အင်္ဂလန်အတွက် သုံးပွဲကစားပြီးမှ နိုင်ငံအသင်းပြောင်းကစားဖို့ စီစဉ်နေတဲ့ ဟတ်ဆင်အိုဒွိုင်း

ကူလ်လမ်ဟတ်ဆင်အိုဒွိုင်းကနိုင်ငံအသင်းပြောင်းကစားနိုင်ကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။အသက်၂၀နှစ်ရှိဟတ်ဆင်အိုဒွိုင်းဟာ၂၀၁၉ခုနှစ်တုန်းကချက်နှင့်ပွဲစဉ်တွင်အင်္ဂလန်ကစားခွင့်ရရှိပြီးနောက်အင်္ဂလန်အတွက်ကစားခွင့်ရရှိတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ကာအင်္ဂလန်အတွက်သုံးပွဲကစားထားပြီးဖြစ်ပါတယ်။

သူဟာအင်္ဂလန်အတွက်နောက်ဆုံးကစားခဲ့တာကိုဆိုဗိုနှင့်ယူရို၂၀၂၀ခြေစစ်ပွဲတုန်းကဖြစ်ပါတယ်။ယင်းနောက်ပိုင်းမှာတော့ဆောက်ဂိတ်ဟာချဲလ်ဆီးကစားသမားအား ရွေးချယ်လာခဲ့ခြင်းမရှိပါဘူး။

သူဟာအင်္ဂလန်အသင်းရဲ့ယူရို၂၀၂၀ပြိုင်ပွဲအသင်းတွင်လည်းရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ဒါကြောင့်လည်းသူဟာဂါနာအသင်းအတွက်ပြောင်းကစားဖို့စဉ်းစားလာပါတယ်။

ဂါနာသို့အပန်းဖြေခရီးထွက်နေစဉ်အတွင်း ဟတ်ဆင်အိုဒွိုင်းက “ငယ်ရွယ်တုန်းကဆိုတော့အင်္ဂလန်အတွက်ကစားဖို့အခွင့်အရေးရလာတော့ယူ-၁၅ကနေယူ-၁၆အထိကစားခဲ့တယ်။ပြီးတော့သူတို့ဟာကျွန်တော့်ကိုစီနီယာမှာကစားဖို့အခွင့်အရေးပေးလာတယ်။ကျွန်တော့်မှာလည်းဘေးမှာအကြံကောင်းဉာဏ်ကောင်းတွေပေးမယ့်သူတွေရှိပါတယ်။အင်္ဂလန်ကရောက်လာချိန်မှာလက်ခံခဲ့တယ်။ဒါပေမယ့်ဂါနာကလည်းကျွန်တော့်အိမ်ပါပဲ။ဘာဖြစ်လာမလဲဆိုတာစောင့်ကြည့်ရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ဖီဖာကအသက်၂၁နှစ်မပြည့်မီနိုင်ငံအသင်းအတွက်၃ပွဲကစားထားပြီးဖြစ်တဲ့လူငယ်ကစားသမားများကိုနိုင်ငံအသင်းပြောင်းကစားခွင့်ပေးထားရာဟတ်ဆင်အိုဒွိုင်းအနေဖြင့်ဂါနာအတွက်ပြောင်းကစားခွင့်ရှိနေပါတယ်။

ချဲလ်ဆီးတောင်ပံကစားသမားဟာ၂၀၁၉ခုနှစ်မှာချက်၊မွန်တီနီဂရိုး၊ကိုဆိုဗိုတို့နှင့်ပွဲတို့မှာပါဝင်ကစားခဲ့ပါတယ်။

သူဟာအင်္ဂလန်အသင်းရဲ့နောက်ထပ်ရွေးချယ်လာမှုကိုယခုနှစ်အထိစောင့်ဆိုင်းသွားဖို့ရှိနေပါတယ်။တကယ်လို့ရွေးချယ်ခြင်းမခံရပါကသူဟာဂါနာအတွက်ပြောင်းကစားသွားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်းမန်ယူညာနောက်ခံလူအေရွန်ဝန်ဘစ်ဆာကာကအင်္ဂလန်အသင်းတွင်အခွင့်အရေးမရရှိမှုနဲ့အတူကွန်ဂိုသို့ပြောင်းကစားနိုင်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ဘိုင်ယန်မြူးနစ်စတားမူဆီရယ်လာမှာလည်းအင်္ဂလန်လူငယ်အသင်းတို့တွင်ကစားခဲ့ပေမယ့်ဂျာမနီအတွက်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်လူငယ်အသင်းများအတွက်ကစားခဲ့တဲ့ဒီမီရယ်ဂရေး၊ဟေဒန်၊နသန်ရက်မွန်တို့ဟာဂျာမေကာအတွက်ပြောင်းကစားခဲ့ကြပြီးဖြစ်ပါတယ်။၎င်းတို့ဟာအင်ဒရီဂရေး၊လီယမ်မိုး၊မေဆင်ဟိုလ်ဂိတ်၊ကီမာရိုးဖီ၊အိုင်ဗန်တိုနေး၊မက်စ်အေရွန်တို့နှင့်လည်းဆွေးနွေးနေပါတယ်။

ZawGyi

အဂၤလန္အတြက္ သုံးပြဲကစားၿပီးမွ ႏိုင္ငံအသင္းေျပာင္းကစားဖို႔ စီစဥ္ေနတဲ့ ဟတ္ဆင္အိုဒြိဳင္း

ကူလ္လမ္ဟတ္ဆင္အိုဒြိဳင္းကႏိုင္ငံအသင္းေျပာင္းကစားႏိုင္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။အသက္၂၀ႏွစ္ရွိဟတ္ဆင္အိုဒြိဳင္းဟာ၂၀၁၉ခုႏွစ္တုန္းကခ်က္ႏွင့္ပြဲစဥ္တြင္အဂၤလန္ကစားခြင့္ရရွိၿပီးေနာက္အဂၤလန္အတြက္ကစားခြင့္ရရွိတဲ့အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့သူျဖစ္ကာအဂၤလန္အတြက္သုံးပြဲကစားထားၿပီးျဖစ္ပါတယ္။

သူဟာအဂၤလန္အတြက္ေနာက္ဆုံးကစားခဲ့တာကိုဆိုဗိုႏွင့္ယူ႐ို၂၀၂၀ေျခစစ္ပြဲတုန္းကျဖစ္ပါတယ္။ယင္းေနာက္ပိုင္းမွာေတာ့ေဆာက္ဂိတ္ဟာခ်ဲလ္ဆီးကစားသမားအား ေ႐ြးခ်ယ္လာခဲ့ျခင္းမရွိပါဘူး။

သူဟာအဂၤလန္အသင္းရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအသင္းတြင္လည္းေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။ဒါေၾကာင့္လည္းသူဟာဂါနာအသင္းအတြက္ေျပာင္းကစားဖို႔စဥ္းစားလာပါတယ္။

ဂါနာသို႔အပန္းေျဖခရီးထြက္ေနစဥ္အတြင္း ဟတ္ဆင္အိုဒြိဳင္းက “ငယ္႐ြယ္တုန္းကဆိုေတာ့အဂၤလန္အတြက္ကစားဖို႔အခြင့္အေရးရလာေတာ့ယူ-၁၅ကေနယူ-၁၆အထိကစားခဲ့တယ္။ၿပီးေတာ့သူတို႔ဟာကြၽန္ေတာ့္ကိုစီနီယာမွာကစားဖို႔အခြင့္အေရးေပးလာတယ္။ကြၽန္ေတာ့္မွာလည္းေဘးမွာအႀကံေကာင္းဉာဏ္ေကာင္းေတြေပးမယ့္သူေတြရွိပါတယ္။အဂၤလန္ကေရာက္လာခ်ိန္မွာလက္ခံခဲ့တယ္။ဒါေပမယ့္ဂါနာကလည္းကြၽန္ေတာ့္အိမ္ပါပဲ။ဘာျဖစ္လာမလဲဆိုတာေစာင့္ၾကည့္ရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဖီဖာကအသက္၂၁ႏွစ္မျပည့္မီႏိုင္ငံအသင္းအတြက္၃ပြဲကစားထားၿပီးျဖစ္တဲ့လူငယ္ကစားသမားမ်ားကိုႏိုင္ငံအသင္းေျပာင္းကစားခြင့္ေပးထားရာဟတ္ဆင္အိုဒြိဳင္းအေနျဖင့္ဂါနာအတြက္ေျပာင္းကစားခြင့္ရွိေနပါတယ္။

ခ်ဲလ္ဆီးေတာင္ပံကစားသမားဟာ၂၀၁၉ခုႏွစ္မွာခ်က္၊မြန္တီနီဂ႐ိုး၊ကိုဆိုဗိုတို႔ႏွင့္ပြဲတို႔မွာပါဝင္ကစားခဲ့ပါတယ္။

သူဟာအဂၤလန္အသင္းရဲ႕ေနာက္ထပ္ေ႐ြးခ်ယ္လာမႈကိုယခုႏွစ္အထိေစာင့္ဆိုင္းသြားဖို႔ရွိေနပါတယ္။တကယ္လို႔ေ႐ြးခ်ယ္ျခင္းမခံရပါကသူဟာဂါနာအတြက္ေျပာင္းကစားသြားဖို႔ရွိပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းကလည္းမန္ယူညာေနာက္ခံလူေအ႐ြန္ဝန္ဘစ္ဆာကာကအဂၤလန္အသင္းတြင္အခြင့္အေရးမရရွိမႈနဲ႔အတူကြန္ဂိုသို႔ေျပာင္းကစားႏိုင္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ဘိုင္ယန္ျမဴးနစ္စတားမူဆီရယ္လာမွာလည္းအဂၤလန္လူငယ္အသင္းတို႔တြင္ကစားခဲ့ေပမယ့္ဂ်ာမနီအတြက္ကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

ဒါ့အျပင္အဂၤလန္လူငယ္အသင္းမ်ားအတြက္ကစားခဲ့တဲ့ဒီမီရယ္ဂေရး၊ေဟဒန္၊နသန္ရက္မြန္တို႔ဟာဂ်ာေမကာအတြက္ေျပာင္းကစားခဲ့ၾကၿပီးျဖစ္ပါတယ္။၎တို႔ဟာအင္ဒရီဂေရး၊လီယမ္မိုး၊ေမဆင္ဟိုလ္ဂိတ္၊ကီမာ႐ိုးဖီ၊အိုင္ဗန္တိုေနး၊မက္စ္ေအ႐ြန္တို႔ႏွင့္လည္းေဆြးေႏြးေနပါတယ္။