အင်္ဂလန်မှချဲလ်ဆီးကစားဖော်များရဲ့အချက်အလက်များကို ခရိုအေးရှားကစားဖော်များကို ကိုဗာဆစ်ပေးထား

မာတီယိုကာဗာဆစ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်ကစားရမယ့်အင်္ဂလန်နှင့်ယူရို၂၀၂၀အဖွင့်ပွဲမတိုင်မီအင်္ဂလန်အသင်းမှချဲလ်ဆီးကစားဖော်များရဲ့အားသာချက်၊အားနည်းချက်များကိုခရိုအေးရှားကစားဖော်များကိုပြောပြထားကြောင်းသိရပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားကိုဗာဆစ်နှင့်လီဗာပူးနောက်ခံလူဟောင်းဒီဂျန်လော့ဗ်ရန်တို့ဟာအင်္ဂလန်အသင်းနှင့်အဖွင့်ပွဲတွင်အသာစီးရရှိရေးအတွက်လက်ရွေးစင်ကစားဖော်များအားအင်္ဂလန်ကစားသမားများနဲ့ပတ်သက်ပြီးပြောကြားမှုများပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

ဒိုမာဂိုဘရာဒါရစ်က “ကျွန်တော့်အကြားပြောကြားထားတာတွေရှိပါတယ်။သူတို့ကပြိုင်ဘက်ကစားသမားတွေရဲ့အားသာချက်၊အားနည်းချက်တွေနဲ့သူတို့ရဲ့စိတ်ဓာတ်ပိုင်းတွေကိုပြောကြားထားပါတယ်။သူတို့ကအဲဒီမှာကစားနေတော့သူတို့အကြောင်းသိပါတယ်။ဒါတွေကကျွန်တော်တို့အတွက်အကူအညီဖြစ်လာမှာပါ။ကျွန်တော်တို့ကလည်းသူတို့ဆီကနေအကူအညီတောင်းတယ်။ဒါတွေကအများကြီးအထောက်အပံ့ဖြစ်လာမှာပါ”လို့ပြောကြားသွားပါတယ်။

အသက်၂၁နှစ်ရှိဘရာဒါရစ်ဟာပီအက်စ်ဂျီအားကျော်ဖြတ်ကာလိုင်လီအားပြင်သစ်လီဂူး၁ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဘရာဒါရစ်ကခရိုအေးရှားအသင်းဟာအင်္ဂလန်နှင့်ကစားရမယ့်ပွဲစဉ်အတွက်ခံစစ်ပိုင်း၊တိုက်စစ်ပိုင်းတို့အတွက်ပြင်ဆင်လေ့ကျင့်မှုများပြုလုပ်နေကြောင်းဆိုသွားပါတယ်။

ZawGyi

အဂၤလန္မွခ်ဲလ္ဆီးကစားေဖာ္မ်ားရဲ႕အခ်က္အလက္မ်ားကို ခ႐ိုေအးရွားကစားေဖာ္မ်ားကို ကိုဗာဆစ္ေပးထား

မာတီယိုကာဗာဆစ္ဟာလာမယ့္တနဂၤေႏြေန႔တြင္ကစားရမယ့္အဂၤလန္ႏွင့္ယူ႐ို၂၀၂၀အဖြင့္ပြဲမတိုင္မီအဂၤလန္အသင္းမွခ်ဲလ္ဆီးကစားေဖာ္မ်ားရဲ႕အားသာခ်က္၊အားနည္းခ်က္မ်ားကိုခ႐ိုေအးရွားကစားေဖာ္မ်ားကိုေျပာျပထားေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္ကစားသမားကိုဗာဆစ္ႏွင့္လီဗာပူးေနာက္ခံလူေဟာင္းဒီဂ်န္ေလာ့ဗ္ရန္တို႔ဟာအဂၤလန္အသင္းႏွင့္အဖြင့္ပြဲတြင္အသာစီးရရွိေရးအတြက္လက္ေ႐ြးစင္ကစားေဖာ္မ်ားအားအဂၤလန္ကစားသမားမ်ားနဲ႔ပတ္သက္ၿပီးေျပာၾကားမႈမ်ားျပဳလုပ္ထားတာလည္းျဖစ္ပါတယ္။

ဒိုမာဂိုဘရာဒါရစ္က “ကြၽန္ေတာ့္အၾကားေျပာၾကားထားတာေတြရွိပါတယ္။သူတို႔ကၿပိဳင္ဘက္ကစားသမားေတြရဲ႕အားသာခ်က္၊အားနည္းခ်က္ေတြနဲ႔သူတို႔ရဲ႕စိတ္ဓာတ္ပိုင္းေတြကိုေျပာၾကားထားပါတယ္။သူတို႔ကအဲဒီမွာကစားေနေတာ့သူတို႔အေၾကာင္းသိပါတယ္။ဒါေတြကကြၽန္ေတာ္တို႔အတြက္အကူအညီျဖစ္လာမွာပါ။ကြၽန္ေတာ္တို႔ကလည္းသူတို႔ဆီကေနအကူအညီေတာင္းတယ္။ဒါေတြကအမ်ားႀကီးအေထာက္အပံ့ျဖစ္လာမွာပါ”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၁ႏွစ္ရွိဘရာဒါရစ္ဟာပီအက္စ္ဂ်ီအားေက်ာ္ျဖတ္ကာလိုင္လီအားျပင္သစ္လီဂူး၁ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဘရာဒါရစ္ကခ႐ိုေအးရွားအသင္းဟာအဂၤလန္ႏွင့္ကစားရမယ့္ပြဲစဥ္အတြက္ခံစစ္ပိုင္း၊တိုက္စစ္ပိုင္းတို႔အတြက္ျပင္ဆင္ေလ့က်င့္မႈမ်ားျပဳလုပ္ေနေၾကာင္းဆိုသြားပါတယ္။