အင်္ဂလန်ရဲ့ယူရိုအတွက်ပမာဏာလူစာရင်းတွင် မက်ဒီဆင်နှင့်အဲရစ်ဒိုင်ယာတို့မပါဝင်

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်ပမာဏလူစာရင်းကိုထုတ်ပြန်ကြေညာခဲ့ရာအင်္ဂလန်အတွက်ကစားရဖူးခြင်းမရှိတဲ့ဘင်ဝှိုက်နှင့်ဘင်ဂေါ့ဖရေတို့ပါဝင်လာပြီးကွင်းလယ်ကစားသမားအဲရစ်ဒိုင်ယာမှာစပါးစ်နှင့်အတူဆိုးရွားတဲ့ရာသီကြုံခဲ့ရမှုနဲ့အတူချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာဂျက်စီလင်ဂတ်၊ဂျူ့ဘယ်လင်ဂမ်၊မေဆင်ဂရင်းဝုဒ်တို့အားရွေးချယ်ခဲ့သော်လည်းဆောက်သမ်တန်တိုက်စစ်မှူးဒန်နီအင်းစ်ကိုချန်လှပ်ခဲ့ပါတယ်။

ဆောက်ဂိတ်ဟာညာနောက်ခံလူလေးဦးအထိရွေးချယ်ခဲ့ပြီးမတ်လတုန်းကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင်ချန်လှပ်ခံခဲ့ရတဲ့လီဗာပူးနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးမှာပြန်လည်ရွေးချယ်ခြင်းခံလာခဲ့ရပါတယ်။ဒါ့အပြင်နစ်ပုပ်ဒဏ်ရာကြောင့်အနားယူနေရမှုနဲ့အတူဆောက်ဂိတ်ဟာရှက်ဖီးလ်ယူနိုက်တက်မှအေရွန်ရမ်ဒယ်ကိုလည်းရွေးချယ်ခဲ့ပါတယ်။

ဆောက်ဂိတ်ဟာဒဏ်ရာကြောင့်သုံးလကြာပွဲကစားနိုင်ခြင်းမရှိတဲ့ဂျော်ဒန်ဟင်ဒါဆင်ကိုရွေးချယ်ခဲ့သလိုရာသီသိမ်းပွဲတွင်ပုခုံးဒဏ်ရာရရှိခဲ့တဲ့လိဒ်ကွင်းလယ်လူကယ်ဗင်ဖီးလစ်ကိုလည်းရွေးချယ်ခဲ့ပါတယ်။

လက်စတာကွင်းလယ်တိုက်စစ်သမားမက်ဒီဆင်မှာလက်စတာကိုအက်ဖ်အေဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်းချန်လှပ်ခြင်းခံခဲ့ရပါတယ်။၎င်းနှင့်အတူစပါးစ်ကွင်းလယ်ကစားသမားဒီလီအလီမှာလည်းချန်လှပ်ခံခဲ့ရပါတယ်။

အင်္ဂလန်ပမာဏလူစာရင်းတွင်ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရမယ့်အသင်းများမှကစားသမား၁၂ဦးအထိပါဝင်နေရာဆောက်ဂိတ်အနေဖြင့်ယခုအပတ်တွင်လူစုံတက်စုံဖြင့်လေ့ကျင့်နိုင်ဦးမှာမဟုတ်ပါဘူး။

ZawGyi

အဂၤလန္ရဲ႕ယူ႐ိုအတြက္ပမာဏာလူစာရင္းတြင္ မက္ဒီဆင္ႏွင့္အဲရစ္ဒိုင္ယာတို႔မပါဝင္

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ပမာဏလူစာရင္းကိုထုတ္ျပန္ေၾကညာခဲ့ရာအဂၤလန္အတြက္ကစားရဖူးျခင္းမရွိတဲ့ဘင္ဝႈိက္ႏွင့္ဘင္ေဂါ့ဖေရတို႔ပါဝင္လာၿပီးကြင္းလယ္ကစားသမားအဲရစ္ဒိုင္ယာမွာစပါးစ္ႏွင့္အတူဆိုး႐ြားတဲ့ရာသီႀကဳံခဲ့ရမႈနဲ႔အတူခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာဂ်က္စီလင္ဂတ္၊ဂ်ဴ႕ဘယ္လင္ဂမ္၊ေမဆင္ဂရင္းဝုဒ္တို႔အားေ႐ြးခ်ယ္ခဲ့ေသာ္လည္းေဆာက္သမ္တန္တိုက္စစ္မႉးဒန္နီအင္းစ္ကိုခ်န္လွပ္ခဲ့ပါတယ္။

ေဆာက္ဂိတ္ဟာညာေနာက္ခံလူေလးဦးအထိေ႐ြးခ်ယ္ခဲ့ၿပီးမတ္လတုန္းကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားတြင္ခ်န္လွပ္ခံခဲ့ရတဲ့လီဗာပူးေနာက္ခံလူထရန္းအလက္ဇႏၵားအာႏိုးမွာျပန္လည္ေ႐ြးခ်ယ္ျခင္းခံလာခဲ့ရပါတယ္။ဒါ့အျပင္နစ္ပုပ္ဒဏ္ရာေၾကာင့္အနားယူေနရမႈနဲ႔အတူေဆာက္ဂိတ္ဟာရွက္ဖီးလ္ယူႏိုက္တက္မွေအ႐ြန္ရမ္ဒယ္ကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

ေဆာက္ဂိတ္ဟာဒဏ္ရာေၾကာင့္သုံးလၾကာပြဲကစားႏိုင္ျခင္းမရွိတဲ့ေဂ်ာ္ဒန္ဟင္ဒါဆင္ကိုေ႐ြးခ်ယ္ခဲ့သလိုရာသီသိမ္းပြဲတြင္ပုခုံးဒဏ္ရာရရွိခဲ့တဲ့လိဒ္ကြင္းလယ္လူကယ္ဗင္ဖီးလစ္ကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

လက္စတာကြင္းလယ္တိုက္စစ္သမားမက္ဒီဆင္မွာလက္စတာကိုအက္ဖ္ေအဖလားရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ေသာ္လည္းခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။၎ႏွင့္အတူစပါးစ္ကြင္းလယ္ကစားသမားဒီလီအလီမွာလည္းခ်န္လွပ္ခံခဲ့ရပါတယ္။

အဂၤလန္ပမာဏလူစာရင္းတြင္ခ်န္ပီယံလိဂ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားရမယ့္အသင္းမ်ားမွကစားသမား၁၂ဦးအထိပါဝင္ေနရာေဆာက္ဂိတ္အေနျဖင့္ယခုအပတ္တြင္လူစုံတက္စုံျဖင့္ေလ့က်င့္ႏိုင္ဦးမွာမဟုတ္ပါဘူး။