အင်္ဂလန်-စကော့တလန်တို့ရဲ့ယူရို၂၀၂၀ပွဲကို ပရိသတ် ၂၄၀၀၀ ဝင်ကြည့်ခွင့်ရရှိဖွယ်ရှိ

ဗြိတိန်ဒါဘီပွဲစဉ်ဖြစ်လာမယ့်အင်္ဂလန်နှင့်စကော့တလန်တို့ရဲ့ယူရို၂၀၂၀ပွဲစဉ်ကိုပရိသတ်၂၄၀၀၀ဝင်ရောက်ကြည့်ခွင့်ရရှိနိုင်ကြောင်းသိရပါတယ်။အစိုးရကပရိသတ်၁၀၀၀၀သာဝင်ရောက်ကြည့်ခွင့်ပေးလာဖို့ရှိနေပေမယ့်လည်းပရိသတ်၂၄၀၀၀အထိဝင်ရောက်ကြည့်နိုင်မယ့်အခြေအနေမှာရှိနေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်နှင့်စကော့တလန်တို့ပွဲစဉ်ကိုလာမယ့်ဇွန်လ၁၈ရက်နေ့မှာဝင်ဘာလေကွင်းမှာကစားရပါမယ်။အက်ဖ်အေမှ တာဝန်ရှိသူများဟာအဆိုပါပွဲစဉ်ကိုပရိသတ်အများဆုံးအနေအထားဖြင့်လာရောက်ကြည့်နိုင်ရေးအတွက် လုပ်ဆောင်နေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ဟာမကြာသေးမီတုန်းကလော့ဒေါင်းဖြေလျှော့မှုအစီအစဉ်များကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗြိတိန်အစိုးရရဲ့ကြေညာချက်အရမေလ၁၇ရက်နေ့မှစတင်ကာကွင်းရဲ့၂၅ရာခိုင်နှုန်း(သို့မဟုတ်)ပရိ သတ်၁၀၀၀၀ ဝင်ကြည့်ခွင့်ရရှိလာပါမယ်။ဗြိတိန်အစိုးရဟာဇွန်လ၂၁ရက်နေ့မှစတင်ကာပရိသတ်ဝင်ကြည့်နိုင်မယ့်ပမာဏကိုတိုး မြှင့်မှုပြုလုပ်သွားပါမယ်။

အင်္ဂလန်နှင့်စကော့တလန်ပွဲစဉ်မှာပရိသတ်ကြည့်ခွင့်ပမာဏတိုးချဲ့မယ့်ရက်မတိုင်မီသုံးရက်အလိုတွင်ကစားရမည် ဖြစ်ရာစည်းမျဉ်းအရပရိသတ်၁၀၀၀၀ဘဲဝင်ကြည့်ခွင့်ရရှိပါမယ်။

ဒါပေမယ့်လည်းအက်ဖ်အေဟာစကော့တလန်နှင့်ပွဲစဉ်တွင်ပရိသတ်၂၄၀၀၀အထိဝင်ကြည့်ခွင့်ရရှိရေးအတွက်အစိုးရကိုဖိအားပေးလုပ်ဆောင်သွားမယ်လို့သိရပါတယ်။

အင်္ဂလန်ရဲ့ယူရို၂၀၂၀အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဇွန်လ၂၂ရက်နေ့တွင်ကစားရမယ့်ချက်နှင့်ပွဲစဉ်တွင်ပရိသတ်ပမာဏမြင့်မားစွာလာကြည့်ခွင့်ရဖို့တော့သေချာနေပါပြီ။

ZawGyi

အဂၤလန္-စေကာ့တလန္တို႔ရဲ႕ယူ႐ို၂၀၂၀ပြဲကို ပရိသတ္ ၂၄၀၀၀ ဝင္ၾကည့္ခြင့္ရရွိဖြယ္ရွိ

ၿဗိတိန္ဒါဘီပြဲစဥ္ျဖစ္လာမယ့္အဂၤလန္ႏွင့္စေကာ့တလန္တို႔ရဲ႕ယူ႐ို၂၀၂၀ပြဲစဥ္ကိုပရိသတ္၂၄၀၀၀ဝင္ေရာက္ၾကည့္ခြင့္ရရွိႏိုင္ေၾကာင္းသိရပါတယ္။အစိုးရကပရိသတ္၁၀၀၀၀သာဝင္ေရာက္ၾကည့္ခြင့္ေပးလာဖို႔ရွိေနေပမယ့္လည္းပရိသတ္၂၄၀၀၀အထိဝင္ေရာက္ၾကည့္ႏိုင္မယ့္အေျခအေနမွာရွိေနတာလည္းျဖစ္ပါတယ္။

အဂၤလန္ႏွင့္စေကာ့တလန္တို႔ပြဲစဥ္ကိုလာမယ့္ဇြန္လ၁၈ရက္ေန႔မွာဝင္ဘာေလကြင္းမွာကစားရပါမယ္။အက္ဖ္ေအမွ တာဝန္ရွိသူမ်ားဟာအဆိုပါပြဲစဥ္ကိုပရိသတ္အမ်ားဆုံးအေနအထားျဖင့္လာေရာက္ၾကည့္ႏိုင္ေရးအတြက္ လုပ္ေဆာင္ေနပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ဟာမၾကာေသးမီတုန္းကေလာ့ေဒါင္းေျဖေလွ်ာ့မႈအစီအစဥ္မ်ားကိုထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ၿဗိတိန္အစိုးရရဲ႕ေၾကညာခ်က္အရေမလ၁၇ရက္ေန႔မွစတင္ကာကြင္းရဲ႕၂၅ရာခိုင္ႏႈန္း(သို႔မဟုတ္)ပရိ သတ္၁၀၀၀၀ ဝင္ၾကည့္ခြင့္ရရွိလာပါမယ္။ၿဗိတိန္အစိုးရဟာဇြန္လ၂၁ရက္ေန႔မွစတင္ကာပရိသတ္ဝင္ၾကည့္ႏိုင္မယ့္ပမာဏကိုတိုး ျမႇင့္မႈျပဳလုပ္သြားပါမယ္။

အဂၤလန္ႏွင့္စေကာ့တလန္ပြဲစဥ္မွာပရိသတ္ၾကည့္ခြင့္ပမာဏတိုးခ်ဲ႕မယ့္ရက္မတိုင္မီသုံးရက္အလိုတြင္ကစားရမည္ ျဖစ္ရာစည္းမ်ဥ္းအရပရိသတ္၁၀၀၀၀ဘဲဝင္ၾကည့္ခြင့္ရရွိပါမယ္။

ဒါေပမယ့္လည္းအက္ဖ္ေအဟာစေကာ့တလန္ႏွင့္ပြဲစဥ္တြင္ပရိသတ္၂၄၀၀၀အထိဝင္ၾကည့္ခြင့္ရရွိေရးအတြက္အစိုးရကိုဖိအားေပးလုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။

အဂၤလန္ရဲ႕ယူ႐ို၂၀၂၀အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ဇြန္လ၂၂ရက္ေန႔တြင္ကစားရမယ့္ခ်က္ႏွင့္ပြဲစဥ္တြင္ပရိသတ္ပမာဏျမင့္မားစြာလာၾကည့္ခြင့္ရဖို႔ေတာ့ေသခ်ာေနပါၿပီ။