အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားဆီမီးပွဲကြည့်ရန် ပရိသတ်များကို ကွင်းသို့ ဖိတ်ကြားမှုအတွက် စပါးစ်အသင်း လှောင်ပြောင်ခံနေရ

စပါးစ်အသင်းဟာအင်္ဂလန်အသင်းကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းအင်္ဂလန်အသင်းရဲ့ပွဲစဉ်ကိုကလပ်ရဲ့အိမ်ကွင်းတွင်လာရောက်ကြည့်ရှုရန်ပရိသတ်များထံမေးလ်ပို့မှုကြောင့်လှောင်ပြောင်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာလာခဲ့ရပြီးဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်နှင့်စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာပြင်သစ်ကိုရှုံးနိမ့်တဲ့ပွဲတွင်ဒုတိယပင်နယ်တီမဝင်ခဲ့မှုနှင့်အတူ ပြိုင်ပွဲမှထွက်ခွာလိုက်ရတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့စပါးစ်ဟာအင်္ဂလန်အသင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်သွားပြီဖြစ်ပြီးအင်္ဂလန်ရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော်တင်ဟမ်ဟော့စပါးစ်ကွင်းတွင်လာကြည့်ကြရန်ပရိသတ်များထံသို့အီးမေးလ်ပို့နေပါတယ်။

စပါးစ်ဟာယင်းအီးမေးလ်ကို Automated လုပ်ဆောင်ထားပုံရပြီးယင်းကို Cancel လုပ်ရန်မေ့လျှော့ကာပရိသတ်များကိုအီးမေးလ်ပို့လိုက်မိပုံရပါတယ်။

ပရိသတ်တစ်ဦးက “အီးမေးလ် Schelduled ကို Cancel လုပ်ဖို့မေ့သွားတယ်”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “စပါးစ်မတ်ကက်တင်းအဖွဲ့ရဲ့အတွေးကောင်းချက်နော်။တစ်ယောက်ယောက်တော့မနေ့ညတုန်းကအီးမေးလ်ကို Cancel လုပ်ဖို့မေ့သွားပုံပဲ”လို့ဆိုသွားပါတယ်။

ZawGyi

အဂၤလန္ရဲ႕ကမာၻ႔ဖလားဆီမီးပြဲၾကည့္ရန္ ပရိသတ္မ်ားကို ကြင္းသို႔ ဖိတ္ၾကားမႈအတြက္ စပါးစ္အသင္း ေလွာင္ေျပာင္ခံေနရ

စပါးစ္အသင္းဟာအဂၤလန္အသင္းကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရေပမဲ့လည္းအဂၤလန္အသင္းရဲ႕ပြဲစဥ္ကိုကလပ္ရဲ႕အိမ္ကြင္းတြင္လာေရာက္ၾကည့္ရႈရန္ပရိသတ္မ်ားထံေမးလ္ပို႔မႈေၾကာင့္ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္ျပင္သစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာလာခဲ့ရၿပီးျဖစ္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ႏွင့္စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းဟာျပင္သစ္ကိုရႈံးနိမ့္တဲ့ပြဲတြင္ဒုတိယပင္နယ္တီမဝင္ခဲ့မႈႏွင့္အတူ ၿပိဳင္ပြဲမွထြက္ခြာလိုက္ရတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့စပါးစ္ဟာအဂၤလန္အသင္း ကမာၻ႔ဖလားဆီမီးဖိုင္နယ္သို႔တက္ေရာက္သြားၿပီျဖစ္ၿပီးအဂၤလန္ရဲ႕ဆီမီးဖိုင္နယ္ပြဲစဥ္ကိုေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္းတြင္လာၾကည့္ၾကရန္ပရိသတ္မ်ားထံသို႔အီးေမးလ္ပို႔ေနပါတယ္။

စပါးစ္ဟာယင္းအီးေမးလ္ကို Automated လုပ္ေဆာင္ထားပုံရၿပီးယင္းကို Cancel လုပ္ရန္ေမ့ေလွ်ာ့ကာပရိသတ္မ်ားကိုအီးေမးလ္ပို႔လိုက္မိပုံရပါတယ္။

ပရိသတ္တစ္ဦးက “အီးေမးလ္ Schelduled ကို Cancel လုပ္ဖို႔ေမ့သြားတယ္”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “စပါးစ္မတ္ကက္တင္းအဖြဲ႕ရဲ႕အေတြးေကာင္းခ်က္ေနာ္။တစ္ေယာက္ေယာက္ေတာ့မေန႔ညတုန္းကအီးေမးလ္ကို Cancel လုပ္ဖို႔ေမ့သြားပုံပဲ”လို႔ဆိုသြားပါတယ္။