အင်္ဂလန်သူရဲကောင်းများကို တိုက်ခိုက်ခဲ့တဲ့ပရိသတ်ကို ပွဲကြည့်ခွင့်ပိတ်လိုက်တဲ့ ကလပ်

ဘောလုံးပရိသတ်တစ်ဦးဟာအင်္ဂလန်သူရဲကောင်းများကိုလူမျိုးရေးခွဲခြားတိုက်ခိုက်မှုအတွက်ပွဲကြည့်ခွင့်သုံးနှစ်ပိတ်ပင်ခြင်းခံလိုက်ရပါတယ်။

လေတန်အိုရီယန့်အသင်းဟာယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်အသင်းရှုံးနိမ့်ပြီးနောက် အင်္ဂလန်စတားများကိုလူမျိုးရေးခွဲခြားတိုက်ခိုက်မှုပြုလုပ်တဲ့ တစ်ရာသီစာလက်မှတ်ပိုင်ရှင်အားသုံးနှစ်ပွဲကြည့်ခွင့်ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။

လေတန်အိုရီယန့်ဟာလူမျိုးရေးခွဲခြားတိုက်ခိုက်မှုအားလုံးဝဆန့်ကျင်တဲ့အနေဖြင့်ယင်းပရိသတ်ရဲ့ရာသီစာလက်မှတ်ဝယ်ယူခွင့်ကိုလည်းပိတ်ပင်မှုပြုလုပ်ခဲ့ပါတယ်။

အင်္ဂလန်စတားများဖြစ်ကြတဲ့ရပ်ရှ်ဖို့ဒ်၊ဆန်ချိုနှင့်ဆာကာတို့ဟာအီတလီအားရှုံးနိမ့်တဲ့ပွဲမှာပင်နယ်တီလွဲချော်ခဲ့ကြပြီးနောက်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများခံခဲ့ရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကအင်္ဂလန်သူရဲကောင်းများအားလူမျိုးရေးခွဲခြားမှုပြုလုပ်သူများကိုစုံစမ်းဖော်ထုတ်ကာပြင်းထန်စွာအရေးယူမည်ဟု ကြေညာထားပါတယ်။

ZawGyi

အဂၤလန္သူရဲေကာင္းမ်ားကို တိုက္ခိုက္ခဲ့တဲ့ပရိသတ္ကို ပြဲၾကည့္ခြင့္ပိတ္လိုက္တဲ့ ကလပ္

ေဘာလုံးပရိသတ္တစ္ဦးဟာအဂၤလန္သူရဲေကာင္းမ်ားကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈအတြက္ပြဲၾကည့္ခြင့္သုံးႏွစ္ပိတ္ပင္ျခင္းခံလိုက္ရပါတယ္။

ေလတန္အိုရီယန႔္အသင္းဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အဂၤလန္အသင္းရႈံးနိမ့္ၿပီးေနာက္ အဂၤလန္စတားမ်ားကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈျပဳလုပ္တဲ့ တစ္ရာသီစာလက္မွတ္ပိုင္ရွင္အားသုံးႏွစ္ပြဲၾကည့္ခြင့္ပိတ္ပင္လိုက္တာလည္းျဖစ္ပါတယ္။

ေလတန္အိုရီယန႔္ဟာလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈအားလုံးဝဆန႔္က်င္တဲ့အေနျဖင့္ယင္းပရိသတ္ရဲ႕ရာသီစာလက္မွတ္ဝယ္ယူခြင့္ကိုလည္းပိတ္ပင္မႈျပဳလုပ္ခဲ့ပါတယ္။

အဂၤလန္စတားမ်ားျဖစ္ၾကတဲ့ရပ္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳႏွင့္ဆာကာတို႔ဟာအီတလီအားရႈံးနိမ့္တဲ့ပြဲမွာပင္နယ္တီလြဲေခ်ာ္ခဲ့ၾကၿပီးေနာက္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားခံခဲ့ရပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ကအဂၤလန္သူရဲေကာင္းမ်ားအားလူမ်ိဳးေရးခြဲျခားမႈျပဳလုပ္သူမ်ားကိုစုံစမ္းေဖာ္ထုတ္ကာျပင္းထန္စြာအေရးယူမည္ဟု ေၾကညာထားပါတယ္။