အင်္ဂလန်ရှုံးပွဲကြောင့် ငိုနေခဲ့ဂျာမန်ကလေးမလေးအတွက် ပေါင် ၂၅၀၀၀ ကျော် ဘာကြောင့် ရှာပေးခဲ့သလဲ?

ယူရို၂၀၂၀ပြိုင်ပွဲတွင်ဂျာမနီအားရှုံးနိမ့်တဲ့ပွဲစဉ်မှာငိုယိုနေခဲ့တဲ့ဂျာမန်ကလေးမလေးအတွက်ရန်ပုံငွေပေါင်၂၃၂၈၅ရှာဖွေပေးခဲ့ရတဲံအကြောင်းရင်းကို JustGiving စာမျက်နှာဖွင့်လှစ်သူကဖွင့်ဟပြောကြားမှုပြုလုပ်လာပါတယ်။

အင်္ဂလန်ဟာပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကဝင်ဘာလေကွင်းမှာဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲစဉ်မှာရုပ်သံကင်မရာဟာကွင်းအတွင်းရှိဖခင်ရဲ့လက်မောင်းထက်တွင်ငိိုယိုနေတဲ့ကလေးမလေးတစ်ဦးကိုရိုက်ကူးပြုသမှုပြုလုပ်ခဲ့ပါတယ်။

စိတ်မကောင်းစရာကောင်းတာကတော့ယင်းဓာတ်ပုံမှာဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားခဲ့ပြီး တိုက်ခိုက်ပြောကြားခြင်း၊လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ပြောဆိုခြင်းတို့ခံခဲ့ရပါတယ်။

ဒါကြောင့်လည်းဝေးလ်နိုင်ငံသားဟုချ်ဟာကလေးမလေးတစ်ဦးအဖြစ်သာရှိသေးတဲ့ကလေးမလေးအားဝိုင်းဝန်းတိုက်ခိုက်နေမှုအပေါ်ဖြေသိမ့်နိုင်ရန်အတွက် JustGiving တွင်သူမအတွက်ပေါင်၅၀၀ ပေးပြီးနှစ်သိမ့်နိုင်ရန်ရည်ရွယ်ချက်ဖြင့်စာမျက်နှာဖွင့်လှစ်ကာအလှူငွေကောက်ခံခဲ့ရပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့ကလေးမလေးရဲ့အဖြစ်ကိုစာနာတဲ့အင်္ဂလိပ်ပရိသတ်များကပင်ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့ပြီးပေါင်၂၆၅၈၉အထိရရှိခဲ့ပါတယ်။

ယင်းသို့ငွေကြေးများစွာရရှိလာမှုနဲ့အတူဟုချ်ရဲ့လုပ်ဆောင်မှုနဲ့ပတ်သက်ပြီးလူတွေကမေးခွန်းထုတ်လာနေပါတယ်။အထူးသဖြင့်ဘာရည်ရွယ်ချက်ဖြင့်ယင်းကလေးမလေးအတွက်ငွေကြေးရှာဖွေပေးရသလဲဆိုတာပါ။

ယခုအခါဟုချ်က “ဘောလုံးပွဲတစ်ပွဲမှာသူမအသင်းရှုံးလို့ငိုနေတဲ့ကလေးမလေးတစ်ဦးအတွက်လုပ်ဆောင်လိုက်တာမဟုတ်ပါဘူး။ဆိုရှယ်မီဒီယာမှာတိုက်ခိုက်ပြောဆိုနေကြတာကိုတားဆီးနိုင်ဖို့ရည်မှန်းချက်နဲ့လုပ်ဆောင်လိုက်တာပါ။အပြုသဘောဆောင်တာတွေတွေးတောလုပ်ဖို့ရည်ရွယ်ချက်နဲ့ပါ။ဗြိတိန်ကတစ်ချို့လူတွေအပြုသဘောမဆောင်တာလုပ်ပေမယ့်ကျွန်တော်တို့ဥရောပကသူငယ်ချင်းတွေအားလုံးကသူတို့တွေလိုမဟုတ်ဘူးဆိုတာပြသဖို့ပါ”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်ဟုချ်ကိုယ်တိုင်မှာလည်းအထက်ပါဖြစ်ရပ်နဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာမှာတိုက်ခိုက်ပြောဆိုခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

အဂၤလန္ရႈံးပြဲေၾကာင့္ ငိုေနခဲ့ဂ်ာမန္ကေလးမေလးအတြက္ ေပါင္ ၂၅၀၀၀ ေက်ာ္ ဘာေၾကာင့္ ရွာေပးခဲ့သလဲ?

ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဂ်ာမနီအားရႈံးနိမ့္တဲ့ပြဲစဥ္မွာငိုယိုေနခဲ့တဲ့ဂ်ာမန္ကေလးမေလးအတြက္ရန္ပုံေငြေပါင္၂၃၂၈၅ရွာေဖြေပးခဲ့ရတဲံအေၾကာင္းရင္းကို JustGiving စာမ်က္ႏွာဖြင့္လွစ္သူကဖြင့္ဟေျပာၾကားမႈျပဳလုပ္လာပါတယ္။

အဂၤလန္ဟာၿပီးခဲ့တဲ့အဂၤါေန႔တုန္းကဝင္ဘာေလကြင္းမွာဂ်ာမနီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းပြဲစဥ္မွာ႐ုပ္သံကင္မရာဟာကြင္းအတြင္းရွိဖခင္ရဲ႕လက္ေမာင္းထက္တြင္ငိိုယိုေနတဲ့ကေလးမေလးတစ္ဦးကို႐ိုက္ကူးျပဳသမႈျပဳလုပ္ခဲ့ပါတယ္။

စိတ္မေကာင္းစရာေကာင္းတာကေတာ့ယင္းဓာတ္ပုံမွာဆိုရွယ္မီဒီယာမွာျပန႔္ႏွံ႔သြားခဲ့ၿပီး တိုက္ခိုက္ေျပာၾကားျခင္း၊လိင္ပိုင္းဆိုင္ရာတိုက္ခိုက္ေျပာဆိုျခင္းတို႔ခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းေဝးလ္ႏိုင္ငံသားဟုခ်္ဟာကေလးမေလးတစ္ဦးအျဖစ္သာရွိေသးတဲ့ကေလးမေလးအားဝိုင္းဝန္းတိုက္ခိုက္ေနမႈအေပၚေျဖသိမ့္ႏိုင္ရန္အတြက္ JustGiving တြင္သူမအတြက္ေပါင္၅၀၀ ေပးၿပီးႏွစ္သိမ့္ႏိုင္ရန္ရည္႐ြယ္ခ်က္ျဖင့္စာမ်က္ႏွာဖြင့္လွစ္ကာအလႉေငြေကာက္ခံခဲ့ရပါတယ္။

ဒါေပမယ့္တကယ္တမ္းမွာေတာ့ကေလးမေလးရဲ႕အျဖစ္ကိုစာနာတဲ့အဂၤလိပ္ပရိသတ္မ်ားကပင္ေငြေၾကးလႉဒါန္းမႈျပဳလုပ္ခဲ့ၿပီးေပါင္၂၆၅၈၉အထိရရွိခဲ့ပါတယ္။

ယင္းသို႔ေငြေၾကးမ်ားစြာရရွိလာမႈနဲ႔အတူဟုခ်္ရဲ႕လုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီးလူေတြကေမးခြန္းထုတ္လာေနပါတယ္။အထူးသျဖင့္ဘာရည္႐ြယ္ခ်က္ျဖင့္ယင္းကေလးမေလးအတြက္ေငြေၾကးရွာေဖြေပးရသလဲဆိုတာပါ။

ယခုအခါဟုခ်္က “ေဘာလုံးပြဲတစ္ပြဲမွာသူမအသင္းရႈံးလို႔ငိုေနတဲ့ကေလးမေလးတစ္ဦးအတြက္လုပ္ေဆာင္လိုက္တာမဟုတ္ပါဘူး။ဆိုရွယ္မီဒီယာမွာတိုက္ခိုက္ေျပာဆိုေနၾကတာကိုတားဆီးႏိုင္ဖို႔ရည္မွန္းခ်က္နဲ႔လုပ္ေဆာင္လိုက္တာပါ။အျပဳသေဘာေဆာင္တာေတြေတြးေတာလုပ္ဖို႔ရည္႐ြယ္ခ်က္နဲ႔ပါ။ၿဗိတိန္ကတစ္ခ်ိဳ႕လူေတြအျပဳသေဘာမေဆာင္တာလုပ္ေပမယ့္ကြၽန္ေတာ္တို႔ဥေရာပကသူငယ္ခ်င္းေတြအားလုံးကသူတို႔ေတြလိုမဟုတ္ဘူးဆိုတာျပသဖို႔ပါ”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ဟုခ်္ကိုယ္တိုင္မွာလည္းအထက္ပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီးဆိုရွယ္မီဒီယာမွာတိုက္ခိုက္ေျပာဆိုျခင္းခံခဲ့ရသူျဖစ္ပါတယ္။