အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းမှာ ခေါင်းဆောင်ကောင်းဖြစ်မနေခြင်းမှာပြဿနာတစ်ရပ်ဟု ဂန္ထဝင်ကစားသမားဆို

ဟယ်ရီကိန်းရဲ့ခေါင်းဆောင်အရည်အသွေးနည်းပါးမှုကအင်္ဂလန်အတွက်ယူရို၂၀၂၀ပြိုင်ပွဲတွင်ပြဿနာတစ်ရပ်ဖြစ်နေကြောင်းမန်ယူဂန္ထဝင်ကစားသမားရွိုင်ကိန်းကပြောကြားလာပါတယ်။

မန်ယူနှင့်အိုင်ယာလန်အသင်းခေါင်းဆောင်ဟောင်းကဟယ်ရီကိန်းမှာကွင်းတွင်းနှင့်ကွင်းပြင်တို့တွင်ကစားဖော်များအားအစွမ်းကုန်တိုက်ခိုက်ကြိုးစားကစားရန်တိုက်တွန်းမှုပြုလုပ်ခြင်းမရှိကြောင်းဆိုသွားပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ဟယ်ရီကိန်းဟာ၂၀၁၈ခုနှစ်နောက်ပိုင်းတွင်အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။

ကိန်းက “ကိန်းနဲ့ပတ်သက်ပြီးငါ့မှာပြောစရာတစ်ခုပဲရှိတယ်။ကိန်းနဲ့ပတ်သက်ပြီးငါ့တစ်ခုတည်းသောမကောင်းအမြင်တစ်ခုပေါ့။ကိန်းကအံ့ဩစရာကောင်းတဲ့ကစားသမားတစ်ဦးပါ။သူ့ကိုခေါ်ယူဖို့ကလပ်တိုင်းကြိုးစားကြပါလိမ့်မယ်။မန်ယူကလည်းသူ့ကိုခေါ်ယူဖို့ကြိုးစားမှာပါ။ပေါင်သန်း၁၂၀လား။ဂရုမစိုက်ဘူး။ဒါပေမယ့်သူ့ကိုခေါင်းဆောင်ကောင်းတစ်ဦးလို့မမြင်ဘူး။စပါးစ်မှာသူကစားတုန်းကကစားသမားတွေရဲ့အကောင်းဆုံးအစွမ်းတွေထွက်ပေါ်လာအောင်တူးဖော်ခဲ့တာမတွေ့ခဲ့ရဖူးပါဘူး။လူတွေကတော့ဒါမျိုးလုပ်ဖို့သူနဲ့မဆိုင်သလိုအဝတ်အစားလဲခန်းမှာလုပ်ကောင်းလုပ်မယ်လို့ပြောကြလိမ့်မယ်။ငါကတော့သူလုပ်တယ်လို့မထင်ဘူး။ဒါကပြဿနာကြီးတစ်ရပ်ပါ။အကောင်းဆုံးပုံစံနဲ့ကစားပြီးဦးဆောင်နိုင်တယ်ဆိုပေမယ့်ငါကတော့ကိန်းရဲ့အခြားတစ်ဖက်ကိုလည်းမြင်ချင်တယ်။တခြားသူတွေကိုပိုကောင်းလာအောင်လှုံဆော်တာမျိုးမြင်ချင်တယ်။စပါးစ်မှာတစ်ချို့ကစားသမားတွေဟာဆိုးဆိုးရွားရွားကစားပြီးနည်းပြကိုခက်ခဲအောင်လုပ်ကြတာတွေ့ရတယ်။ကိန်းကသူတို့ကိုထွက်ပေါ်လာအောင်မလုပ်ခဲ့ဖူးဘူး။ဒီတော့ကိန်းနဲ့ပတ်သက်ပြီးငါမကြိုက်တာကတော့ခေါင်းဆောင်အရည်အချင်းကိုပါ”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်တွင်ဆယ်စုနှစ်တစ်ခုကြာကစားစဉ်အတွင်း၂၂၁ဂိုးသွင်းပေးထားကာယခုနွေရာသီတွင်အသင်းပြောင်းရန်စီစဉ်ထားသူလည်းဖြစ်ပါတယ်။ဇူလိုင်လတွင်အသက်၂၈နှစ်ပြည့်မယ့်ကိန်းဟာတစ်ကိုယ်တော်ဆုများဆွတ်ခူးဖူးပေမယ့်ဆုဖလားတစ်ကြိမ်မျှမရရှိဖူးသေးပါဘူး။

လက်ရှိအချိန်တွင်ဟယ်ရီကိန်းကိုမန်ယူ၊မန်စီးတီးနှင့်ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားလျက်ရှိကြပါတယ်။

ZawGyi

အဂၤလန္အသင္းေခါင္းေဆာင္ကိန္းမွာ ေခါင္းေဆာင္ေကာင္းျဖစ္မေနျခင္းမွာျပႆနာတစ္ရပ္ဟု ဂႏၴဝင္ကစားသမားဆို

ဟယ္ရီကိန္းရဲ႕ေခါင္းေဆာင္အရည္အေသြးနည္းပါးမႈကအဂၤလန္အတြက္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ျပႆနာတစ္ရပ္ျဖစ္ေနေၾကာင္းမန္ယူဂႏၴဝင္ကစားသမား႐ြိဳင္ကိန္းကေျပာၾကားလာပါတယ္။

မန္ယူႏွင့္အိုင္ယာလန္အသင္းေခါင္းေဆာင္ေဟာင္းကဟယ္ရီကိန္းမွာကြင္းတြင္းႏွင့္ကြင္းျပင္တို႔တြင္ကစားေဖာ္မ်ားအားအစြမ္းကုန္တိုက္ခိုက္ႀကိဳးစားကစားရန္တိုက္တြန္းမႈျပဳလုပ္ျခင္းမရွိေၾကာင္းဆိုသြားပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုဆြတ္ခူးႏိုင္ခဲ့တဲ့ဟယ္ရီကိန္းဟာ၂၀၁၈ခုႏွစ္ေနာက္ပိုင္းတြင္အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။

ကိန္းက “ကိန္းနဲ႔ပတ္သက္ၿပီးငါ့မွာေျပာစရာတစ္ခုပဲရွိတယ္။ကိန္းနဲ႔ပတ္သက္ၿပီးငါ့တစ္ခုတည္းေသာမေကာင္းအျမင္တစ္ခုေပါ့။ကိန္းကအံ့ဩစရာေကာင္းတဲ့ကစားသမားတစ္ဦးပါ။သူ႔ကိုေခၚယူဖို႔ကလပ္တိုင္းႀကိဳးစားၾကပါလိမ့္မယ္။မန္ယူကလည္းသူ႔ကိုေခၚယူဖို႔ႀကိဳးစားမွာပါ။ေပါင္သန္း၁၂၀လား။ဂ႐ုမစိုက္ဘူး။ဒါေပမယ့္သူ႔ကိုေခါင္းေဆာင္ေကာင္းတစ္ဦးလို႔မျမင္ဘူး။စပါးစ္မွာသူကစားတုန္းကကစားသမားေတြရဲ႕အေကာင္းဆုံးအစြမ္းေတြထြက္ေပၚလာေအာင္တူးေဖာ္ခဲ့တာမေတြ႕ခဲ့ရဖူးပါဘူး။လူေတြကေတာ့ဒါမ်ိဳးလုပ္ဖို႔သူနဲ႔မဆိုင္သလိုအဝတ္အစားလဲခန္းမွာလုပ္ေကာင္းလုပ္မယ္လို႔ေျပာၾကလိမ့္မယ္။ငါကေတာ့သူလုပ္တယ္လို႔မထင္ဘူး။ဒါကျပႆနာႀကီးတစ္ရပ္ပါ။အေကာင္းဆုံးပုံစံနဲ႔ကစားၿပီးဦးေဆာင္ႏိုင္တယ္ဆိုေပမယ့္ငါကေတာ့ကိန္းရဲ႕အျခားတစ္ဖက္ကိုလည္းျမင္ခ်င္တယ္။တျခားသူေတြကိုပိုေကာင္းလာေအာင္လႈံေဆာ္တာမ်ိဳးျမင္ခ်င္တယ္။စပါးစ္မွာတစ္ခ်ိဳ႕ကစားသမားေတြဟာဆိုးဆိုး႐ြား႐ြားကစားၿပီးနည္းျပကိုခက္ခဲေအာင္လုပ္ၾကတာေတြ႕ရတယ္။ကိန္းကသူတို႔ကိုထြက္ေပၚလာေအာင္မလုပ္ခဲ့ဖူးဘူး။ဒီေတာ့ကိန္းနဲ႔ပတ္သက္ၿပီးငါမႀကိဳက္တာကေတာ့ေခါင္းေဆာင္အရည္အခ်င္းကိုပါ”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္တြင္ဆယ္စုႏွစ္တစ္ခုၾကာကစားစဥ္အတြင္း၂၂၁ဂိုးသြင္းေပးထားကာယခုေႏြရာသီတြင္အသင္းေျပာင္းရန္စီစဥ္ထားသူလည္းျဖစ္ပါတယ္။ဇူလိုင္လတြင္အသက္၂၈ႏွစ္ျပည့္မယ့္ကိန္းဟာတစ္ကိုယ္ေတာ္ဆုမ်ားဆြတ္ခူးဖူးေပမယ့္ဆုဖလားတစ္ႀကိမ္မွ်မရရွိဖူးေသးပါဘူး။

လက္ရွိအခ်ိန္တြင္ဟယ္ရီကိန္းကိုမန္ယူ၊မန္စီးတီးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကစိတ္ဝင္စားလ်က္ရွိၾကပါတယ္။