အင်္ဂလန်သူရဲကောင်းများ တိုက်ခိုက်သူများအား အင်္ဂလိပ်ဘောလုံးပွဲကြည့်ခွင့်ပိတ်ရန် တောင်းဆိုမှု ၁ သန်းကျော်ရရှိနေပြီ

လူမျိုးရေးခွဲခြားမှုပြုလုပ်တဲ့ပရိသတ်များအားအင်္ဂလန်တွင်ကျင်းပတဲ့မည်သည့်ဘောလုံးပွဲတွင်မဆိုဝင်ကြည့်ခွင့်ပိတ်ပင်ရေးအတွက်ထောက်ခံလက်မှတ်ကောက်ခံခဲ့ရာ ၁သန်းကျော်ရရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကယူရို၂၀၂၀ဗိုလ်လုပွဲတွင်အီတလီအားရှုံးနိမ့်တဲ့ပွဲမှာပင်နယ်တီလွဲချော်ပြီးနောက်အင်္ဂလန်ရဲ့ဆာကာ၊ရပ်ရှ်ဖို့ဒ်နှင့်ဆန်ချိုတို့ဟာလူမျိုးရေးခွဲခြားတိုက်ခိုက်မှုအကြီးအကျယ်ခံခဲ့ရပါတယ်။

ယခုအခါအင်္ဂလန်ပရိသတ်များဟာလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက်တစ်စုတစ်စည်းတည်းရှိလာပြီးလူမျိုးရေးခွဲခြားသူများအားမည်သည့်ဘောလုံးပွဲကိုမျှရာသက်ပန်ကြည့်ခွင့်ပိတ်ပင်ရန်ထောက်ခံလက်မှတ်ကောက်ခံလုပ်ဆောင်လာကြပါတယ်။

အဆိုပါထောက်ခံလက်မှတ်ကောက်ခံမှုအားဘောလုံးပရိသတ်သုံးဦးကလုပ်ဆောင်ကြခြင်းဖြစ်ပြီး၂၄နာရီကျော်ကာလအတွင်းတွင်ထောက်ခံလက်မှတ်၁သန်းရရှိလာတာလည်းဖြစ်ပါတယ်။

အင်္ဂလန်နှင့်မန်ယူတိုက်စစ်မှူးရပ်ရှ်ဖို့ဒ်မှာလည်းဝင်လင်တန်တွင်သူ့ကိုဂုဏ်ပြုရေးဆွဲထားတဲ့ပုံတူနံရံဆေးပန်းချီတွင်လူမျိုးရေးခွဲခြားတဲ့စာသားရေးသားခံရကာပျက်စီးခံခဲ့ရပါတယ်။ဒါပေမယ့်ဒေသခံများကလူမျိုးရေးခွဲခြားတဲ့စာသားများအပေါ်တွင်အသည်းပုံများ၊စာများကပ်ကာဆန့်ကျင်ခဲ့ကြတဲ့အပြင်လူပေါင်းရာသီကာလူမျိုးရေးခွဲခြားမှုဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။

ZawGyi

အဂၤလန္သူရဲေကာင္းမ်ား တိုက္ခိုက္သူမ်ားအား အဂၤလိပ္ေဘာလုံးပြဲၾကည့္ခြင့္ပိတ္ရန္ ေတာင္းဆိုမႈ ၁ သန္းေက်ာ္ရရွိေနၿပီ

လူမ်ိဳးေရးခြဲျခားမႈျပဳလုပ္တဲ့ပရိသတ္မ်ားအားအဂၤလန္တြင္က်င္းပတဲ့မည္သည့္ေဘာလုံးပြဲတြင္မဆိုဝင္ၾကည့္ခြင့္ပိတ္ပင္ေရးအတြက္ေထာက္ခံလက္မွတ္ေကာက္ခံခဲ့ရာ ၁သန္းေက်ာ္ရရွိသြားၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အီတလီအားရႈံးနိမ့္တဲ့ပြဲမွာပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္အဂၤလန္ရဲ႕ဆာကာ၊ရပ္ရွ္ဖို႔ဒ္ႏွင့္ဆန္ခ်ိဳတို႔ဟာလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈအႀကီးအက်ယ္ခံခဲ့ရပါတယ္။

ယခုအခါအဂၤလန္ပရိသတ္မ်ားဟာလူမ်ိဳးေရးခြဲျခားမႈတိုက္ဖ်က္ေရးအတြက္တစ္စုတစ္စည္းတည္းရွိလာၿပီးလူမ်ိဳးေရးခြဲျခားသူမ်ားအားမည္သည့္ေဘာလုံးပြဲကိုမွ်ရာသက္ပန္ၾကည့္ခြင့္ပိတ္ပင္ရန္ေထာက္ခံလက္မွတ္ေကာက္ခံလုပ္ေဆာင္လာၾကပါတယ္။

အဆိုပါေထာက္ခံလက္မွတ္ေကာက္ခံမႈအားေဘာလုံးပရိသတ္သုံးဦးကလုပ္ေဆာင္ၾကျခင္းျဖစ္ၿပီး၂၄နာရီေက်ာ္ကာလအတြင္းတြင္ေထာက္ခံလက္မွတ္၁သန္းရရွိလာတာလည္းျဖစ္ပါတယ္။

အဂၤလန္ႏွင့္မန္ယူတိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္မွာလည္းဝင္လင္တန္တြင္သူ႔ကိုဂုဏ္ျပဳေရးဆြဲထားတဲ့ပုံတူနံရံေဆးပန္းခ်ီတြင္လူမ်ိဳးေရးခြဲျခားတဲ့စာသားေရးသားခံရကာပ်က္စီးခံခဲ့ရပါတယ္။ဒါေပမယ့္ေဒသခံမ်ားကလူမ်ိဳးေရးခြဲျခားတဲ့စာသားမ်ားအေပၚတြင္အသည္းပုံမ်ား၊စာမ်ားကပ္ကာဆန႔္က်င္ခဲ့ၾကတဲ့အျပင္လူေပါင္းရာသီကာလူမ်ိဳးေရးခြဲျခားမႈဆန႔္က်င္ေၾကာင္းျပသခဲ့ပါတယ္။