အင်္ဂလန်ယူ-၂၁ နည်းပြရာထူးအတွက် ဖရန့်လမ်းပတ် ရေပန်းစားလာ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာအင်္ဂလန်ယူ-၂၁နည်းပြသစ်ရှာဖွေလျက်ရှိနေပြီးဖရန့်လမ်းပတ်မှာထိပ်ဆုံးမှရေပန်းစားလျက်ရှိကြောင်းသိရပါတယ်။

လက်ရှိအင်္ဂလန်ယူ-၂၁နည်းပြအေဒီဘွို့သရွိုက်ဟာလာမယ့်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးအက်ဖ်အေကအပြောင်းအလဲပြုလုပ်ရတော့မယ့်ကာလသို့ရောက်နေပြီလို့ယုံကြည်နေပါတယ်။

အင်္ဂလန်ယူ-၂၁နည်းပြဘွို့သရွိုက်ဟာဥရောပယူ-၂၁ပြိုင်ပွဲတွင်ဆွစ်ဇာလန်၊ပေါ်တူဂီတို့အားရှုံးနိမ့်ထားမှုနဲ့ခြေစွမ်းမကောင်းမှုတို့ကြောင့်မေးခွန်းထုတ်ခြင်းခံနေရပါတယ်။

ယင်းသို့အခြေအနေများကြောင့်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာအင်္ဂလန်ယူ-၂၁အသင်းအတွက်ဦးတည်ချက်သစ်လိုအပ်နေပြီလို့ယုံကြည်နေပါတယ်။

အသက်၄၃နှစ်ရှိဖရန့်လမ်းပတ်ဟာချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေပြီးကလပ်လောကတွင်ပင်ဆက်လက်ကျင်လည်လိုနေပါတယ်။

လက်ရှိအချိန်တွင်မေးခွန်းထုတ်စရာရှိနေတာကတော့လမ်းပတ်မှာအင်္ဂလန်ယူ-၂၁အသင်းကိုကိုင်တွယ်ရန်ဆန္ဒရှိပါ့မလားဆိုတာပါ။

အက်ဖ်အေရဲ့အင်္ဂလန်ယူ-၂၁နည်းပြရှာတော်ပုံကိုနည်းစနစ်ဒါရိုက်တာသစ်ဂျွန်မက်ဒါမော့ကပြုလုပ်သွားမည်ဖြစ်ပါတယ်။အင်္ဂလန်ယူ-၂၁နည်းပြရာထူးအတွက်အင်္ဂလန်ယူ-၁၇နည်းပြဟောင်းစတိဗ်ကိုးပါးနှင့်အင်္ဂလန်ယူ-၂၀နည်းပြဟောင်းပေါလ်ဆွမ်ဆင်တို့လည်းရေပန်းစားနေပါတယ်။

ZawGyi







