မန်ယူသို့ မခေါ်ဆောင်နိုင်ခဲ့မှုလို့ ဖာဂူဆန် နောင်တရရတဲ့ အင်္ဂလန်သူရဲကောင်း

ဆာအဲလက်စ်ဖာဂူဆန်ကအင်္ဂလန်သူရဲကောင်းပေါလ်ဂတ်စ်ကွိုင်နီအားအိုးထရက်ဖို့ဒ်သို့မခေါ်ဆောင်နိုင်ခဲ့မှုမှာသူ့ရဲ့နည်းပြဘဝတွင်မလုပ်ဆောင်နိုင်ခဲ့မှုအတွက်နောင်တရတဲ့အကြောင်းအရာများထဲမှတစ်ခုဖြစ်ကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

အသက်၇၉နှစ်ရှိဆာအဲလက်စ်ဖာဂူဆန်ဟာမန်ယူအသင်းကိုကိုင်တွယ်တုန်းကကမ္ဘာ့အဆင့်ပါရမီရှင်များဖြစ်ကြတဲ့ပေါလ်စခိုး၊ရိုင်ယန်ဂစ်၊ဒေးဗစ်ဘက်ဟမ်း၊ခရစ္စတီယာနိုရော်နယ်ဒို၊အဲရစ်ကန်တိုနာစတဲ့သူများနှင့်လက်တွဲခဲ့ဖူးပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဂတ်စကွိုင်နီဟာနယူးကာဆယ်၊စပါးစ်၊လာဇီယို၊ရိန်းဂျား၊မစ်ဒယ်ဘရော့၊အဲဗာတန်တို့တွင်အောင်မြင်မှုများရယူနိုင်ခဲ့ပါတယ်။

ဂတ်စကွိုင်နီဟာ၁၉၈၀ခုနှစ်များနောက်ပိုင်းတွင်မန်ယူသို့ပြောင်းမယ်လို့သတင်းများထွက်ခဲ့ပေမယ့်လည်းအပြောင်းအရွှေ့မှာပျက်ပြယ်သွားခဲ့ပါတယ်။

ဖာဂူဆန်ကပေါလ်ဂတ်စကွိုင်နီမှာဆာဘော်လ်ဘီချာလ်တန်နောက်ပိုင်းတွင်အကောင်းဆုံးအင်္ဂလန်ကစားသမားဖြစ်ကြောင်း၊သူ့ကိုခေါ်ယူရန်ဆန္ဒရှိခဲ့ကြောင်းဆိုသွားပါတယ်။

ဖာဂူဆန်က “ဂတ်စကွိုင်နီကမေးခွန်းထုတ်စရာမလိုတဲ့သူပါ။သူကဘော်လ်ဘီချာလ်တန်နောက်ပိုင်းအကောင်းဆုံးအင်္ဂလိပ်ကစားသမားပါ။သူကအရမ်းကောင်းတဲ့သူလို့ထင်ပါတယ်။ကံဆိုးစွာဘဲသူ့ကိုမခေါ်ယူနိုင်ခဲ့ပါဘူး။အခုအတိတ်ကိုပြန်ကြည့်ရင်သူဟာအမှားကြီးတစ်ခုလုပ်ခဲ့မိပါတယ်။သူဟာသူ့အမှားကိုနောက်ပိုင်းမှာမှသတိပြုမိသွားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူသို႔ မေခၚေဆာင္ႏိုင္ခဲ့မႈလို႔ ဖာဂူဆန္ ေနာင္တရရတဲ့ အဂၤလန္သူရဲေကာင္း

ဆာအဲလက္စ္ဖာဂူဆန္ကအဂၤလန္သူရဲေကာင္းေပါလ္ဂတ္စ္ကြိဳင္နီအားအိုးထရက္ဖို႔ဒ္သို႔မေခၚေဆာင္ႏိုင္ခဲ့မႈမွာသူ႔ရဲ႕နည္းျပဘဝတြင္မလုပ္ေဆာင္ႏိုင္ခဲ့မႈအတြက္ေနာင္တရတဲ့အေၾကာင္းအရာမ်ားထဲမွတစ္ခုျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

အသက္၇၉ႏွစ္ရွိဆာအဲလက္စ္ဖာဂူဆန္ဟာမန္ယူအသင္းကိုကိုင္တြယ္တုန္းကကမာၻ႔အဆင့္ပါရမီရွင္မ်ားျဖစ္ၾကတဲ့ေပါလ္စခိုး၊႐ိုင္ယန္ဂစ္၊ေဒးဗစ္ဘက္ဟမ္း၊ခရစၥတီယာႏိုေရာ္နယ္ဒို၊အဲရစ္ကန္တိုနာစတဲ့သူမ်ားႏွင့္လက္တြဲခဲ့ဖူးပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္းဂတ္စကြိဳင္နီဟာနယူးကာဆယ္၊စပါးစ္၊လာဇီယို၊ရိန္းဂ်ား၊မစ္ဒယ္ဘေရာ့၊အဲဗာတန္တို႔တြင္ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့ပါတယ္။

ဂတ္စကြိဳင္နီဟာ၁၉၈၀ခုႏွစ္မ်ားေနာက္ပိုင္းတြင္မန္ယူသို႔ေျပာင္းမယ္လို႔သတင္းမ်ားထြက္ခဲ့ေပမယ့္လည္းအေျပာင္းအေ႐ႊ႕မွာပ်က္ျပယ္သြားခဲ့ပါတယ္။

ဖာဂူဆန္ကေပါလ္ဂတ္စကြိဳင္နီမွာဆာေဘာ္လ္ဘီခ်ာလ္တန္ေနာက္ပိုင္းတြင္အေကာင္းဆုံးအဂၤလန္ကစားသမားျဖစ္ေၾကာင္း၊သူ႔ကိုေခၚယူရန္ဆႏၵရွိခဲ့ေၾကာင္းဆိုသြားပါတယ္။

ဖာဂူဆန္က “ဂတ္စကြိဳင္နီကေမးခြန္းထုတ္စရာမလိုတဲ့သူပါ။သူကေဘာ္လ္ဘီခ်ာလ္တန္ေနာက္ပိုင္းအေကာင္းဆုံးအဂၤလိပ္ကစားသမားပါ။သူကအရမ္းေကာင္းတဲ့သူလို႔ထင္ပါတယ္။ကံဆိုးစြာဘဲသူ႔ကိုမေခၚယူႏိုင္ခဲ့ပါဘူး။အခုအတိတ္ကိုျပန္ၾကည့္ရင္သူဟာအမွားႀကီးတစ္ခုလုပ္ခဲ့မိပါတယ္။သူဟာသူ႔အမွားကိုေနာက္ပိုင္းမွာမွသတိျပဳမိသြားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။