
အင်္ဂလန်အသင်းရဲ့၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လူစာရင်းကိုကြေညာလာခဲ့ပြီဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းနေတာကတော့အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားအရေအတွက်ထက်ကိုဗင်ထရီစီးတီးအကယ်ဒမီထွက်ကစားသမားအရေအတွက်ပိုမိုများစွာပါဝင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာအစဉ်အဆက်အင်္ဂလန်အသင်းအတွက်အကယ်ဒမီထွက်ကစားသမားကောင်းများစွာမွေးထုတ်ပေးလာတဲ့အသင်းအဖြစ်နာမည်ကြီးတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမဲ့မနေ့ညတုန်းကကြေညာလာခဲ့တဲ့ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းလူစာရင်းမှာတော့ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ဦးတည်းသာ ပါဝင်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့၂၆ဦးလူစာရင်းတွင်တစ်ဦးတည်းသောယူနိုက်တက်အကယ်ဒမီထွက်ကစားသမားအဖြစ်မားကပ်စ်ရက်ဖို့ဒ်သာပါဝင်ခဲ့ပါတယ်။
အခြားယူနိုက်တက်အကယ်ဒမီထွက်များဖြစ်ကြတဲ့ဒိန်းဟင်ဒါဆင်၊ဂျက်စီလင်ဂတ်၊ဒန်နီဝဲလ်ဘက်တို့မှာမူကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ခဲ့ကြခြင်းမရှိပါဘူး။
ဒါပေမဲ့အင်္ဂလန်ကမ္ဘာ့ဖလားလူစာရင်းတွင်ကိုဗင်ထရီအကယ်ဒမီထွက်ကစားသမားအဖြစ်၂ဦးပါဝင်နေပါတယ်။ကိုဗင်ထရီအကယ်ဒမီထွက်အဖြစ်ဂျိမ်းစ်မက်ဒီဆင်နှင့်ကယ်လမ်ဝီလ်ဆင်တို့ရွေးချယ်ခံထားရတာလည်းဖြစ်ပါတယ်။
အဆိုပါကစားသမားနှစ်ဦးတို့ဟာယခုရာသီတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားထားနိုင်ပေမဲ့လည်း ဆောက်ဂိတ်လူစာရင်းတွင်ပါဝင်ရန်မရေမရာဖြစ်နေခဲ့ကြသူများလည်းဖြစ်ပါတယ်။
ZawGyi
အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ ယူႏိုက္တက္အကယ္ဒမီထြက္အေရအတြက္ထက္ ကိုဗင္ထရီအကယ္ဒမီထြက္ကစားသမားပိုမ်ားေန
အဂၤလန္အသင္းရဲ႕၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္လူစာရင္းကိုေၾကညာလာခဲ့ၿပီျဖစ္ပါတယ္။စိတ္ဝင္စားဖို႔ေကာင္းေနတာကေတာ့အဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ကစားသမားအေရအတြက္ထက္ကိုဗင္ထရီစီးတီးအကယ္ဒမီထြက္ကစားသမားအေရအတြက္ပိုမိုမ်ားစြာပါဝင္ေနတာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာအစဥ္အဆက္အဂၤလန္အသင္းအတြက္အကယ္ဒမီထြက္ကစားသမားေကာင္းမ်ားစြာေမြးထုတ္ေပးလာတဲ့အသင္းအျဖစ္နာမည္ႀကီးတဲ့အသင္းျဖစ္ပါတယ္။
ဒါေပမဲ့မေန႔ညတုန္းကေၾကညာလာခဲ့တဲ့ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းလူစာရင္းမွာေတာ့ ယူႏိုက္တက္အကယ္ဒမီထြက္ကစားသမားတစ္ဦးတည္းသာ ပါဝင္လာခဲ့ပါတယ္။
အဂၤလန္အသင္းရဲ႕၂၆ဦးလူစာရင္းတြင္တစ္ဦးတည္းေသာယူႏိုက္တက္အကယ္ဒမီထြက္ကစားသမားအျဖစ္မားကပ္စ္ရက္ဖို႔ဒ္သာပါဝင္ခဲ့ပါတယ္။
အျခားယူႏိုက္တက္အကယ္ဒမီထြက္မ်ားျဖစ္ၾကတဲ့ဒိန္းဟင္ဒါဆင္၊ဂ်က္စီလင္ဂတ္၊ဒန္နီဝဲလ္ဘက္တို႔မွာမူကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ခဲ့ၾကျခင္းမရွိပါဘူး။
ဒါေပမဲ့အဂၤလန္ကမာၻ႔ဖလားလူစာရင္းတြင္ကိုဗင္ထရီအကယ္ဒမီထြက္ကစားသမားအျဖစ္၂ဦးပါဝင္ေနပါတယ္။ကိုဗင္ထရီအကယ္ဒမီထြက္အျဖစ္ဂ်ိမ္းစ္မက္ဒီဆင္ႏွင့္ကယ္လမ္ဝီလ္ဆင္တို႔ေ႐ြးခ်ယ္ခံထားရတာလည္းျဖစ္ပါတယ္။
အဆိုပါကစားသမားႏွစ္ဦးတို႔ဟာယခုရာသီတြင္အေကာင္းဆုံးေျခစြမ္းျဖင့္ကစားထားႏိုင္ေပမဲ့လည္း ေဆာက္ဂိတ္လူစာရင္းတြင္ပါဝင္ရန္မေရမရာျဖစ္ေနခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။