အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင် မက်ဒီဆင်၊ ရက်ဖို့ဒ်နှင့် ဝီလ်ဆင်တို့ ပါဝင်လာ

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမား၂၆ဦးစာရင်းကိုကြေညာလာရာမှာလက်စတာကွင်းလယ်ကစားသမားဂျိမ်းစ်မက်ဒီဆင်ပါဝင်လာပါတယ်။

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်၊နယူးကာဆယ်တိုက်စစ်မှူးကယ်လမ်ဝီလ်ဆင်၊မန်စီးတီးနောက်တန်းအစွန်လူကိုင်လီဝေါလ်ကားနှင့်အာဆင်နယ်နောက်ခံလူဘင်ဝှိုက်တို့ကိုလည်းရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့အေစီမီလန်ဗဟိုနောက်ခံလူဖီကာယိုတိုမိုရီ၊ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဗန်တိုနေး၊ဝက်စ်ဟမ်းတိုက်စစ်သမားဂျာရော့ဒ်ဘိုဝင်းတို့ကတော့အင်္ဂလန်ရဲ့ကာတာကမ္ဘာ့ဖလားလူစာရင်းမှာချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်ဟာနိုဝင်ဘာလ၂၁ရက်နေ့မှာအီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲရင်ဆိုင်ကစားရပါမယ်။ယင်းပွဲအပြီးတွင်အင်္ဂလန်ဟာအုပ်စု(ခ)ပွဲစဉ်အဖြစ်ဝေးလ်၊အမေရိကန်တို့နှင့်လည်းရင်ဆိုင်ကစားရပါမယ်။

ထူးခြားတာကတော့အင်္ဂလန်အသင်းကမ္ဘာ့ဖလားလူစာရင်းတွင်ပုခုံးဒဏ်ရာကြောင့်နှစ်လတိုင်တိုင်အနားယူလာခဲ့ရတဲ့မန်စီးတီးကွင်းလယ်ကစားသမားကယ်ဗင်ဖီးလစ်နှင့် ယူနိုက်တက်တွင်နေရာရရှိရန်ရုန်းကန်နေရတဲ့ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားတို့လည်းပါဝင်နေတာဖြစ်ပါတယ်။

ZawGyi

အဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ မက္ဒီဆင္၊ ရက္ဖို႔ဒ္ႏွင့္ ဝီလ္ဆင္တို႔ ပါဝင္လာ

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လက္ေ႐ြးစင္ကစားသမား၂၆ဦးစာရင္းကိုေၾကညာလာရာမွာလက္စတာကြင္းလယ္ကစားသမားဂ်ိမ္းစ္မက္ဒီဆင္ပါဝင္လာပါတယ္။

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာယူႏိုက္တက္တိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္၊နယူးကာဆယ္တိုက္စစ္မႉးကယ္လမ္ဝီလ္ဆင္၊မန္စီးတီးေနာက္တန္းအစြန္လူကိုင္လီေဝါလ္ကားႏွင့္အာဆင္နယ္ေနာက္ခံလူဘင္ဝႈိက္တို႔ကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒါေပမဲ့ေအစီမီလန္ဗဟိုေနာက္ခံလူဖီကာယိုတိုမိုရီ၊ဘရန႔္ဖို႔ဒ္တိုက္စစ္မႉးအိုင္ဗန္တိုေနး၊ဝက္စ္ဟမ္းတိုက္စစ္သမားဂ်ာေရာ့ဒ္ဘိုဝင္းတို႔ကေတာ့အဂၤလန္ရဲ႕ကာတာကမာၻ႔ဖလားလူစာရင္းမွာခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔မွာအီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲရင္ဆိုင္ကစားရပါမယ္။ယင္းပြဲအၿပီးတြင္အဂၤလန္ဟာအုပ္စု(ခ)ပြဲစဥ္အျဖစ္ေဝးလ္၊အေမရိကန္တို႔ႏွင့္လည္းရင္ဆိုင္ကစားရပါမယ္။

ထူးျခားတာကေတာ့အဂၤလန္အသင္းကမာၻ႔ဖလားလူစာရင္းတြင္ပုခုံးဒဏ္ရာေၾကာင့္ႏွစ္လတိုင္တိုင္အနားယူလာခဲ့ရတဲ့မန္စီးတီးကြင္းလယ္ကစားသမားကယ္ဗင္ဖီးလစ္ႏွင့္ ယူႏိုက္တက္တြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့ဗဟိုေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားတို႔လည္းပါဝင္ေနတာျဖစ္ပါတယ္။