အင်္ဂလန်ရဲ့Golden Generation တွင် ပါရမီအရှိဆုံးကစားသမားကို အင်္ဂလန်နည်းပြဟောင်းအဲရစ်ဆင်ဖွင့်ဟလာ

အင်္ဂလန်နည်းပြဟောင်းဆဗင်ဂိုရန်အဲရစ်ဆင်ဟာသူဦးဆောင်ခဲ့တဲ့ အင်္ဂလန်ရဲ့Golden Generation တွင်ပါရမီအရှိဆုံးကစားသမားလို့သူယုံကြည်သူကိုဖွင့်ဟလာပါတယ်။

၂၀၀၁ ခုနှစ်တုန်းကအင်္ဂလန်ရဲ့အမှုဆောင်ချုပ်အဒမ်ခရိုဇီယာကဝိန်းရွန်းနီ၊ဒေးဗစ်ဘက်ဟမ်း၊စတီဗင်ဂျရတ်၊ပေါလ်စခိုးတို့ပါဝင်တဲ့အင်္ဂလန်အသင်းကို Golden Generation လို့တင်စားပြောဆိုခဲ့ပါတယ်။

၎င်းကအင်္ဂလန်အသင်းမှာ၂၀၀၆ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်တဲ့အသင်းဖြစ်ကြောင်းလည်းဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့လည်းအဲရစ်ဆင်ဦးဆောင်တဲ့အင်္ဂလန်အသင်းဟာဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်တွင်ပေါ်တူဂီအသင်းကိုရှုံးနိမ့်ကာထွက်ခွာခဲ့ရပါတယ်။

ထိုစဉ်တုန်းကအင်္ဂလန်အသင်းကိုဦးဆောင်ခဲ့တဲ့အဲရစ်ဆင်ဟာသူဦးဆောင်ခဲ့တဲ့ အင်္ဂလန်ရဲ့Golden Generation အသင်းမှပါရမီအရှိဆုံးကစားသမားကိုရွေးချယ်ပြောဆိုလာပါတယ်။

အဲရစ်ဆင်က “ပေါလ်စခိုးကတော့ကျွန်တော်ကိုင်တွယ်ခဲ့ဖူးသမျှကစားသမားတွေထဲမှာပါရမီအရှိဆုံးကစားသမားလို့ထင်တယ်။သူ့မှာအားလုံးရှိတယ်။ကျွန်တော့်ကိုင်တွယ်တုန်းကအရမ်းကောင်းတဲ့သူတွေအများကြီးရှိတယ်။(ဝိန်း)ရွန်းနီ၊(ဒေးဗစ်)ဘက်ဟမ်း၊ရီယို(ဖာဒီနန်)၊ဂျွန်(တယ်ရီ)၊(မိုက်ကယ်)အိုဝင်တို့ရှိတယ်။ဒါပေမဲ့ပေါလ်စခိုးကကွင်းလယ်ဖန်တီးရှင်၊အဆုံးသတ်သမား။ခံစစ်ပိုင်းမှာလည်းသူကကမ္ဘာ့အကောင်းဆုံးမဟုတ်ပေမဲ့ သူလုပ်နိုင်တယ်။သူကတကယ့်ကိုထူးချွန်တဲ့ကစားသမားတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

ပြင်သစ်နှင့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဇီဒန်းဟာလည်းသူဘောလုံးကစားနေတုန်းကပေါလ်စခိုးကိုကမ္ဘာ့အကောင်းဆုံးကစားသမားလို့တင်စားပြောဆိုခဲ့ဖူးပါတယ်။

ဇီဒန်းက “သူ့လုပ်တာတွေအားလုံးနီးပါးကထိလို့မရတာတွေချည်းပဲ။သူကစားတာကိုကြည့်လို့ကိုမဝဘူး။ပြီးပြည့်စုံတဲ့ကစားသမားဖြစ်ဖို့ဆိုတာအရမ်းခက်တယ်။ဒါပေမဲ့ပေါလ်စခိုးကအားလုံးနီးပါးပြီးပြည့်စုံလုနီးပါးပဲ။ကျွန်တော်နောင်တရတာတစ်ခုကတော့သူနဲ့အတူတွဲမကစားခဲ့ရတာပါ”လို့ပြောကြားခဲ့ဖူးပါတယ်။

ZawGyi

အဂၤလန္ရဲ႕Golden Generation တြင္ ပါရမီအရွိဆုံးကစားသမားကို အဂၤလန္နည္းျပေဟာင္းအဲရစ္ဆင္ဖြင့္ဟလာ

အဂၤလန္နည္းျပေဟာင္းဆဗင္ဂိုရန္အဲရစ္ဆင္ဟာသူဦးေဆာင္ခဲ့တဲ့ အဂၤလန္ရဲ႕Golden Generation တြင္ပါရမီအရွိဆုံးကစားသမားလို႔သူယုံၾကည္သူကိုဖြင့္ဟလာပါတယ္။

၂၀၀၁ ခုႏွစ္တုန္းကအဂၤလန္ရဲ႕အမႈေဆာင္ခ်ဳပ္အဒမ္ခ႐ိုဇီယာကဝိန္း႐ြန္းနီ၊ေဒးဗစ္ဘက္ဟမ္း၊စတီဗင္ဂ်ရတ္၊ေပါလ္စခိုးတို႔ပါဝင္တဲ့အဂၤလန္အသင္းကို Golden Generation လို႔တင္စားေျပာဆိုခဲ့ပါတယ္။

၎ကအဂၤလန္အသင္းမွာ၂၀၀၆ကမာၻ႔ဖလားခ်န္ပီယံျဖစ္ႏိုင္တဲ့အသင္းျဖစ္ေၾကာင္းလည္းဆိုသြားခဲ့ပါတယ္။

ဒါေပမဲ့လည္းအဲရစ္ဆင္ဦးေဆာင္တဲ့အဂၤလန္အသင္းဟာဂ်ာမနီကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ ကြာတားဖိုင္နယ္တြင္ေပၚတူဂီအသင္းကိုရႈံးနိမ့္ကာထြက္ခြာခဲ့ရပါတယ္။

ထိုစဥ္တုန္းကအဂၤလန္အသင္းကိုဦးေဆာင္ခဲ့တဲ့အဲရစ္ဆင္ဟာသူဦးေဆာင္ခဲ့တဲ့ အဂၤလန္ရဲ႕Golden Generation အသင္းမွပါရမီအရွိဆုံးကစားသမားကိုေ႐ြးခ်ယ္ေျပာဆိုလာပါတယ္။

အဲရစ္ဆင္က “ေပါလ္စခိုးကေတာ့ကြၽန္ေတာ္ကိုင္တြယ္ခဲ့ဖူးသမွ်ကစားသမားေတြထဲမွာပါရမီအရွိဆုံးကစားသမားလို႔ထင္တယ္။သူ႔မွာအားလုံးရွိတယ္။ကြၽန္ေတာ့္ကိုင္တြယ္တုန္းကအရမ္းေကာင္းတဲ့သူေတြအမ်ားႀကီးရွိတယ္။(ဝိန္း)႐ြန္းနီ၊(ေဒးဗစ္)ဘက္ဟမ္း၊ရီယို(ဖာဒီနန္)၊ဂြၽန္(တယ္ရီ)၊(မိုက္ကယ္)အိုဝင္တို႔ရွိတယ္။ဒါေပမဲ့ေပါလ္စခိုးကကြင္းလယ္ဖန္တီးရွင္၊အဆုံးသတ္သမား။ခံစစ္ပိုင္းမွာလည္းသူကကမာၻ႔အေကာင္းဆုံးမဟုတ္ေပမဲ့ သူလုပ္ႏိုင္တယ္။သူကတကယ့္ကိုထူးခြၽန္တဲ့ကစားသမားတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္ႏွင့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ဇီဒန္းဟာလည္းသူေဘာလုံးကစားေနတုန္းကေပါလ္စခိုးကိုကမာၻ႔အေကာင္းဆုံးကစားသမားလို႔တင္စားေျပာဆိုခဲ့ဖူးပါတယ္။

ဇီဒန္းက “သူ႔လုပ္တာေတြအားလုံးနီးပါးကထိလို႔မရတာေတြခ်ည္းပဲ။သူကစားတာကိုၾကည့္လို႔ကိုမဝဘူး။ၿပီးျပည့္စုံတဲ့ကစားသမားျဖစ္ဖို႔ဆိုတာအရမ္းခက္တယ္။ဒါေပမဲ့ေပါလ္စခိုးကအားလုံးနီးပါးၿပီးျပည့္စုံလုနီးပါးပဲ။ကြၽန္ေတာ္ေနာင္တရတာတစ္ခုကေတာ့သူနဲ႔အတူတြဲမကစားခဲ့ရတာပါ”လို႔ေျပာၾကားခဲ့ဖူးပါတယ္။