
အင်္ဂလန်စတားများတည်းခိုနေတဲ့ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကို အထူးကုလားအုတ်လုံခြုံရေးများကလုံခြုံရေးပေးစောင့်ကြပ်ပေးလျက်ရှိကြောင်းသိရပါတယ်။
အင်္ဂလန်ဟာဒိုဟာရှိကြယ်ငါးပွင့်အဆင့်ဟိုတယ် Souk Al Wakra တွင်တည်းခိုနေပါတယ်။
အထူးကုလားအုတ်လုံခြုံရေးအဖွဲ့များဟာ Souk Al Wakra ဟိုတယ်ကိုအချိန်ပြည့်စောင့်ကြပ်ပေးနေတာဖြစ်ပြီး ဟိုတယ်အတွင်းဝင်ရောက်ရန်ကြိုးပမ်းတဲ့မည်သူမဆို ယင်း ကုလားအုတ်လုံခြုံရေးနှင့်ဦးစွာရင်ဆိုင်ရပါမယ်။
အင်္ဂလန်ဟာတနင်္လာနေ့အီရန်နှင့်ပွဲမတိုင်မီလုံခြုံရေးအထူးတင်းကြပ်မှုရယူထားရပါတယ်။
မကြာသေးမီတုန်းက MI5 စပိုင်အကြီးအကဲကန်မက်ကယ်လမ်ကအီရန်အသေခံအကြမ်းဖက်သမားများဟာဗြိတိန်နိုင်ငံသားဆယ်ဦးကိုပြန်ပေးဆွဲခြင်း၊အသေသတ်ခြင်းတို့ပြုလုပ်ရန်စီစဉ်နေကြောင်းဖွင့်ချခဲ့ပါတယ်။
ဒါကြောင့်လည်းကာတာနိုင်ငံမှအထူးကုလားအုတ်တပ်ဖွဲ့ဝင်များဟာအင်္ဂလန်အသင်းတည်းခိုရာဟိုတယ်ကိုအချိန်ပြည့်စောင့်ကြပ်ပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင်အခြားရဲတပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးဝန်ထမ်းများကလည်း အင်္ဂလန်အသင်းအခြေစိုက်ရာဟိုတယ်ကို၂၄နာရီစောင့်ကြပ်ပေးနေပါတယ်။
တဖက်တွင်အင်္ဂလန်အသင်းကိုလုံခြုံရေးပေးရန်အတွက်အာဏာပိုင်တို့ကအထူးလုံခြုံရေးတပ်ဖွဲ့ဝင်များတပါတည်းထည့်သွင်းပေးလိုက်သလို အက်ဖ်အေကလည်းပုဂ္ဂလိကလုံခြုံရေးများငှားရမ်းထားပါသေးတယ်။
ZawGyi
အဂၤလန္အသင္းတည္းခိုရာ ကမာၻ႔ဖလားဟိုတယ္ကို အထူးကုလားအုတ္လုံၿခဳံေရးမ်ား ေစာင့္ၾကပ္ေပးေန
အဂၤလန္စတားမ်ားတည္းခိုေနတဲ့ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ကို အထူးကုလားအုတ္လုံၿခဳံေရးမ်ားကလုံၿခဳံေရးေပးေစာင့္ၾကပ္ေပးလ်က္ရွိေၾကာင္းသိရပါတယ္။
အဂၤလန္ဟာဒိုဟာရွိၾကယ္ငါးပြင့္အဆင့္ဟိုတယ္ Souk Al Wakra တြင္တည္းခိုေနပါတယ္။
အထူးကုလားအုတ္လုံၿခဳံေရးအဖြဲ႕မ်ားဟာ Souk Al Wakra ဟိုတယ္ကိုအခ်ိန္ျပည့္ေစာင့္ၾကပ္ေပးေနတာျဖစ္ၿပီး ဟိုတယ္အတြင္းဝင္ေရာက္ရန္ႀကိဳးပမ္းတဲ့မည္သူမဆို ယင္း ကုလားအုတ္လုံၿခဳံေရးႏွင့္ဦးစြာရင္ဆိုင္ရပါမယ္။
အဂၤလန္ဟာတနလၤာေန႔အီရန္ႏွင့္ပြဲမတိုင္မီလုံၿခဳံေရးအထူးတင္းၾကပ္မႈရယူထားရပါတယ္။
မၾကာေသးမီတုန္းက MI5 စပိုင္အႀကီးအကဲကန္မက္ကယ္လမ္ကအီရန္အေသခံအၾကမ္းဖက္သမားမ်ားဟာၿဗိတိန္ႏိုင္ငံသားဆယ္ဦးကိုျပန္ေပးဆြဲျခင္း၊အေသသတ္ျခင္းတို႔ျပဳလုပ္ရန္စီစဥ္ေနေၾကာင္းဖြင့္ခ်ခဲ့ပါတယ္။
ဒါေၾကာင့္လည္းကာတာႏိုင္ငံမွအထူးကုလားအုတ္တပ္ဖြဲ႕ဝင္မ်ားဟာအဂၤလန္အသင္းတည္းခိုရာဟိုတယ္ကိုအခ်ိန္ျပည့္ေစာင့္ၾကပ္ေပးေနတာျဖစ္ပါတယ္။
ဒါ့အျပင္အျခားရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္လုံၿခဳံေရးဝန္ထမ္းမ်ားကလည္း အဂၤလန္အသင္းအေျခစိုက္ရာဟိုတယ္ကို၂၄နာရီေစာင့္ၾကပ္ေပးေနပါတယ္။
တဖက္တြင္အဂၤလန္အသင္းကိုလုံၿခဳံေရးေပးရန္အတြက္အာဏာပိုင္တို႔ကအထူးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားတပါတည္းထည့္သြင္းေပးလိုက္သလို အက္ဖ္ေအကလည္းပုဂၢလိကလုံၿခဳံေရးမ်ားငွားရမ္းထားပါေသးတယ္။