အင်္ဂလန်ရဲ့အကောင်းဆုံးအလယ်တန်းကစားသမားက ဘယ်သူလဲဆိုတာ ရီယိုဖာဒီနန်ပြောကြားလာ

မန်ယူဂန္ထဝင်ကစားသမားရီယိုဖာဒီနန်ကဝက်စ်ဟမ်းကွင်းလယ်ကစားသမားဒက်လန်းရိုက်မှာလက်ရှိအချိန်တွင်အင်္ဂလန်ရဲ့အကောင်းဆုံးအလယ်တန်းကစားသမားဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၂နှစ်ရှိရိုက်ဟာဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းစီမံကိန်းတွင်အဓိကနေရာမှပါဝင်နေသူဖြစ်ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်နိုင်အောင်ကူညီပေးထားပါတယ်။

ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာအသင်းနှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးယခုရာသီတွင်ဝက်စ်ဟမ်းရဲ့ပရီးမီးယားလိဂ်ပွဲ၁၁ပွဲလုံးကိုမိနစ်တိုင်းကစားထားသူဖြစ်ပါတယ်။

ရိုက်ဟာနွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲတွင်လိဒ်စတားကယ်ဗင်ဖီးလစ်နှင့်တွဲကာခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းသူ့ကိုချဲလ်ဆီး၊မန်ယူတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဖာဒီနန်က “သူကလက်ရှိဒီနိုင်ငံမှာအကောင်းဆုံးအလယ်တန်းကစားသမားပါ။သူကပွဲကိုလွှမ်းမိုးထားနိုင်တယ်။တည်တည်ငြိမ်ငြိမ်နဲ့ကစားတယ်။ယူရိုမှာသူ့ကိုကွဲပြားစေခဲ့ပါတယ်။သူ့ရဲ့ပွဲကိုစီမံခန့်ခွဲမှု၊ပွဲတစ်ပွဲကိုအပြောင်းအလဲလုပ်ပုံတို့ကိုရာသီအစောပိုင်းတုန်းကနယူးကာဆယ်နဲ့ပွဲမှာလည်းမြင်ခဲ့ရပါတယ်။အခုဆိုဂိုးတွေပါသွင်းလာပါတယ်။သူကငယ်ရွယ်ပေမယ့်ရင့်ကျက်တဲ့ကစားဟန်နဲ့ကစားနိုင်ပါတယ်။နောက်ထပ်အများကြီးကောင်းလာပါဦးမယ်”လို့ပြောကြားခဲ့ပါတယ်။

ရိုက်ဟာဝက်စ်ဟမ်းမှာပျော်ရွှင်နေပေမယ့်လည်းဝက်စ်ဟမ်းရဲ့စာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းမှုကိုနှစ်ကြိမ်တိုင်တိုင်ပယ်ချထားခဲ့ပြီးဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာယခုရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်မျှော်မှန်းထားနိုင်မှုနဲ့အတူဒက်လန်းရိုက်ကိုတည်ပြီးအသင်းရဲ့အနာဂတ်ကိုတည်ဆောက်ရန်စီစဉ်ထားပြီးပေါင်သန်း၁၀၀ဖြင့်ကမ်းလှမ်းလာပါကလည်းမရောင်းရန်စီစဉ်ထားပါတယ်။

ZawGyi








