အင်္ဂလန်အသင်းအတွက် ပြန်ကစားသွားတော့မယ့် ဝိန်းရွန်းနီ

ဝိန်းရွန်းနီဟာ၂၀၂၁ခုနှစ် Soccer Aid တွင်ပါဝင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။နာမည်ကျော်ရန်ပုံငွေပွဲကိုစက်တင်ဘာလ၄ရက်နေ့၊စနေနေ့တွင်မန်ချက်စတာရှိအီတီဟတ်ကွင်းတွင်ကစားသွားပါမယ်။

အသက်၃၅နှစ်ရှိဒါဘီနည်းပြဟာ၂၀၂၀ခုနှစ် Soccer Aid ပွဲစဉ်တွင်ပူးတွဲနည်းပြအဖြစ်တာဝန်ယူခဲ့ပြီးယင်းပွဲစဉ်မှ ယူနီဆက်ဖ်အတွက်ရန်ပုံငွေပေါင်၉.၃သန်းရရှိခဲ့ပါတယ်။

သူဟာအင်္ဂလန်အသင်းတွင်မန်ယူကစားဖော်ဟောင်းများဖြစ်တဲ့ပေါလ်စခိုး၊ဂယ်ရီနဗီးလ်တို့အပြင်ဂျေမီရက်နက်၊ ဖာရာဝီလီယမ်၊ဒေးဗစ်ဂျိမ်းစ်၊အက်ရှ်လေကိုး၊ကယ်လီစမစ်၊ဟတ်စကီးတို့နှင့်ပါဝင်ကစားသွားပါမယ်။

ဂျာမေကာဂန္ထဝင်တာတိုဘုရင်ဟူစိန်ဘို့မှာလည်း ကမ္ဘာ့အကောင်းဆုံးအသင်းတွင်ရောဘတ်တိုကားလို့စ်၊ပက်ထရစ်အီဗရာတို့နှင့်အတူပါဝင်ကစားသွားပါမယ်။

အင်္ဂလန်အသင်းကိုဟယ်ရီရက်နက်ကနည်းပြသွားမည်ဖြစ်ပြီးနည်းပြအဖွဲ့ဝင်များအဖြစ်မီကာရစ်ချက်၊ဒေးဗစ်ဆီးမင်းတို့တာဝန်ယူသွားပါမယ်။

Soccer Aid ရန်ပုံငွေဘောလုံးပွဲကို၂၀၀၆ခုနှစ်တုန်းကစတင်ခဲ့တာဖြစ်ပြီးယခုအချိန်အထိပေါင်၄၇သန်းကျော်ရန်ပုံငွေရှာဖွေပေးထားပြီးဖြစ်ပါတယ်။

ZawGyi

အဂၤလန္အသင္းအတြက္ ျပန္ကစားသြားေတာ့မယ့္ ဝိန္း႐ြန္းနီ

ဝိန္း႐ြန္းနီဟာ၂၀၂၁ခုႏွစ္ Soccer Aid တြင္ပါဝင္ကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။နာမည္ေက်ာ္ရန္ပုံေငြပြဲကိုစက္တင္ဘာလ၄ရက္ေန႔၊စေနေန႔တြင္မန္ခ်က္စတာရွိအီတီဟတ္ကြင္းတြင္ကစားသြားပါမယ္။

အသက္၃၅ႏွစ္ရွိဒါဘီနည္းျပဟာ၂၀၂၀ခုႏွစ္ Soccer Aid ပြဲစဥ္တြင္ပူးတြဲနည္းျပအျဖစ္တာဝန္ယူခဲ့ၿပီးယင္းပြဲစဥ္မွ ယူနီဆက္ဖ္အတြက္ရန္ပုံေငြေပါင္၉.၃သန္းရရွိခဲ့ပါတယ္။

သူဟာအဂၤလန္အသင္းတြင္မန္ယူကစားေဖာ္ေဟာင္းမ်ားျဖစ္တဲ့ေပါလ္စခိုး၊ဂယ္ရီနဗီးလ္တို႔အျပင္ေဂ်မီရက္နက္၊ ဖာရာဝီလီယမ္၊ေဒးဗစ္ဂ်ိမ္းစ္၊အက္ရွ္ေလကိုး၊ကယ္လီစမစ္၊ဟတ္စကီးတို႔ႏွင့္ပါဝင္ကစားသြားပါမယ္။

ဂ်ာေမကာဂႏၴဝင္တာတိုဘုရင္ဟူစိန္ဘို႔မွာလည္း ကမာၻ႔အေကာင္းဆုံးအသင္းတြင္ေရာဘတ္တိုကားလို႔စ္၊ပက္ထရစ္အီဗရာတို႔ႏွင့္အတူပါဝင္ကစားသြားပါမယ္။

အဂၤလန္အသင္းကိုဟယ္ရီရက္နက္ကနည္းျပသြားမည္ျဖစ္ၿပီးနည္းျပအဖြဲ႕ဝင္မ်ားအျဖစ္မီကာရစ္ခ်က္၊ေဒးဗစ္ဆီးမင္းတို႔တာဝန္ယူသြားပါမယ္။

Soccer Aid ရန္ပုံေငြေဘာလုံးပြဲကို၂၀၀၆ခုႏွစ္တုန္းကစတင္ခဲ့တာျဖစ္ၿပီးယခုအခ်ိန္အထိေပါင္၄၇သန္းေက်ာ္ရန္ပုံေငြရွာေဖြေပးထားၿပီးျဖစ္ပါတယ္။