အင်္ဂလန်အတွက် ဝတ်ကင်ကစားခွင့်ရရှိမှုကြောင့် ဘရန့်ဖို့ဒ်နှင့်အိတ်စ်တာတို့ ပေါင် ၁ သန်းရရှိ

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဗီလာတိုက်စစ်သမားအိုလ်လီဝတ်ကင်ပထမဆုံးပွဲကိုကစားခွင့်ရရှိမှုနဲ့အတူဘရန့်ဖို့ဒ်နှင့်အိတ်စ်တာတို့ဟာအပိုဆုကြေးပေါင်၁သန်းရရှိခဲ့ကြပါတယ်။

အသက်၂၅နှစ်ရှိအိုလ်လီဝတ်ကင်ဟာကြာသပတေးနေ့ညတုန်းကဆန်မာရီနိုအားအင်္ဂလန်ကအနိုင်ရရှိတဲ့ပွဲစဉ်တွင်ပွဲချိန်၆၃မိနစ်မှာဒိုမီနစ်ကယ်လ်ဗတ်လီဝင်းအစားလူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာလူစားဝင်ရောက်လာပြီးနောက်အင်္ဂလန်ရဲ့ပဥ္စမဂိုးကိုသွင်းယူခဲ့ပါတယ်။သူဟာပထမဆုံးကန်ချက်မှာဘဲပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘရန့်ဖို့ဒ်ထံမှပေါင်၂၈သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။ယင်းစာချုပ်အတွင်းတွင်ဘရန့်ဖို့ဒ်မှာနောက်ထပ်ပေါင်၅သန်းအထိအပိုဆုကြေးရရှိနိုင်တဲ့အချက်လည်းပါဝင်ပါတယ်။

ယင်းစာချုပ်ပါအချက်ထဲမှတစ်ချက်ကအင်္ဂလန်အသင်းအတွက်ပွဲထွက်ကစားခွင့်ရရှိလျှင်ဆိုတဲ့အချက်လည်းပါဝင်ပြီးတန်ဖိုးမှာပေါင်၁သန်းရှိပါတယ်။သူ့ကိုမွေးထုတ်ပေးခဲ့တဲ့အိတ်စ်တာဟာလည်းယင်းပေါင်၁သန်းထဲမှအချိုးကျရရှိပါမယ်။

ZawGyi

အဂၤလန္အတြက္ ဝတ္ကင္ကစားခြင့္ရရွိမႈေၾကာင့္ ဘရန႔္ဖို႔ဒ္ႏွင့္အိတ္စ္တာတို႔ ေပါင္ ၁ သန္းရရွိ

အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ဗီလာတိုက္စစ္သမားအိုလ္လီဝတ္ကင္ပထမဆုံးပြဲကိုကစားခြင့္ရရွိမႈနဲ႔အတူဘရန႔္ဖို႔ဒ္ႏွင့္အိတ္စ္တာတို႔ဟာအပိုဆုေၾကးေပါင္၁သန္းရရွိခဲ့ၾကပါတယ္။

အသက္၂၅ႏွစ္ရွိအိုလ္လီဝတ္ကင္ဟာၾကာသပေတးေန႔ညတုန္းကဆန္မာရီႏိုအားအဂၤလန္ကအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ပြဲခ်ိန္၆၃မိနစ္မွာဒိုမီနစ္ကယ္လ္ဗတ္လီဝင္းအစားလူစားဝင္ေရာက္ကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာလူစားဝင္ေရာက္လာၿပီးေနာက္အဂၤလန္ရဲဲ့ပၪၥမဂိုးကိုသြင္းယူခဲ့ပါတယ္။သူဟာပထမဆုံးကန္ခ်က္မွာဘဲပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဗီလာဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘရန႔္ဖို႔ဒ္ထံမွေပါင္၂၈သန္းျဖင့္ေခၚယူခဲ့ပါတယ္။ယင္းစာခ်ဳပ္အတြင္းတြင္ဘရန႔္ဖို႔ဒ္မွာေနာက္ထပ္ေပါင္၅သန္းအထိအပိုဆုေၾကးရရွိႏိုင္တဲ့အခ်က္လည္းပါဝင္ပါတယ္။

ယင္းစာခ်ဳပ္ပါအခ်က္ထဲမွတစ္ခ်က္ကအဂၤလန္အသင္းအတြက္ပြဲထြက္ကစားခြင့္ရရွိလွ်င္ဆိုတဲ့အခ်က္လည္းပါဝင္ၿပီးတန္ဖိုးမွာေပါင္၁သန္းရွိပါတယ္။သူ႔ကိုေမြးထုတ္ေပးခဲ့တဲ့အိတ္စ္တာဟာလည္းယင္းေပါင္၁သန္းထဲမွအခ်ိဳးက်ရရွိပါမယ္။