အင်္ဂလန်အသင်းကို ယူရိုချန်ပီယံဖြစ်မယ်ဆိုပြီး ပုံအောလိုက်တဲ့ ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ

ဗြိတိန်ဟဲဗီးဝိတ်ချန်ပီယံဟောင်းဒီရဲခရစ်ဆိုရာဟာအင်္ဂလန်အသင်းကိုယူရို၂၀၂၀ချန်ပီယံဖြစ်မယ်ဆိုပြီးယူရို၆၀၀၀ပုံအော်လောင်းလိုက်ပါတယ်။

ဟဲဗီးဝိတ်လက်ဝှေ့သမားဟာမဟာပြိိုင်ဘက်ဂျာမနီကိုအင်္ဂလန်က၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးတဲ့နောက်အထက်ပါအတိုင်းပုံအောလိုက်တာပါ။

အင်္ဂလန်ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းအဆင့်မှာဂျာမနီကိုဟယ်ရီကိန်း၊စတာလင်းတို့ရဲ့ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။အင်္ဂလန်ဟာကွာတားဖိုင်နယ်မှာယူကရိန်းနှင့်ရင်ဆိုင်ရမှာဖြစ်လို့ဆီမီးသို့တက်ဖို့ရေပန်းစားနေပါတယ်။

အသက်၃၇နှစ်ရှိဇမ်ဘာဘွေဖွားဟဲဗီးဝိတ်လက်ဝှေ့သမားဟာအင်္ဂလန်အသင်းယူရိုချန်ပီယံဖြစ်မယ်ဆိုပြီးယူရို၆၀၀၀လောင်းလိုက်တာဖြစ်ပြီးအင်္ဂလန်အသင်းချန်ပီယံဖြစ်မယ်ဆိုရင်ယူရို၃၆၀၀၀ရရှိပါမယ်။

သူဟာယခင်တုန်းကလည်းလက်ဝှေ့များကိုလူသိရှင်ကြားလောင်းကြေးထပ်ခဲ့ဖူးပြီးအနိုင်ရရှိတဲ့အခါများမှာကလေးဆေးရုံအတွက်လှူဒါန်းခဲ့ဖူးပါတယ်။

ဒါကြောင့်တကယ်လို့များ အင်္ဂလန်အသင်းယူရိုချန်ပီယံဖြစ်မယ်ဆိုရင်သူဟာအနိုင်ရငွေများကိုလှူဒါန်းလာဖို့သေချာနေပါတယ်။

ZawGyi



ဟဲဗီးဝိတ်လက်ဝှေ့သမားဟာမဟာပြိုင်ဘက်ဂျာမနီကိုအင်္ဂလန်က၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးတဲ့နောက်အထက်ပါအတိုင်းပုံအောလိုက်တာပါ။



