အင်္ဂလန်ရဲ့ယူရို၂၀၂၀အဖွင့်ပွဲကို ဟယ်ရီမက်ဂွိုင်းယားလွဲချော်ရန် သေချာ

ဟယ်ရီမက်ဂွိုင်းယားက၎င်းမှာအပေါ့စားလေ့ကျင့်ခန်းစတင်ပြုလုပ်တဲ့ကာလတွင်သာရှိသေးကြောင်းဖွင့်ဟလာခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟာအပေါ့စားလေ့ကျင့်ခန်းသာပြုလုပ်နိုင်သေးမှုနဲ့အတူဇွန်လ၁၃ရက်နေ့တွင်ကစားရမယ့်အင်္ဂလန်ရဲ့ယူရို၂၀၂၀အဖွင့်ပွဲစဉ်ဖြစ်တဲ့ခရိုအေးရှားနှင့်ပွဲကိုလွဲချော်ဖို့သေချာနေပြီးအခြားအုပ်စုပွဲများတွင်လည်းပါဝင်ရန်မရေမရာဖြစ်နေပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်အပြီးသတ်ကစားသမား၂၆ဦးစာရင်းကိုထုတ်ပြန်ကြေညာခဲ့ရာမှာဒဏ်ရာရရှိနေဆဲကစားသမားများဖြစ်ကြတဲ့ဟယ်ရီမက်ဂွိုင်းယား၊ဟင်ဒါဆင်၊ဂျက်ဂရဲလ်လစ်ရှ်၊မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့အားရွေးချယ်ခဲ့ပါတယ်။

မက်ဂွိုင်းယားဟာပြီးခဲ့တဲ့လတုန်းကဗီလာနှင့်ပွဲစဉ်တွင်ခြေကျင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့သူလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားက “ပြေးတာလွှားတာလုပ်နိုင်ခဲ့ပါပြီ။ပထမပွဲကစားဖို့နှစ်ပတ်လောက်လိုသေးတော့အလျှင်စလိုခပ်ကြမ်းကြမ်းမလုပ်ချင်ပါဘူး။ပြီးတော့ဒါကကာလရှည်ကစားရမယ့်ပြိုင်ပွဲပါ။တစ်နေ့ပြီးတစ်နေ့တိုးတက်အောင်လုပ်သွားမယ်။အချိန်အပိုင်းအခြားသတ်မှတ်ထားတာတော့မရှိပါဘူး။ဒါပေမယ့်ပွဲပါဝင်ဖို့တော့ရည်မှန်းထားတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အဂၤလန္ရဲ႕ယူ႐ို၂၀၂၀အဖြင့္ပြဲကို ဟယ္ရီမက္ဂြိဳင္းယားလြဲေခ်ာ္ရန္ ေသခ်ာ

ဟယ္ရီမက္ဂြိဳင္းယားက၎မွာအေပါ့စားေလ့က်င့္ခန္းစတင္ျပဳလုပ္တဲ့ကာလတြင္သာရွိေသးေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ဟာအေပါ့စားေလ့က်င့္ခန္းသာျပဳလုပ္ႏိုင္ေသးမႈနဲ႔အတူဇြန္လ၁၃ရက္ေန႔တြင္ကစားရမယ့္အဂၤလန္ရဲ႕ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္ျဖစ္တဲ့ခ႐ိုေအးရွားႏွင့္ပြဲကိုလြဲေခ်ာ္ဖို႔ေသခ်ာေနၿပီးအျခားအုပ္စုပြဲမ်ားတြင္လည္းပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အၿပီးသတ္ကစားသမား၂၆ဦးစာရင္းကိုထုတ္ျပန္ေၾကညာခဲ့ရာမွာဒဏ္ရာရရွိေနဆဲကစားသမားမ်ားျဖစ္ၾကတဲ့ဟယ္ရီမက္ဂြိဳင္းယား၊ဟင္ဒါဆင္၊ဂ်က္ဂရဲလ္လစ္ရွ္၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္တို႔အားေ႐ြးခ်ယ္ခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာၿပီးခဲ့တဲ့လတုန္းကဗီလာႏွင့္ပြဲစဥ္တြင္ေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာရရွိခဲ့သူလည္းျဖစ္ပါတယ္။

မက္ဂြိဳင္းယားက “ေျပးတာလႊားတာလုပ္ႏိုင္ခဲ့ပါၿပီ။ပထမပြဲကစားဖို႔ႏွစ္ပတ္ေလာက္လိုေသးေတာ့အလွ်င္စလိုခပ္ၾကမ္းၾကမ္းမလုပ္ခ်င္ပါဘူး။ၿပီးေတာ့ဒါကကာလရွည္ကစားရမယ့္ၿပိဳင္ပြဲပါ။တစ္ေန႔ၿပီးတစ္ေန႔တိုးတက္ေအာင္လုပ္သြားမယ္။အခ်ိန္အပိုင္းအျခားသတ္မွတ္ထားတာေတာ့မရွိပါဘူး။ဒါေပမယ့္ပြဲပါဝင္ဖို႔ေတာ့ရည္မွန္းထားတယ္”လို႔ေျပာၾကားသြားပါတယ္။