အင်္ဂလန်သမိုင်းတွင် အချိန်အကြာဆုံးဂိုးမပေးရသူအဖြစ် ပစ်ဖို့ဒ်စံချိန်သစ်ရေးထိုး

ဂျော်ဒန်ပစ်ဖို့ဒ်ဟာအင်္ဂလန်သမိုင်းတွင်အချိန်အကြာဆုံးဂိုးမပေးရတဲ့ဂိုးသမားအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာမနေ့ညတုန်းကဒိန်းမတ်ကိုအနိုင်ရရှိတဲ့ပွဲရဲ့ပထမပိုင်းမှာဂိုးပေးခဲ့ရပေမယ့်လည်း၇၂၅မိနစ်ဆက်တိုက်ဂိုးမပေးခဲ့ရမှုနဲ့အတူယခင်စံချိန်ရှင်ဂေါ်ဒွန်ဘန့်ရဲ့စံချိန်အားရိုက်ချိုးကာစံချိန်သစ်ရေးထိုးလာပြီဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာဂေါ်ဒွန်ဘန့်ရဲ့စံချိန်ကိုရိုက်ချိုးပြီး၅မိနစ်အကြာမှာဘဲမီခေးလ်ဒမ်ဂတ်ရဲ့ဖရီးကစ်ဂိုးကိုပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဒမ်ဂတ်ရဲ့ဂိုးဟာယူရို၂၀၂၀ပြိုင်ပွဲမှာပထမဆုံးရရှိခဲ့တဲ့ဖရီးကစ်ဂိုးလည်းဖြစ်ပါတယ်။

ဂေါ်ဒွန်ဘန့်ဟာ၁၉၆၆ခုနှစ်၊မေလမှဇူလိုင်လအထိ၇၂၀မိနစ်ကြာဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာဒိန်းမတ်နှင့်ပွဲမှာဂိုးပေးခဲ့ရပေမယ့်လည်းယူရို၂၀၂၀ပြိုင်ပွဲမှာဂိုးမပေးရတဲ့ပွဲ၅ပွဲရရှိထားမှုနဲ့အတူယူရို၂၀၂၀ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆွတ်ခူးရန်သေချာနေပြီလည်းဖြစ်ပါတယ်။

ZawGyi

အဂၤလန္သမိုင္းတြင္ အခ်ိန္အၾကာဆုံးဂိုးမေပးရသူအျဖစ္ ပစ္ဖို႔ဒ္စံခ်ိန္သစ္ေရးထိုး

ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာအဂၤလန္သမိုင္းတြင္အခ်ိန္အၾကာဆုံးဂိုးမေပးရတဲ့ဂိုးသမားအျဖစ္သမိုင္းမွတ္တမ္းေရးထိုးလိုက္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာမေန႔ညတုန္းကဒိန္းမတ္ကိုအႏိုင္ရရွိတဲ့ပြဲရဲ႕ပထမပိုင္းမွာဂိုးေပးခဲ့ရေပမယ့္လည္း၇၂၅မိနစ္ဆက္တိုက္ဂိုးမေပးခဲ့ရမႈနဲ႔အတူယခင္စံခ်ိန္ရွင္ေဂၚဒြန္ဘန႔္ရဲ႕စံခ်ိန္အား႐ိုက္ခ်ိဳးကာစံခ်ိန္သစ္ေရးထိုးလာၿပီျဖစ္ပါတယ္။

ပစ္ဖို႔ဒ္ဟာေဂၚဒြန္ဘန႔္ရဲ႕စံခ်ိန္ကို႐ိုက္ခ်ိဳးၿပီး၅မိနစ္အၾကာမွာဘဲမီေခးလ္ဒမ္ဂတ္ရဲ႕ဖရီးကစ္ဂိုးကိုေပးခဲ့ရတာလည္းျဖစ္ပါတယ္။ဒမ္ဂတ္ရဲ႕ဂိုးဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာပထမဆုံးရရွိခဲ့တဲ့ဖရီးကစ္ဂိုးလည္းျဖစ္ပါတယ္။

ေဂၚဒြန္ဘန႔္ဟာ၁၉၆၆ခုႏွစ္၊ေမလမွဇူလိုင္လအထိ၇၂၀မိနစ္ၾကာဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ပစ္ဖို႔ဒ္ဟာဒိန္းမတ္ႏွင့္ပြဲမွာဂိုးေပးခဲ့ရေပမယ့္လည္းယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဂိုးမေပးရတဲ့ပြဲ၅ပြဲရရွိထားမႈနဲ႔အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ေ႐ႊလက္အိတ္ဆြတ္ခူးရန္ေသခ်ာေနၿပီလည္းျဖစ္ပါတယ္။