အင်္ဂလန်အသင်းမှ နုတ်ထွက်ရဖို့ ရှိနေတဲ့ ထရန်းအလက်ဇန္ဒားအာနိုး

ထရန်အလက်ဇန္ဒားအာနိုးဟာမနေ့ညတုန်းကဩစတြီးယားအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာကြွက်သားဒဏ်ရာရရှိခဲ့ပြီးအင်္ဂလန်အသင်းမှနုတ်ထွက်ရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

လီဗာပူးညာနောက်ခံလူဟာဩစတြီးယားနှင့်ပွဲမှာမည်သူနှင့်မျှထိခိုက်ခြင်းမရှိဘဲကြွက်သားဒဏ်ရာရရှိကာလူစားလဲခဲ့ရတာဖြစ်ပါတယ်။

သူဟာဒဏ်ရာအခြေအနေကိုသိရှိအောင်စစ်ဆေးမှုပြုလုပ်ရဦးမည်ဖြစ်ပြီးအင်္ဂလန်ရဲ့ယူရို၂၀၂၀လူစာရင်းမှနုတ်ထွက်ရ/မရစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က “သူထွက်ခွာလာတာကြည့်ရတာသိပ်အခြေအနေမကောင်းပါဘူး။သူ့အခြေအနေကိုကြည့်ရပါမယ်။သူ့အခြေအနေကိုနောက်၂၄နာရီအတွင်းမှာသိရပါမယ်။ဆေးအဖွဲ့ကဒဏ်ရာကိုကြည့်ပါလိမ့်မယ်။အခြေအနေမကောင်းတာတော့သေချာပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာမတ်လတုန်းကကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်ချန်လှပ်ခံရပြီးမှယူရို၂၀၂၀ပြိုင်ပွဲရဲ့အင်္ဂလန်အသင်းတွင်ပြန်လည်ရွေးချယ်ခြင်းခံလာခဲ့ရတာပါ။အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာညာနောက်ခံလူနေရာအတွက်အလက်ဇန္ဒားအာနိုးအပါအဝင်၄ဦးအထိရွေးချယ်ထားရာ၎င်းနုတ်ထွက်သွားပါကလည်းစိုးရိမ်စရာတော့မရှိပါဘူး။

ZawGyi

အဂၤလန္အသင္းမွ ႏုတ္ထြက္ရဖို႔ ရွိေနတဲ့ ထရန္းအလက္ဇႏၵားအာႏိုး

ထရန္အလက္ဇႏၵားအာႏိုးဟာမေန႔ညတုန္းကဩစႀတီးယားအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာႂကြက္သားဒဏ္ရာရရွိခဲ့ၿပီးအဂၤလန္အသင္းမွႏုတ္ထြက္ရႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

လီဗာပူးညာေနာက္ခံလူဟာဩစႀတီးယားႏွင့္ပြဲမွာမည္သူႏွင့္မွ်ထိခိုက္ျခင္းမရွိဘဲႂကြက္သားဒဏ္ရာရရွိကာလူစားလဲခဲ့ရတာျဖစ္ပါတယ္။

သူဟာဒဏ္ရာအေျခအေနကိုသိရွိေအာင္စစ္ေဆးမႈျပဳလုပ္ရဦးမည္ျဖစ္ၿပီးအဂၤလန္ရဲ႕ယူ႐ို၂၀၂၀လူစာရင္းမွႏုတ္ထြက္ရ/မရေစာင့္ဆိုင္းရေတာ့မွာျဖစ္ပါတယ္။

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္က “သူထြက္ခြာလာတာၾကည့္ရတာသိပ္အေျခအေနမေကာင္းပါဘူး။သူ႔အေျခအေနကိုၾကည့္ရပါမယ္။သူ႔အေျခအေနကိုေနာက္၂၄နာရီအတြင္းမွာသိရပါမယ္။ေဆးအဖြဲ႕ကဒဏ္ရာကိုၾကည့္ပါလိမ့္မယ္။အေျခအေနမေကာင္းတာေတာ့ေသခ်ာပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ထရန္းအလက္ဇႏၵားအာႏိုးဟာမတ္လတုန္းကကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္ခ်န္လွပ္ခံရၿပီးမွယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အဂၤလန္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံလာခဲ့ရတာပါ။အဂၤလန္နည္းျပေဆာက္ဂိတ္ဟာညာေနာက္ခံလူေနရာအတြက္အလက္ဇႏၵားအာႏိုးအပါအဝင္၄ဦးအထိေ႐ြးခ်ယ္ထားရာ၎ႏုတ္ထြက္သြားပါကလည္းစိုးရိမ္စရာေတာ့မရွိပါဘူး။