အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင် မက်ဒီဆင်ရွေးချယ်ခြင်းခံရအောင် ဘရူနိုဖာနန်ဒက်စ်အဓိကနေရာမှကူညီခဲ့

ဂျိမ်းစ်မက်ဒီဆင်ကကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းခံရအောင်ဘရူနိုဖာနန်ဒက်စ်ဘယ်လိုကူညီခဲ့သလဲဆိုတာဖွင့်ဟချလာပါတယ်။

အသက်၂၅နှစ်ရှိလက်စတာကွင်းလယ်ကစားသမားဟာယခုရာသီတွင်လက်စတာနှင့်အတူခြေစွမ်းပြကစားနိုင်ပြီးနောက်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ရွေးချယ်ခြင်းခံလာရပါတယ်။သူဟာယခုရာသီတွင်လက်စတာအတွက်ပရီးမီးယားလိဂ်တွင်၇ဂိုးသွင်းကာ၄ကြိမ်ဖန်တီးထားပါတယ်။

မက်ဒီဆင်ဟာပြီးခဲ့တဲ့ရာသီတုန်းက၁၈ဂိုးသွင်းကာ၁၂ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပေမဲ့လည်းအင်္ဂလန်အသင်းတွင်ဆက်တိုက်ချန်လှပ်ခံခဲ့ရပါတယ်။

ယခုအခါမှာတော့မက်ဒီဆင်ကအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ရွေးချယ်ခံရအောင်ဖာနန်ဒက်စ်ဘယ်လိုကူညီခဲ့သလဲဆိုတာဖွင့်ဟလာပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “လွန်ခဲ့တဲ့ရာသီအနည်းငယ်တွေမှာကျွန်တော်ဟာအင်္ဂလန်အသင်းမှာရွေးချယ်မခံရပါဘူး။ဘရူနိုဖာနန်ဒက်စ်ကလည်းယူနိုက်တက်မှာတော်တော်ကောင်းကောင်းကစားနေတယ်။ဂိုးနဲ့ဖန်တီးမှုကတကယ့်ကိုမယုံနိုင်စရာကောင်းအောင်များတယ်။ဒီတော့အဲဒီတုန်းကသူ့ကိုနီးနီးကပ်ကပ်စောင့်ကြည့်တယ်။ဒီလောက်ဂိုးတွေအများကြီးသူဘယ်လိုသွင်းသလဲ။သူလုပ်သလိုမျိုးငါဘာကြောင့်မလုပ်နိုင်မလဲ။ပွဲကိုအသေအချာသုံးသပ်လေ့လာရင်ငါလည်းလုပ်နိုင်ရမှာပဲဆိုပြီးလုပ်ခဲ့တယ်။အဲဒီလိုနဲ့အခုလိုမျိုးဖြစ်လာခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်စပို့တင်းလစ္စဘွန်းမှယူနိုက်တက်သို့ပြောင်းလာပြီးနောက်၅၃ဂိုးသွင်းကာ၄၂ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ZawGyi

အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ မက္ဒီဆင္ေ႐ြးခ်ယ္ျခင္းခံရေအာင္ ဘ႐ူႏိုဖာနန္ဒက္စ္အဓိကေနရာမွကူညီခဲ့

ဂ်ိမ္းစ္မက္ဒီဆင္ကကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္အဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံရေအာင္ဘ႐ူႏိုဖာနန္ဒက္စ္ဘယ္လိုကူညီခဲ့သလဲဆိုတာဖြင့္ဟခ်လာပါတယ္။

အသက္၂၅ႏွစ္ရွိလက္စတာကြင္းလယ္ကစားသမားဟာယခုရာသီတြင္လက္စတာႏွင့္အတူေျခစြမ္းျပကစားႏိုင္ၿပီးေနာက္အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ေ႐ြးခ်ယ္ျခင္းခံလာရပါတယ္။သူဟာယခုရာသီတြင္လက္စတာအတြက္ပရီးမီးယားလိဂ္တြင္၇ဂိုးသြင္းကာ၄ႀကိမ္ဖန္တီးထားပါတယ္။

မက္ဒီဆင္ဟာၿပီးခဲ့တဲ့ရာသီတုန္းက၁၈ဂိုးသြင္းကာ၁၂ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ေပမဲ့လည္းအဂၤလန္အသင္းတြင္ဆက္တိုက္ခ်န္လွပ္ခံခဲ့ရပါတယ္။

ယခုအခါမွာေတာ့မက္ဒီဆင္ကအဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ေ႐ြးခ်ယ္ခံရေအာင္ဖာနန္ဒက္စ္ဘယ္လိုကူညီခဲ့သလဲဆိုတာဖြင့္ဟလာပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က “လြန္ခဲ့တဲ့ရာသီအနည္းငယ္ေတြမွာကြၽန္ေတာ္ဟာအဂၤလန္အသင္းမွာေ႐ြးခ်ယ္မခံရပါဘူး။ဘ႐ူႏိုဖာနန္ဒက္စ္ကလည္းယူႏိုက္တက္မွာေတာ္ေတာ္ေကာင္းေကာင္းကစားေနတယ္။ဂိုးနဲ႔ဖန္တီးမႈကတကယ့္ကိုမယုံႏိုင္စရာေကာင္းေအာင္မ်ားတယ္။ဒီေတာ့အဲဒီတုန္းကသူ႔ကိုနီးနီးကပ္ကပ္ေစာင့္ၾကည့္တယ္။ဒီေလာက္ဂိုးေတြအမ်ားႀကီးသူဘယ္လိုသြင္းသလဲ။သူလုပ္သလိုမ်ိဳးငါဘာေၾကာင့္မလုပ္ႏိုင္မလဲ။ပြဲကိုအေသအခ်ာသုံးသပ္ေလ့လာရင္ငါလည္းလုပ္ႏိုင္ရမွာပဲဆိုၿပီးလုပ္ခဲ့တယ္။အဲဒီလိုနဲ႔အခုလိုမ်ိဳးျဖစ္လာခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတြင္စပို႔တင္းလစၥဘြန္းမွယူႏိုက္တက္သို႔ေျပာင္းလာၿပီးေနာက္၅၃ဂိုးသြင္းကာ၄၂ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။