အင်္ဂလန်ရဲ့ယူရို ၂၀၂၀ လူစာရင်းတွင် ချန်လှပ်ခံရမည်ကို လီဗာပူးကပ္ပတိန်ဟင်ဒါဆင်စိုးရိမ်နေ

ဂျော်ဒန်ဟင်ဒါဆင်ဟာယနေ့ညမှာလီဗာပူးကစားဖော်များနှင့်အတူချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုအတွက်အောင်ပွဲခံမှုပြုလုပ်ရာမှာပူးပေါင်းသွားနိုင်ပါတယ်။

ဒါပေမယ့်လီဗာပူးအသင်းခေါင်းဆောင်ရဲ့စိတ်ထဲမှာအင်မတန်စိုးရိမ်နေတဲ့အရာတစ်ခုကလည်းရှိနေပါတယ်။

ဟင်ဒါဆင်ဟာဒဏ်ရာမှအချိန်ပြန်လည်ကောင်းမွန်လာခြင်းမရှိကာအင်္ဂလန်အသင်းရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်လူစာရင်းမှာချန်လှပ်ခြင်းခံရမည်ကိုစိုးရိမ်နေရတာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာလာမယ့်အင်္ဂါနေ့မှာယူရို၂၀၂၀ပြိုင်ပွဲအတွက်အင်္ဂလန်အသင်းလူစာရင်းကိုထုတ်ပြန်ကြေညာသွားပါမယ်။

ဟင်ဒါဆင်ဟာဖေဖော်ဝါရီလတုန်းကပေါင်ခြံဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်အနားယူလာခဲ့ရသူဖြစ်ပြီးကြံ့ခိုင်မှုအပြည့်အဝရရှိလာမှုအချိန်မမှီမှာကိုစိုးရိမ်နေပါတယ်။

လီဗာပူးနည်းပြဂျာဂင်ဟင်ဒါဆင်ကတော့အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်မှာအင်္ဂလန်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ရန်အခွင့်အရေးအပြည့်အဝရှိနေကြောင်းဆိုထားပါတယ်။

အသက်၃၀နှစ်ရှိဟင်ဒါဆင်ဟာသောကြာနေ့တုန်းကလီဗာပူးအသင်းနှင့်အတူပထမဆုံးအကြိမ်လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာဖြစ်ပြီးကြံ့ခိုင်မှုပြည့်ဝရေးအတွက်အချိန်များစွာယူရမှာစိုးရိမ်နေပါတယ်။

အင်္ဂလန်ဟာဇွန်လ၁၃ရက်နေ့မှာခရိုအေးရှားနှင့်ယူရို၂၀၂၀အဖွင့်ပွဲမကစားမီဩစတြီးယား၊ရိုမေးနီးယားတို့နှင့်ခြေစမ်းပွဲကစားပါမယ်။

ZawGyi

အဂၤလန္ရဲ႕ယူ႐ို ၂၀၂၀ လူစာရင္းတြင္ ခ်န္လွပ္ခံရမည္ကို လီဗာပူးကပၸတိန္ဟင္ဒါဆင္စိုးရိမ္ေန

ေဂ်ာ္ဒန္ဟင္ဒါဆင္ဟာယေန႔ညမွာလီဗာပူးကစားေဖာ္မ်ားႏွင့္အတူခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမႈအတြက္ေအာင္ပြဲခံမႈျပဳလုပ္ရာမွာပူးေပါင္းသြားႏိုင္ပါတယ္။

ဒါေပမယ့္လီဗာပူးအသင္းေခါင္းေဆာင္ရဲ႕စိတ္ထဲမွာအင္မတန္စိုးရိမ္ေနတဲ့အရာတစ္ခုကလည္းရွိေနပါတယ္။

ဟင္ဒါဆင္ဟာဒဏ္ရာမွအခ်ိန္ျပန္လည္ေကာင္းမြန္လာျခင္းမရွိကာအဂၤလန္အသင္းရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္လူစာရင္းမွာခ်န္လွပ္ျခင္းခံရမည္ကိုစိုးရိမ္ေနရတာျဖစ္ပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာလာမယ့္အဂၤါေန႔မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္အဂၤလန္အသင္းလူစာရင္းကိုထုတ္ျပန္ေၾကညာသြားပါမယ္။

ဟင္ဒါဆင္ဟာေဖေဖာ္ဝါရီလတုန္းကေပါင္ၿခံဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ၿပီးေနာက္အနားယူလာခဲ့ရသူျဖစ္ၿပီးႀကံ့ခိုင္မႈအျပည့္အဝရရွိလာမႈအခ်ိန္မမွီမွာကိုစိုးရိမ္ေနပါတယ္။

လီဗာပူးနည္းျပဂ်ာဂင္ဟင္ဒါဆင္ကေတာ့အဂၤလန္ဒုတိယအသင္းေခါင္းေဆာင္မွာအဂၤလန္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္ရန္အခြင့္အေရးအျပည့္အဝရွိေနေၾကာင္းဆိုထားပါတယ္။

အသက္၃၀ႏွစ္ရွိဟင္ဒါဆင္ဟာေသာၾကာေန႔တုန္းကလီဗာပူးအသင္းႏွင့္အတူပထမဆုံးအႀကိမ္ေလ့က်င့္ခန္းျပန္ဆင္းႏိုင္တာျဖစ္ၿပီးႀကံ့ခိုင္မႈျပည့္ဝေရးအတြက္အခ်ိန္မ်ားစြာယူရမွာစိုးရိမ္ေနပါတယ္။

အဂၤလန္ဟာဇြန္လ၁၃ရက္ေန႔မွာခ႐ိုေအးရွားႏွင့္ယူ႐ို၂၀၂၀အဖြင့္ပြဲမကစားမီဩစႀတီးယား၊႐ိုေမးနီးယားတို႔ႏွင့္ေျခစမ္းပြဲကစားပါမယ္။