အင်္ဂလန်ယူ-၂၁ နည်းပြအဖွဲ့ဝင်အဖြစ် မန်စီးတီးနောက်ခံလူဟောင်းလက်စ်ကော့ခန့်အပ်ခံရ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာဂျိုလီယွန်လက်စ်ကော့အားအင်္ဂလန်ယူ-၂၁နည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပါတယ်။ဗဟိုနောက်ခံလူဟောင်းဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်၂၆ပွဲကစားခဲ့သူဖြစ်ပြီးအင်္ဂလန်ယူ-၂၁နည်းပြလီကာစလေရဲ့နည်းပြအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်သွားရမှာဖြစ်ပါတယ်။

သူဟာလာမယ့်သောကြာနေ့မှာရိုမေးနီးယားနှင့်ကစားမယ့်အင်္ဂလန်ယူ-၂၁အသင်းရဲ့ပွဲစဉ်မှာနည်းပြအဖွဲ့ဝင်အဖြစ်စတင်တာဝန်ထမ်းဆောင်သွားရပါမယ်။

ကာစလေက “ဂျိုလီယွန်လိုလူမျိုးကိုကျွန်တော့်နည်းပြအဖွဲ့ထဲမှာထည့်သွင်းနိုင်တာဝမ်းသာပါတယ်။သူနဲ့အတူအဲဗာတန်မှာတွဲကစားခဲ့တော့ကစားသမားတစ်ဦးအဖြစ်သူ့စိတ်ဓာတ်ကိုသိခဲ့ရပါတယ်။အခုသူဟာနည်းပြတစ်ဦးအဖြစ်သူ့ကိုကူညီနိုင်ပါတော့မယ်”လို့ပြောကြားခဲ့ပါတယ်။

လက်စ်ကော့ဟာယူအီးအက်ဖ်အေနည်းပြလိုင်စင်ရရှိထားသူဖြစ်ပြီးအင်္ဂလန်ယူ-၂၁နည်းပြအဖွဲ့ဝင်များအဖြစ်လက်ထောက်နည်းပြအက်ရှ်လေကိုးလ်၊ဂိုးသမားတမ်ဒက်မာတို့နှင့်အတူလက်တွဲအလုပ်လုပ်ရပါမယ်။

ZawGyi




