အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအိမ်ကွင်းဝတ်စုံပေါက်ကြားလာ၊ ကမ္ဘာ့ဖလားတွင် အဆိုးဆုံးဝတ်စုံဖြစ်လာဖို့ရှိနေ

အင်္ဂလန်အသင်းရဲ့၂၀၂၂ကမ္ဘာ့ဖလားအိမ်ကွင်းဝတ်စုံအွန်လိုင်းတွင်ပေါက်ကြားလာပါတယ်။ပရိသတ်တော်တော်များကယင်းဝတ်စုံသစ်ကလက်ရှိဝတ်စုံလောက်ဒီဇိုင်းမကောင်းကြောင်းယုံကြည်နေပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာယူရို၂၀၂၀ပြိုင်ပွဲတုန်းကဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပြီးတဲ့နောက်ကာတာဆောင်းရာသီကမ္ဘာ့ဖလားတွင်ဗိုလ်စွဲရန်မျှော်လင့်နေပါတယ်။

အင်္ဂလန်ဟာ၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းပထမဆုံးနိုင်ငံတကာဖလားဆွတ်ခူးနိုင်ရန်အခွင့်ကောင်းပိုင်ဆိုင်ထားပါတယ်။

ဒါပေမဲ့အင်္ဂလန်ပရိသတ်များကတော့ Nike ကဖန်တီးလာတဲ့ကမ္ဘာ့ဖလားအိမ်ကွင်းဝတ်စုံကိုစိတ်ပျက်နေပါတယ်။

Nike ဟာယူရို၉၆ဝတ်စုံကဲ့သို့ပင်အပြာရောင်အသုံးပြုလာပါတယ်။ယခုဝတ်စုံသစ်ပုခုံးတွင်အပြာရင့်ရောင်ကအနုရောင်သို့အရောင်ပြောင်းလဲနေတဲ့ဒီဇိုင်းထည့်သွင်းထားပါတယ်။

ပရိသတ်တွေကတော့အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအိမ်ကွင်းဝတ်စုံနှင့်ပတ်သက်ပြီးအကြီးအကျယ်စိတ်ပျက်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ဒီအင်္ကျီကဆိုးလိုက်တာ”လို့ဝေဖန်သွားပါတယ်။အခြားတစ်ဦးကလည်း “အင်္ဂလန်အသင်း၅၆နှစ်အတွင်းပထမကမ္ဘာ့ဖလားချီမြှောက်နိုင်တာတွေးကြည့်လိုက်ရင်ဝတ်စုံဆိုးရွားတာတန်းမြင်မိတယ်”လို့ဆိုသွားပါတယ်။

အင်္ဂလန်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပေမဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာတော့တာထွက်ဆိုးရွားနေပါတယ်။၎င်းတို့ဟာနေးရှင်းလိဂ်ပွဲလေးပွဲတွင်ရမှတ်တစ်မှတ်တည်းသာရယူထားနိုင်ပြီးတန်းဆင်းရမယ့်ကိန်းဆိုက်နေပါတယ်။

ZawGyi

အဂၤလန္ရဲ႕ကမာၻ႔ဖလားအိမ္ကြင္းဝတ္စုံေပါက္ၾကားလာ၊ ကမာၻ႔ဖလားတြင္ အဆိုးဆုံးဝတ္စုံျဖစ္လာဖို႔ရွိေန

အဂၤလန္အသင္းရဲ႕၂၀၂၂ကမာၻ႔ဖလားအိမ္ကြင္းဝတ္စုံအြန္လိုင္းတြင္ေပါက္ၾကားလာပါတယ္။ပရိသတ္ေတာ္ေတာ္မ်ားကယင္းဝတ္စုံသစ္ကလက္ရွိဝတ္စုံေလာက္ဒီဇိုင္းမေကာင္းေၾကာင္းယုံၾကည္ေနပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ကာတာေဆာင္းရာသီကမာၻ႔ဖလားတြင္ဗိုလ္စြဲရန္ေမွ်ာ္လင့္ေနပါတယ္။

အဂၤလန္ဟာ၁၉၆၆ကမာၻ႔ဖလားေနာက္ပိုင္းပထမဆုံးႏိုင္ငံတကာဖလားဆြတ္ခူးႏိုင္ရန္အခြင့္ေကာင္းပိုင္ဆိုင္ထားပါတယ္။

ဒါေပမဲ့အဂၤလန္ပရိသတ္မ်ားကေတာ့ Nike ကဖန္တီးလာတဲ့ကမာၻ႔ဖလားအိမ္ကြင္းဝတ္စုံကိုစိတ္ပ်က္ေနပါတယ္။

Nike ဟာယူ႐ို၉၆ဝတ္စုံကဲ့သို႔ပင္အျပာေရာင္အသုံးျပဳလာပါတယ္။ယခုဝတ္စုံသစ္ပုခုံးတြင္အျပာရင့္ေရာင္ကအႏုေရာင္သို႔အေရာင္ေျပာင္းလဲေနတဲ့ဒီဇိုင္းထည့္သြင္းထားပါတယ္။

ပရိသတ္ေတြကေတာ့အဂၤလန္ရဲ႕ကမာၻ႔ဖလားအိမ္ကြင္းဝတ္စုံႏွင့္ပတ္သက္ၿပီးအႀကီးအက်ယ္စိတ္ပ်က္ေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ဒီအက်ႌကဆိုးလိုက္တာ”လို႔ေဝဖန္သြားပါတယ္။အျခားတစ္ဦးကလည္း “အဂၤလန္အသင္း၅၆ႏွစ္အတြင္းပထမကမာၻ႔ဖလားခ်ီေျမႇာက္ႏိုင္တာေတြးၾကည့္လိုက္ရင္ဝတ္စုံဆိုး႐ြားတာတန္းျမင္မိတယ္”လို႔ဆိုသြားပါတယ္။

အဂၤလန္ဟာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ေပမဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာေတာ့တာထြက္ဆိုး႐ြားေနပါတယ္။၎တို႔ဟာေနးရွင္းလိဂ္ပြဲေလးပြဲတြင္ရမွတ္တစ္မွတ္တည္းသာရယူထားႏိုင္ၿပီးတန္းဆင္းရမယ့္ကိန္းဆိုက္ေနပါတယ္။