အင်္ဂလန်ယူ-၁၇ နည်းပြကို အကယ်ဒမီအကြီးအကဲဖြစ် သရဲနီခန့်အပ်

မန်ယူဟာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တွင်တာဝန်ထမ်းဆောင်နေတဲ့အလားအလာကောင်းများပိုင်ဆိုင်ထားတဲ့နည်းပြဂျပ်စတင်ကိုချရိန်းအားခန့်အပ်လိုက်ပါတယ်။

ကိုချရိန်းဟာမန်ယူအသင်းမှာအကယ်ဒမီရဲ့ကစားသမားဖွဲ့ဖြိုးတိုးတက်ရေးနှင့်နည်းပြပိုင်းအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်သွားပါမယ်။

ကိုချရိန်းဟာအက်ဖ်အေမှာအင်္ဂလန်ယူ-၁၇နည်းပြနှင့်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်အ‌ကောင်းဆုံးလုပ်ပြနိုင်မှုကြောင့်မန်ယူရဲခန့်အပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အသက်၃၉နှစ်ရှိကိုချရိန်းဟာမန်ယူ-၁၇နှင့်ယူ၂၃အသင်းတို့အကြားကစားသမားများရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးလုပ်ဆောင်သွားရမှာလည်းဖြစ်ပါတယ်။

ကိုချရိန်းဟာစပါးအသင်းမှာအကယ်ဒမီနည်းပြအဖြစ်၉နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့အပြင်ယူ-၂၃နည်းပြအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။သူဟာအေအက်ဖ်စီဝင်ဘာလေအသင်းကိုလည်းလိဂ်၁တွင်ဆက်လက်ရပ်တည်နိုင်အောင်ကူညီခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi





