ်းဆောင်သွားရမှာလည်းဖြစ်ပါတယ်။

ZawGyi





