အင်္ဂလန်ရဲ့လျို့ဝှက်လက်နက်(သို့မဟုတ်) အင်္ဂလန်ကို လုံးဝကွဲပြားအောင် လုပ်ဆောင်ပေးနေတဲ့ စိတ်ပညာရှင်

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာကစားသမားများရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအခက်အခဲအကြပ်အတည်းများမကြုံတွေ့ရစေရန်အတွက်စိတ်ပညာရှင်ငှားရမ်းအသုံးပြုနေပါတယ်။

နိုင်ငံတကာပြိုင်ပွဲများတွင် ဆိုးရွားတဲ့သမိုင်းမှတ်တမ်းကြုံခဲ့ရပေမယ့်လည်းအင်္ဂလန်စတားများဟာစိတ်ပညာရှင်ရဲ့အကူအညီကြောင့်အင်္ဂလန်အသင်း Camp မှာပျော်ရွှင်စွာရှိနေကြတာတွေ့ရပါတယ်။

အင်္ဂလန်စတားများဟာ Camp အတွင်းမှာပျော်ရွှင်စွာရှိနေရုံသာမကအလွန်လည်းစည်းလုံးလျက်ရှိနေကာယနေ့ညတွင်ကစားမယ့်ဒိန်းမတ်ပွဲအတွက်အသင့်ဖြစ်နေတာတွေ့ရပါတယ်။

၂၀၁၆ခုနှစ်တုန်းကဝေးလ်အသင်းအတွက်အလုပ်လုပ်ခဲ့ဖူးတဲ့ဒေါက်တာအီယန်မစ်ချဲလ်ဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ဌာနအကြီးအကျယ်အဖြစ်တာဝန်ထမ်းဆောင်ကာအင်္ဂလန်စတားများရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးများကိုဖြေရှင်းပေးနေတာလည်းဖြစ်ပါတယ်။

နှိမ့်ချနေတတ်ပြီးနားလည်မှုများစွာပေးတတ်တဲ့ဒေါက်တာဟာယူရို၂၀၁၆တုန်းကဝေးလ်အသင်းအောင်မြင်မှုရရှိအောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလမှစတင်ကာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တွင်တာဝန်ထမ်းဆောင်လာသူဖြစ်ပါတယ်။

မီချဲလ်ဟာယူရို၂၀၁၆တုန်းကဝေးလ်ကစားသမားများအား စိတ်လက်ပေါ့ပါးမှုရှိနေစေရန်အတွက်စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပခြင်း၊ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပခြင်းတို့ပြုလုပ်စေခဲ့သူလည်းဖြစ်ပါတယ်။

မီချဲလ်ရဲ့လုပ်ဆောင်မှုများကြောင့် အင်္ဂလန်စတားများဟာယူရို၂၀၂၀ပြိုင်ပွဲကာလအတွင်းမှာ Camp မှာအကြီးအကျယ်ပျော်ရွှင်ကာတစ်ဦးနှင့်တစ်ဦးအလွန်အမင်းစည်းလုံးညီညွှတ်မှုရှိနေတာတွေ့ရပါတယ်။

ဝေးလ်အလယ်တန်းကစားသမားဟောင်းဒေးဗစ်အက်ဒ်ဝတ်ကမီချဲလ်ရဲ့အကူအညီကြောင့်အင်္ဂလန်အသင်းမှာအလွန်းစည်းလုံးမှုရှိတဲ့အသင်းအဖြစ်ပြောင်းလဲနေစေလျက်ရှိကြောင်းဆိုသွားပါတယ်။

၎င်းက “မီချဲလ်ကကျွန်တော်တို့ကိုကူညီခဲ့ဖူးပါတယ်။အခုအင်္ဂလန်ကိုကူညီနေပါတယ်။အခုအင်္ဂလန်အသင်းကယခင်အင်္ဂလန်အသင်းနဲ့ရာနှုန်းပြည့်ကွဲပြားနေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အဂၤလန္ရဲ႕လ်ိဳ႕ဝွက္လက္နက္(သို႔မဟုတ္) အဂၤလန္ကို လုံးဝကြဲျပားေအာင္ လုပ္ေဆာင္ေပးေနတဲ့ စိတ္ပညာရွင္

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာကစားသမားမ်ားရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာအခက္အခဲအၾကပ္အတည္းမ်ားမႀကဳံေတြ႕ရေစရန္အတြက္စိတ္ပညာရွင္ငွားရမ္းအသုံးျပဳေနပါတယ္။

ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္ ဆိုး႐ြားတဲ့သမိုင္းမွတ္တမ္းႀကဳံခဲ့ရေပမယ့္လည္းအဂၤလန္စတားမ်ားဟာစိတ္ပညာရွင္ရဲ႕အကူအညီေၾကာင့္အဂၤလန္အသင္း Camp မွာေပ်ာ္႐ႊင္စြာရွိေနၾကတာေတြ႕ရပါတယ္။

အဂၤလန္စတားမ်ားဟာ Camp အတြင္းမွာေပ်ာ္႐ႊင္စြာရွိေန႐ုံသာမကအလြန္လည္းစည္းလုံးလ်က္ရွိေနကာယေန႔ညတြင္ကစားမယ့္ဒိန္းမတ္ပြဲအတြက္အသင့္ျဖစ္ေနတာေတြ႕ရပါတယ္။

၂၀၁၆ခုႏွစ္တုန္းကေဝးလ္အသင္းအတြက္အလုပ္လုပ္ခဲ့ဖူးတဲ့ေဒါက္တာအီယန္မစ္ခ်ဲလ္ဟာ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စိတ္ပိုင္းဆိုင္ရာစြမ္းေဆာင္ရည္ဌာနအႀကီးအက်ယ္အျဖစ္တာဝန္ထမ္းေဆာင္ကာအဂၤလန္စတားမ်ားရဲဲ့စိတ္ပိုင္းဆိုင္ရာအတားအဆီးမ်ားကိုေျဖရွင္းေပးေနတာလည္းျဖစ္ပါတယ္။

ႏွိမ့္ခ်ေနတတ္ၿပီးနားလည္မႈမ်ားစြာေပးတတ္တဲ့ေဒါက္တာဟာယူ႐ို၂၀၁၆တုန္းကေဝးလ္အသင္းေအာင္ျမင္မႈရရွိေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။သူဟာ၂၀၁၈ခုႏွစ္၊ေဖေဖာ္ဝါရီလမွစတင္ကာအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္တြင္တာဝန္ထမ္းေဆာင္လာသူျဖစ္ပါတယ္။

မီခ်ဲလ္ဟာယူ႐ို၂၀၁၆တုန္းကေဝးလ္ကစားသမားမ်ားအား စိတ္လက္ေပါ့ပါးမႈရွိေနေစရန္အတြက္စားပြဲတင္တင္းနစ္ၿပိဳင္ပြဲက်င္းပျခင္း၊ဉာဏ္စမ္းပေဟဠိၿပိဳင္ပြဲက်င္းပျခင္းတို႔ျပဳလုပ္ေစခဲ့သူလည္းျဖစ္ပါတယ္။

မီခ်ဲလ္ရဲ႕လုပ္ေဆာင္မႈမ်ားေၾကာင့္ အဂၤလန္စတားမ်ားဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကာလအတြင္းမွာ Camp မွာအႀကီးအက်ယ္ေပ်ာ္႐ႊင္ကာတစ္ဦးႏွင့္တစ္ဦးအလြန္အမင္းစည္းလုံးညီၫႊတ္မႈရွိေနတာေတြ႕ရပါတယ္။

ေဝးလ္အလယ္တန္းကစားသမားေဟာင္းေဒးဗစ္အက္ဒ္ဝတ္ကမီခ်ဲလ္ရဲ႕အကူအညီေၾကာင့္အဂၤလန္အသင္းမွာအလြန္းစည္းလုံးမႈရွိတဲ့အသင္းအျဖစ္ေျပာင္းလဲေနေစလ်က္ရွိေၾကာင္းဆိုသြားပါတယ္။

၎က “မီခ်ဲလ္ကကြၽန္ေတာ္တို႔ကိုကူညီခဲ့ဖူးပါတယ္။အခုအဂၤလန္ကိုကူညီေနပါတယ္။အခုအဂၤလန္အသင္းကယခင္အဂၤလန္အသင္းနဲ႔ရာႏႈန္းျပည့္ကြဲျပားေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။