အင်္ဂလန်အသင်း ယူရို ၂၀၂၀ ချန်ပီယံဖြစ်လျှင် ဆောက်ဂိတ်နှင့်စတာလင်း သူရဲကောင်းဘွဲ့ချီးမြှင့်ခံရမည်

ယူရို၂၀၂၀ဆီမီးဖိုင်နယ်တွင်ဒိန်းမတ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာယူရိုဗိုလ်လုပွဲသို့တက်ရောက်ပြီးနောက်အင်္ဂလန်ပရိသတ်များကယူရိုချန်ပီယံဖြစ်လျှင်နည်းပြဂါရတ်ဆောက်ဂိတ်ကိုဆာဘွဲ့ချီးမြှင့်ရန်တောင်းဆိုခဲ့ကြပါတယ်။

ယခုအခါအင်္ဂလန်နိုင်ငံရေးအသိုင်းအဝိုင်းကလည်းအင်္ဂလန်အသင်း ယူရို၂၀၂၀ချန်ပီယံဖြစ်လျှင်နည်းပြဆောက်ဂိတ်နှင့်ရာဟမ်းစတာလင်းအပါအဝင်အင်္ဂလန်မှစတားကစားသမားအချို့တို့ကိုဆာဘွဲ့ချီးမြှင့်ရန်အလေးအနက်ထားစဉ်းစားနေကြပြီဖြစ်ပါတယ်။

အင်္ဂလန်ဟာဝင်ဘာလေကွင်းတွင်ဒိန်းမတ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်ထားနိုင်ပါတယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာပေးဂိုး၁ဂိုးတည်းသာရှိထားပြီးဗိုလ်လုပွဲသို့တက်ထားတာဖြစ်ပြီးဗိုလ်လုပွဲမှာအီတလီနှင့်ရင်ဆိုင်ရပါမယ်။

အင်္ဂလန်အသင်းမှာဟယ်ရီမက်ဂွိုင်းယား၊ဟယ်ရီကိန်းနှင့်စတာလင်းတို့ခြေစွမ်းပြကစားနေပါတယ်။

အထူးသဖြင့်ရာဟမ်းစတာလင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာသုံးဂိုးသွင်းယူထားတဲ့အပြင်ဗိုလ်လုပွဲသို့တက်ရောက်နိုင်မယ့်အရေးပါတဲ့ပင်နယ်တီရရှိစေခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းအင်္ဂလန်အာဏာပိုင်များကတနင်္ဂနွေနေ့တွင်အီတလီကိုအနိုင်ရရှိကာ၅၅နှစ်အတွင်းပထမဆုံးဆုဖလားကိုဆွတ်ခူးနိုင်ပါကနည်းပြဆောက်ဂိတ်၊စတာလင်းတို့အပြင်စတားကစားသမားအချို့တို့ကိုဆာဘွဲ့ချီးမြှင့်ရန်စဉ်းစားနေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှစတာလင်း၊မားကပ်စ်ရပ်ဖို့ဒ်နှင့်ဟင်ဒါဆင်တို့ဟာ ဗြိတိန်ဘုရင်မကြီးချီးမြှင့်တဲ့ MBE ဘွဲ့ကိုရရှိထားပြီးဖြစ်တဲ့ကစားသမားများလည်းဖြစ်ကြပါတယ်။

အင်္ဂလန်အာဏာပိုင်တို့ကလာမယ့်တနင်္ဂနွေနေ့ဗိုလ်လုပွဲတွင်အီတလီရှုံးနိမ့်ကာဒုတိယဖြင့်သာကျေနပ်ရပါကလည်းအင်္ဂလန်နည်းပြဆောက်ဂိတ်နှင့်စတားကစားသမားအချို့တို့ကိုအနည်းဆုံး MBE ဘွဲ့ချီးမြှင့်သွားဖို့တော့ရှိနေပါတယ်။

ZawGyi

အဂၤလန္အသင္း ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္လွ်င္ ေဆာက္ဂိတ္ႏွင့္စတာလင္း သူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္ခံရမည္

ယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္တြင္ဒိန္းမတ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိကာယူ႐ိုဗိုလ္လုပြဲသို႔တက္ေရာက္ၿပီးေနာက္အဂၤလန္ပရိသတ္မ်ားကယူ႐ိုခ်န္ပီယံျဖစ္လွ်င္နည္းျပဂါရတ္ေဆာက္ဂိတ္ကိုဆာဘြဲ႕ခ်ီးျမႇင့္ရန္ေတာင္းဆိုခဲ့ၾကပါတယ္။

ယခုအခါအဂၤလန္ႏိုင္ငံေရးအသိုင္းအဝိုင္းကလည္းအဂၤလန္အသင္း ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္လွ်င္နည္းျပေဆာက္ဂိတ္ႏွင့္ရာဟမ္းစတာလင္းအပါအဝင္အဂၤလန္မွစတားကစားသမားအခ်ိဳ႕တို႔ကိုဆာဘြဲ႕ခ်ီးျမႇင့္ရန္အေလးအနက္ထားစဥ္းစားေနၾကၿပီျဖစ္ပါတယ္။

အဂၤလန္ဟာဝင္ဘာေလကြင္းတြင္ဒိန္းမတ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိကာယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲသို႔တက္ေရာက္ထားႏိုင္ပါတယ္။

ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာေပးဂိုး၁ဂိုးတည္းသာရွိထားၿပီးဗိုလ္လုပြဲသို႔တက္ထားတာျဖစ္ၿပီးဗိုလ္လုပြဲမွာအီတလီႏွင့္ရင္ဆိုင္ရပါမယ္။

အဂၤလန္အသင္းမွာဟယ္ရီမက္ဂြိဳင္းယား၊ဟယ္ရီကိန္းႏွင့္စတာလင္းတို႔ေျခစြမ္းျပကစားေနပါတယ္။

အထူးသျဖင့္ရာဟမ္းစတာလင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာသုံးဂိုးသြင္းယူထားတဲ့အျပင္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္မယ့္အေရးပါတဲ့ပင္နယ္တီရရွိေစခဲ့သူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းအဂၤလန္အာဏာပိုင္မ်ားကတနဂၤေႏြေန႔တြင္အီတလီကိုအႏိုင္ရရွိကာ၅၅ႏွစ္အတြင္းပထမဆုံးဆုဖလားကိုဆြတ္ခူးႏိုင္ပါကနည္းျပေဆာက္ဂိတ္၊စတာလင္းတို႔အျပင္စတားကစားသမားအခ်ိဳ႕တို႔ကိုဆာဘြဲ႕ခ်ီးျမႇင့္ရန္စဥ္းစားေနတာလည္းျဖစ္ပါတယ္။

အဂၤလန္အသင္းမွစတာလင္း၊မားကပ္စ္ရပ္ဖို႔ဒ္ႏွင့္ဟင္ဒါဆင္တို႔ဟာ ၿဗိတိန္ဘုရင္မႀကီးခ်ီးျမႇင့္တဲ့ MBE ဘြဲ႕ကိုရရွိထားၿပီးျဖစ္တဲ့ကစားသမားမ်ားလည္းျဖစ္ၾကပါတယ္။

အဂၤလန္အာဏာပိုင္တို႔ကလာမယ့္တနဂၤေႏြေန႔ဗိုလ္လုပြဲတြင္အီတလီရႈံးနိမ့္ကာဒုတိယျဖင့္သာေက်နပ္ရပါကလည္းအဂၤလန္နည္းျပေဆာက္ဂိတ္ႏွင့္စတားကစားသမားအခ်ိဳ႕တို႔ကိုအနည္းဆုံး MBE ဘြဲ႕ခ်ီးျမႇင့္သြားဖို႔ေတာ့ရွိေနပါတယ္။