အင်္ဂလန်ရဲ့ယူရို၂၀၂၀ ဗိုလ်လုပွဲလက်မှတ် အွန်လိုင်းတွင် ပေါင် ၅၀၀၀၀ အထိကြေးပေါက်နေ

အင်္ဂလန်ရဲ့သမိုင်းဝင်ယူရို၂၀၂၀ဗိုလ်လုပွဲအတွက်လက်မှတ်ဈေးနှုန်းမှာအွန်လိုင်းတွင်ပေါင်၅၀၀၀၀အထိကြေးပေါက်လျက်ရှိနေပါတယ်။

အင်္ဂလန်ပရိသတ်များဟာလာမယ့်တနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာကစားမယ့်အင်္ဂလန်နှင့်အီတလီတို့ရဲ့ယူရို၂၀၂၀ဗိုလ်လုပွဲအားသွားရောက်ကြည့်ရှုရန်ဆန္ဒပြင်းပြနေပါတယ်။

ယင်းသို့ယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲအားလာရောက်ကြည့်ရှုလိုတဲ့ပရိသတ်အလွန်များပြားနေမှုနဲ့အတူ လက်မှတ်အရောင်းဝက်ဘ်ဆိုက်များတွင်ဈေးနှုန်းမှာအလွန်မြင့်မားနေပါတယ်။

ယူအီးအက်ဖ်အေကပရိသတ်များအား လက်မှတ်ဈေးနှုန်းမတန်မဆပေးကာဝယ်ယူခြင်းမပြုလုပ်ရန်တိုက်တွန်းထားပါတယ်။

ဒါပေမယ့်ပရိသတ်များဟာ၅၅နှစ်အတွင်းပထမဆုံးဗိုလ်လုပွဲသို့တက်ရောက်ထားတဲ့အင်္ဂလန်အသင်းအားကိုယ်တိုင်ကိုယ်ကျအားပေးရန်ဆန္ဒပြင်းပြနေပါတယ်။

ဝင်ဘာလေကွင်းတွင်ကစားမယ့်ယူရို၂၀၂၀ဗိုလ်လုပွဲအားပရိသတ်၆၀၀၀၀ ဝင်ရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ယင်းပွဲသို့အီတလီပရိသတ်၁၀၀၀သာလာရောက်ကြည့်ပါမယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာတနင်္ဂနွေနေ့နံနက်ပိုင်းတွင်မီလန်နှင့်ရောမတို့မှပရိသတ်များကိုတင်ထားတဲ့လေယာဉ်ထွက်ခွာပြီးလန်ဒန်တွင်၁၂နာရီသာနေထိုင်မှာဖြစ်ပြီးပွဲအပြီးတွင်အီတလီသို့ပြန်ပါမယ်။

အီတလီပရိသတ်များဟာပွဲသွားမကြည့်မီတွင်ကိုဗစ်စစ်ဆေးမှုခံရမယ့်အပြင်အီတလီသို့ပြန်ရောက်ချိန်တွင်လည်းကွာရန်တင်း၅ရက်ဝင်ကာကိုဗစ်စစ်ဆေးမှုခံရပါဦးမယ်။

ZawGyi

အဂၤလန္ရဲ႕ယူ႐ို၂၀၂၀ ဗိုလ္လုပြဲလက္မွတ္ အြန္လိုင္းတြင္ ေပါင္ ၅၀၀၀၀ အထိေၾကးေပါက္ေန

အဂၤလန္ရဲ႕သမိုင္းဝင္ယူ႐ို၂၀၂၀ဗိုလ္လုပြဲအတြက္လက္မွတ္ေဈးႏႈန္းမွာအြန္လိုင္းတြင္ေပါင္၅၀၀၀၀အထိေၾကးေပါက္လ်က္ရွိေနပါတယ္။

အဂၤလန္ပရိသတ္မ်ားဟာလာမယ့္တနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာကစားမယ့္အဂၤလန္ႏွင့္အီတလီတို႔ရဲ႕ယူ႐ို၂၀၂၀ဗိုလ္လုပြဲအားသြားေရာက္ၾကည့္ရႈရန္ဆႏၵျပင္းျပေနပါတယ္။

ယင္းသို႔ယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲအားလာေရာက္ၾကည့္ရႈလိုတဲ့ပရိသတ္အလြန္မ်ားျပားေနမႈနဲ႔အတူ လက္မွတ္အေရာင္းဝက္ဘ္ဆိုက္မ်ားတြင္ေဈးႏႈန္းမွာအလြန္ျမင့္မားေနပါတယ္။

ယူအီးအက္ဖ္ေအကပရိသတ္မ်ားအား လက္မွတ္ေဈးႏႈန္းမတန္မဆေပးကာဝယ္ယူျခင္းမျပဳလုပ္ရန္တိုက္တြန္းထားပါတယ္။

ဒါေပမယ့္ပရိသတ္မ်ားဟာ၅၅ႏွစ္အတြင္းပထမဆုံးဗိုလ္လုပြဲသို႔တက္ေရာက္ထားတဲ့အဂၤလန္အသင္းအားကိုယ္တိုင္ကိုယ္က်အားေပးရန္ဆႏၵျပင္းျပေနပါတယ္။

ဝင္ဘာေလကြင္းတြင္ကစားမယ့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲအားပရိသတ္၆၀၀၀၀ ဝင္ေရာက္ၾကည့္ရႈမွာျဖစ္ပါတယ္။ယင္းပြဲသို႔အီတလီပရိသတ္၁၀၀၀သာလာေရာက္ၾကည့္ပါမယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာတနဂၤေႏြေန႔နံနက္ပိုင္းတြင္မီလန္ႏွင့္ေရာမတို႔မွပရိသတ္မ်ားကိုတင္ထားတဲ့ေလယာဥ္ထြက္ခြာၿပီးလန္ဒန္တြင္၁၂နာရီသာေနထိုင္မွာျဖစ္ၿပီးပြဲအၿပီးတြင္အီတလီသို႔ျပန္ပါမယ္။

အီတလီပရိသတ္မ်ားဟာပြဲသြားမၾကည့္မီတြင္ကိုဗစ္စစ္ေဆးမႈခံရမယ့္အျပင္အီတလီသို႔ျပန္ေရာက္ခ်ိန္တြင္လည္းကြာရန္တင္း၅ရက္ဝင္ကာကိုဗစ္စစ္ေဆးမႈခံရပါဦးမယ္။