အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့ စတုတ္ထကလေးမှာ ဂျာမနီအတွက် ကစားနိုင်တဲ့သူ ဖြစ်လာမည်

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့ ကလေးသစ်ကို မြူးနစ်မှာ မွေးဖွားလာမှာ ဖြစ်တာနဲ့အညီ ဂျာမနီအတွက် ကစားခွင့် ရှိလာပါမယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ပေါင် ၁၀၄ သန်းတန် တိုက်စစ်မှူးဟာ လာမယ့် နှစ်ပတ်အတွင်းတွင် စတုတ္ထမြောက်ကလေးကို ပိုင်ဆိုင်လာတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၃၀ နှစ်ရှိ ဟယ်ရီကိန်းဟာ ဇနီးသည် ကိတ်မှာ မွေးဖွားခါနီး မပေါ့မပါး ဖြစ်နေပေမဲ့လည်း စပါးစ်ကို စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းရဲ့ ဇနီးသည်ကိတ်ဟာ မိသားစုနေထိုင်ရန်အတွက် ဇူလိုင်လကတည်းက နေအိမ်ရှာဖွေနေတဲ့အပြင် မွေးဖွားရန် ကောင်းမွန်တဲ့ ဆေးရုံလည်း ရှာဖွေလာခဲ့တာပါ။

ဒါကြောင့်လည်း ဟယ်ရီကိန်းနှင့် ကိတ်တို့ရဲ့ စတုတ္ထကလေးမှာ ဂျာမနီမှာ မွေးဖွားလာဖို့ ရှိပါတယ်။

ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စတုတ္ထကလေးမှာ အင်္ဂလန်နိုင်ငံသားအဖြစ်သာမက ဂျာမနီနိုင်ငံသားလည်း ခံယူခွင့် ရှိလာပါမယ်။ ဒါကြောင့်လည်း ယင်းစတုတ္ထကလေးဟာ အင်္ဂလန်အတွက်ကော ဂျာမနီအတွက်ပါ ရွေးချယ်ခွင့် ရှိလာပါမယ်။

ဟယ်ရီကိန်းဟာ ဂျာမနီတွင် မိသားစုဝင်များသာမက ၎င်းလည်း အမြန်ဆုံး အထိုင်ကျလိုနေပြီး တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ဂျာမန်ဘာသာစကားသင်ကြားမှု ပြုလုပ်ရန် စီစဉ်ထားပါတယ်။

လက်ရှိအချိန်တွင် ဟယ်ရီကိန်းဟာ ဂျာမန်ဘာသာစကားအဖြစ် နှုတ်ဆက်စကားအဖြစ် Servus ဆိုတဲ့စကားတစ်လုံးတည်းသာ ပြောတတ်ပါသေးတယ်။ Servus ကို ဂျာမန်တွင် Hello (သို့မဟုတ်) Goodbye ဆိုပြီး အသုံးပြုတာ ဖြစ်ပါတယ်။