အင်္ဂလန်အသင်းမှနုတ်ထွက်ခဲ့ကြတဲ့ ဟင်ဒါဆင်နှင့်ဂျက်ဂရဲလ်လစ်ရှ်တို့ မန်စီးတီးနှင့်လီဗာပူးတို့ရဲ့ပွဲများကို လွဲဖွယ်ရှိ

ဂျက်ဂရဲလ်လစ်ရှ်နှင့်ဂျော်ဒန်ဟင်ဒါဆင်တို့ဟာဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်းမှနုတ်ထွက်ခဲ့ရပါတယ်။အင်္ဂလန်ကွင်းလယ်ကစားသမားနှစ်ဦးတို့ဟာယနေ့ညတွင်ဆန်မာရီနိုနှင့်ရင်ဆိုင်ကစားရမယ့်အင်္ဂလန်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလွဲချော်ပါမယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်အဲဗာတန်နှင့်ရင်ဆိုင်ရမယ့်မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပွဲတွင်ပါဝင်ဖို့မသေချာသလိုဟင်ဒါဆင်မှာလည်းစနေနေ့တွင်အာဆင်နယ်ကိုဧည့်ခံကစားရမယ့်လီဗာပူးပွဲကိုလွဲချော်နိုင်ပါတယ်။

ဒါ့အပြင်ရာဟမ်းစတာလင်းမှာလည်းပုဂ္ဂိုလ်ရေးပြဿနာကြောင့်အင်္ဂလန်အသင်းမှနုတ်ထွက်ခဲ့ပါတယ်။မေဆင်မောင့်နှင့်လုခ်ရှောတို့ဟာလည်းသွားပြဿနာနှင့်ခေါင်းမူးဝေမှုပြဿနာတို့ကြောင့်နုတ်ထွက်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာအင်္ဂလန်ယူ-၂၁အသင်းမှခရစ္စတယ်ပဲလေ့စ်အလယ်တန်းကစားသမားကော်နာဂယ်လာဂမ်ကိုအသင်းကြီးသို့ဆင့်ခေါ်ထားပါတယ်။

ဆောက်ဂိတ်ဟာဆန်မာရီနိုနှင့်ပွဲတွင်အာဆင်နယ်ဂိုးသမားရမ်ဒေးလ်ကိုအင်္ဂလန်အတွက်ပထမဆုံးပွဲကစားခွင့်ပေးသွားပါမယ်။ဒါ့အပြင်ဆောက်ဂိတ်ဟာတိုက်စစ်တွင်ဆာကာ၊ဟယ်ရီကိန်းနှင့်စမစ်ရိုးတို့ကိုအသုံးပြုလာဖို့ရှိနေပါတယ်။

အင်္ဂလန်ဟာဆန်မာရီနိုနှင့်ပွဲစဉ်တွင်သရေကျရုံဖြင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပါမယ်။

ZawGyi

အဂၤလန္အသင္းမွႏုတ္ထြက္ခဲ့ၾကတဲ့ ဟင္ဒါဆင္ႏွင့္ဂ်က္ဂရဲလ္လစ္ရွ္တို႔ မန္စီးတီးႏွင့္လီဗာပူးတို႔ရဲ႕ပြဲမ်ားကို လြဲဖြယ္ရွိ

ဂ်က္ဂရဲလ္လစ္ရွ္ႏွင့္ေဂ်ာ္ဒန္ဟင္ဒါဆင္တို႔ဟာဒဏ္ရာျပႆနာေၾကာင့္ အဂၤလန္အသင္းမွႏုတ္ထြက္ခဲ့ရပါတယ္။အဂၤလန္ကြင္းလယ္ကစားသမားႏွစ္ဦးတို႔ဟာယေန႔ညတြင္ဆန္မာရီႏိုႏွင့္ရင္ဆိုင္ကစားရမယ့္အဂၤလန္ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ပါမယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာလာမယ့္တနဂၤေႏြေန႔တြင္အဲဗာတန္ႏွင့္ရင္ဆိုင္ရမယ့္မန္စီးတီးရဲ႕ပရီးမီးယားလိဂ္ပြဲတြင္ပါဝင္ဖို႔မေသခ်ာသလိုဟင္ဒါဆင္မွာလည္းစေနေန႔တြင္အာဆင္နယ္ကိုဧည့္ခံကစားရမယ့္လီဗာပူးပြဲကိုလြဲေခ်ာ္ႏိုင္ပါတယ္။

ဒါ့အျပင္ရာဟမ္းစတာလင္းမွာလည္းပုဂၢိဳလ္ေရးျပႆနာေၾကာင့္အဂၤလန္အသင္းမွႏုတ္ထြက္ခဲ့ပါတယ္။ေမဆင္ေမာင့္ႏွင့္လုခ္ေရွာတို႔ဟာလည္းသြားျပႆနာႏွင့္ေခါင္းမူးေဝမႈျပႆနာတို႔ေၾကာင့္ႏုတ္ထြက္ခဲ့ပါတယ္။

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာအဂၤလန္ယူ-၂၁အသင္းမွခရစၥတယ္ပဲေလ့စ္အလယ္တန္းကစားသမားေကာ္နာဂယ္လာဂမ္ကိုအသင္းႀကီးသို႔ဆင့္ေခၚထားပါတယ္။

ေဆာက္ဂိတ္ဟာဆန္မာရီႏိုႏွင့္ပြဲတြင္အာဆင္နယ္ဂိုးသမားရမ္ေဒးလ္ကိုအဂၤလန္အတြက္ပထမဆုံးပြဲကစားခြင့္ေပးသြားပါမယ္။ဒါ့အျပင္ေဆာက္ဂိတ္ဟာတိုက္စစ္တြင္ဆာကာ၊ဟယ္ရီကိန္းႏွင့္စမစ္႐ိုးတို႔ကိုအသုံးျပဳလာဖို႔ရွိေနပါတယ္။

အဂၤလန္ဟာဆန္မာရီႏိုႏွင့္ပြဲစဥ္တြင္သေရက်႐ုံျဖင့္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ပါမယ္။