အင်္ဂလန်အင်္ကျီကို ဆိုင်းဘုတ်ထောင်ပြီး တောင်းတဲ့ပရိသတ်များကို ဘေးကတစ်ယောက်ကို အံ့ဩဖွယ်ပေးခဲ့တဲ့ ဘယ်လင်ဂမ်
ဂျူ့ဘယ်လင်ဂမ်ဟာဆန်မာရီနိုအားအနိုင်ရရှိတဲ့ပွဲအပြီးမှာသူ့ရဲ့အင်္ဂလန်အသင်းအင်္ကျီကိုဆိုင်းဘုတ်ထောင်ပြီးတောင်းတဲ့ပရိသတ်ကိုမပေးဘဲ ယင်းပရိသတ်ဘေးနားမှအခြားလူတစ်ဦးကိုအံ့ဩသင့်ဖွယ်ပေးခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာဆန်မာရီနိုအား၁၀-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အင်္ဂလန်အသင်းအတွက်ပထမဆုံးအကြိမ်အဖြစ်ပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။
ဒေါ့မွန်ကွင်းလယ်ကစားသမားဟာအင်္ဂလန်အသင်းအတွက်၁၀ပွဲတည်းသာကစားခွင့်ရရှိထားပေမယ့်လည်းပရိသတ်များအကြားလူချစ်လူခင်များတဲ့ကစားသမားတစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။
ယင်းပွဲမှာပရိသတ်တစ်ဦးဟာအသက်၁၈နှစ်အရွယ်ရှိဘာမင်ဂမ်ကစားသမားဟောင်းကိုမြင်တွေ့ရမှုကြောင့်အလွန်ပျော်ရွှင်နေမှာဖြစ်ပြီးသူဟာဆိုင်းဘုတ်ကိုင်ကာဘယ်လင်ဂမ်ရဲ့အင်္ကျီကိုရရှိလိုကြောင်းတောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်ဘယ်လင်ဂမ်ဟာယင်းဆိုင်းဘုတ်ထောင်ပြီးအင်္ကျီတောင်းတဲ့ပရိသတ်ကိုမပေးဘဲအခြားပရိသတ်တစ်ဦးကိုပေးခဲ့ပါတယ်။
ZawGyi